ဧရာဝတီမှ သတင်းတိုများ ၀၂.၁၂.၂၀၁၀

သတင်းတိုများ

မြန်မာနိုင်ငံ အလံသစ်ကို ဘောလုံးအသင်း အင်္ကျီ၌ မသုံးပြန်

ဆူဇူကီးဖလားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ အင်္ကျီတွင် ယခင်က သုံးစွဲနေကျ မြန်မာနိုင်ငံ အလံကို အသုံး မပြု တော့ဘဲ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလံကိုသာ သုံးစွဲမည်ဖြစ်ကြောင်း ဆူဇူကီးဖလားပြိုင်ပွဲသို့ လိုက်ပါသွားသည့် သတင်း ထောက်တဦးက ပြောသည်။ ယနေ့ည မြန်မာစံတော်ချိန် ၇း၀၀ အချိန်တွင် စတင်ကစားမည်ဖြစ်သော အိမ်ရှင်ဗီယက်နမ်အသင်း နှင့် ယှဉ်ပြိုင်မည့် မြန်မာအသင်းသည် အဖြူရောင် ၀တ်စုံ ၀တ်ဆင်ကစားမည် ဖြစ်ကြောင်းလည်း သိရသည်။ Read more Add comment (0) Hits: 1402
သတင်းတိုများ

မန္တလေး စက်သုံးဆီဆိုင်များ စစ်ဆေးရေးဝင်

မန္တလေးရှိ ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် သုံးစွဲသူများအလုအယက် တန်းစီ ၀ယ်ယူနေရမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး အဖွဲ့များက စစ်ဆေးနေပြီ ဖြစ်ကြောင်း သိရသည်။ စွမ်းအင်ဝန်ကြီးဌာန၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် ပြည်ထဲရေး ၀န်ကြီးဌာန အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဋ္ဌာနမှ အဖွဲများက စစ်ဆေး ခြင်းဖြစ်ပြီး ပြင်ပသို့ မှောင်ခိုထုတ်ရောင်းသည့် အထောက် အထားတချို့တွေ့သည့် အတွက် ဆိုင်သုံးဆိုင်ခန့် ပိတ်ရနိုင်သည်ဟု မန္တလေးမြို့ခံ သတင်းသမားတဦးက ပြောသည်။ Read more Add comment (0) Hits: 327
သတင်းတိုများ

စာပေ ဂီတ အနုပညာရှင်များနှင့်အတူ ကမ္ဘာ့ AIDS နေ့ အခမ်းအနား NLD ကျင်းပ

ယမန်နေ့က ကျရောက်သော ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ ရန်ကုန် ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်၊ သားဖြစ်သူ ကိုထိန်လင်း (ကင်မ် အဲရစ္စ) အပါအဝင် ဂီတ အနုပညာရှင်များ၊ စာပေ အနုပညာရှင်များက HIV/AIDS ဝေဒနာရှင်များကို အားပေးခြင်း၊ ဂီတဖြင့် ဖျော်ဖြေခြင်း၊ ကဗျာရွတ်ဆိုခြင်းများအား ဝေဒနာရှင်များနှင့် အတူတကွ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ Read more Add comment (0) Hits: 517
သတင်းတိုများ

Myanmar ကို Burma ဟု နယူးဇီလန် ပြန်ပြောင်းခေါ်မည်

နယူးဇီလန် အစိုးရက မြန်မာနိုင်ငံကို စစ်အစိုးရ ပြောင်းလဲ သတ်မှတ်ခဲ့သည့် အတိုင်း Myanmar ဟု သုံးစွဲခြင်း မပြုတော့ဘဲ Burma ဟုသာ ဆက်လက်သုံးစွဲမည်ဟု သိရသည်။ နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီး မာရေး မက်ကူလီက ဤသို့ ပြောင်းလဲ သုံးစွဲခြင်းသည် လက်ရှိ ဆက်လက်အစိုးရကို အသိအမှတ်မပြုသည့်သဘော ဖြစ်သည်ဟု ပြောကြားသည်။ စစ်အစိုးရက Burma ကို Myanmar ဟု ၁၉၈၉ တွင် ပြောင်းခဲ့သည်။ Read more Add comment (4) Hits: 1417

Leave a comment