ထားဝယ်ရေနက်ဆိပ်ကမ်း ပရောဂျက် အသေးစိတ် အချက်အလက်များ

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း အသေးစိတ်ပြ အချက်အလက်များဖြစ်ပါတယ်။ ဒီစီမံကိန်းအတွက် နယ်မြေဒေသ ငြိမ်းချမ်းရေး အတွက် စစ်အစိုးရဟာ အဲ့ဒီဒေသရှိ လက်နက်ကိုင်များကို အမြစ်ပြတ် ချေမှုန်းပါလိမ့်မယ်။ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ 2011 မိုးရာသီ ရာသီဥတု မဆိုးရွားမှီ၊ ပွင့်လင်းရာသီတွင် အပြီးသတ်ချေမှုန်းလိမ့်မည် ဖြစ်ကြောင်းခန့်မှန်းရပါသည်။ စီမံကိန်းဖွဲ့စည်းပုံအရ နယ်မြေအကျယ်အ၀န်း ကြီးမားကျယ်ပြန့်စွာနေရာ ယူထားသောကြောင့်ဖြစ်ပါသည်။

PROJECT BACKGROUND

GOVERNMENTAL 19 MAY, 2008

MPA-ITD 12 JUNE 2008

PROJECT PRELIMINARY STUDY

PRELIMINARY SITE SURVEY & SOIL INVESTIGATION JUNE 2008-MAY 2009

CPNCEPTUAL PLAN DEEP SEA PORT & INDUSTRIAL ESTATE

PROPOSED INTEGRATED CROSS-BORDER CORRIDOR

PUBLIC RELATIONS

OTHER POTENTIAL PROJECTS

PROJECT SCHEDULE & INVESTMENT

 
 
ရဲသူရှိန်မင်း ဖေ့စ်ဘွတ်မှကူးယူသည်။

ကေအဲန်ယူ၏ စောင့်ကြိုတိုက်ခိုက် မှုကြောင့် ရက်ပိုင်းအတွင်း နအဖ နှင့် BGF ကျဆုံးထိခိုက်မှုရှိ

နန်းဖော့ဂေ (ကေအိုင်စီ)

လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပလောဒေသတွင် ယခု ရက်ပိုင်းအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ KNLA ၏ စောင့် ကြိုတိုက်ခိုက်မှုကြောင့် နအဖ ခလရ(၁၀၆)တပ်ဖွဲ့မှ ကျဆုံးပြီး နယ်ခြားစောင့်တပ် BGF မှ ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း ကေအဲန်ယူ တပ်မဟာ(၇)က ပြောသည်။

နအဖ ခလရ(၁၀၆)တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၂၃ရက်နေ့မနက်ပိုင်းမှစ၍ ၎င်းတို့လက်နက်ကြီးတပ်ဆင်ထားရာ ကဆော ၀ါးလေး၊ ကြယ်ပြောင်ကုန်းနေရာများမှ မာနယ်ပလောရှိ ကေအဲန်ယူတပ်များ ရှိနိုင်မည့်နေရာများသို့ လက်နက်ကြီးများဖြင့် ပစ် ခတ်ခဲ့ပြီးနောက် စစ်ကြောင်းတက်လာရာ မွန်းလွဲပိုင်း၌ မောကွီးနေရာအရောက်တွင် ကေအဲန်ယူ တပ်မဟာ(၇) လုံခြုံရေးတပ်ခွဲ ၏ စောင့်ကြိုတိုက်ခိုက်ခြင်းခံရပြီး ခလရ(၁၀၆) တပ်ဖွဲ့ဝင် ၅ဦး ကျဆုံးခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ(၇)မှူးက ကေအိုင်စီ ကို ပြောသည်။

ကေအဲန်ယူ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက “အဲဒီနေ့ မနက်ပိုင်းကတည်းက နအဖ ခလရ(၁၀၆)က မာနယ်ပလော ဂွင်မှာ လက်နက်ကြီးတွေ အလုံး ၅၀ကျော် ပစ်ချတယ်လေ။ သဘောက သူတို့တက်လာဖို့အတွက် အဲဒီမှာလှုပ်ရှားနေတဲ့ ကျနော်တို့တပ်တွေ ရှိနိုင်တဲ့နေရာကို လှမ်းပစ်တာ။ မွန်းလွဲ ၂း၅၅နာရီမှာ သူတို့တက်လာတော့ ကျနော်တို့တပ်တွေက စောင့် ပြီးပစ်တယ်။ အဲဒီမှာ တခါတည်းပဲ နအဖ ၅ယောက် ကျသွားတယ်။”ဟု ဆိုသည်။

အဆိုပါမွန်းလွဲပိုင်း တိုက်ပွဲမှာ ၈မိနစ်သာ ကြာမြင့်သော်လည်း နအဖတပ်များက ၁၂၀-မမ စိန်ပြောင်း၊ ၆၀-မမ၊ ၈၁-မမနှင့် RPG-7 စသည့် လက်နက်ကြီး အမျိုးအစားများကိုသုံးပြီး မာနယ်ပလောဂွင်တစ်ဝိုက်တွင် နယ်မြေရှင်းလင်းသည့်အနေဖြင့် ပစ် ခတ်နေခြင်း ဖြစ်သည်။

ထိုနေ့မနက် ၇နာရီကျော်၊ ညနေ ၅နာရီနှင့် ည ၁၁နာရီအချိန်တို့တွင် နယ်ခြားစောင့်တပ်(၁၀၁၂)တပ်ဖွဲ့နှင့် ကေအဲန်ယူ တပ်ဖွဲ့ ၀င်များ ပလီတခေါ်ကျိုးနေရာ၌ ပစ်ခတ်မှုဖြစ်ပွားရာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ဦး ဒဏ်ရာရရှိခဲ့သည်။

အလားတူ ထိုနေ့ညနေ၌လည်း ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံရွာအထက်ဘက် တောင်ခြေတနေရာတွင် နအဖ ခမရ (၅၈၈)တပ်နှင့် ကရင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ ၄ဦး ကျဆုံး၊ ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၂ရက်နေ့ကလည်း အင်အား ၆၀ကျော်ရှိ အဆိုပါ ခလရ(၁၀၆)မှ စစ်ကြောင်းတကြောင်းကို ကေအဲန်ယူ တပ်ဖွဲ့ ၀င်များက ကြယ်ပြောင်ကုန်းတ၀ိုက်တွင် စောင့်ပစ်ရာ တပ်သားတဦး၊ ဒုတပ်ကြပ်၊ တပ်ကြပ်ကြီးနှင့် ဗိုလ်တစ်ဦး စုစုပေါင်း ၄ဦး ကျဆုံးသွားခဲ့သည်။

၎င်းအပြင် ကလူးထောအခြေစိုက် ဗိုလ်မှူးစောပိ ဦးစီးသည့် နယ်ခြားစောင့်တပ်(၁၀၁၂)တပ်ဖွဲ့ဝင်များနှင် ကေအဲန်ယူ တပ်ရင်း (၂၀၂)တပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားရာ မနက် ၆နာရီဝန်းကျင်တွင် ဟောထီးပယ်နေရာ၌ ၂ဦး ထိခိုက်မှုရှိပြီး မွန်းလွဲ ၂နာရီခွဲတွင် သေ့ဝါ့လော်ကျိုးနေရာ၌ ၁ဦး ထိခိုက်မှုရှိကြောင်း ကေအဲန်ယူ တပ်မဟာ(၇) ဒုရုံးထိုင်မှူး ဗိုလ်ကြီးစောမျိုးမင်းသူက ပြောသည်။

ယင်းတိုက်ပွဲများတွင် ကေအဲန်ယူဘက်မှ ထိခိုက်ကျဆုံးမှုမရှိသည့်အတွက် ထိုကိစ္စနှင့်ပတ်သက်၍ ဗိုလ်မှူးချုပ်စောဂျော်နီကို ကေအိုင်စီက မေးမြန်းရာ “ကျနော်တို့က ကိုယ့်လူကို အထိခိုက်၊ အကျဆုံးမခံနိုင်အောင် ပြောက်ကျားနည်းနဲ့ပဲ တိုက်ခိုက်စေ တယ်။ ဒီနည်းက ကိုယ့်တပ်ဖွဲ့ဝင်တွေကို ဆုံးရှုံးမှုနည်းစေတယ်လေ။”ဟု ရှင်းလင်းပြောဆိုသည်။

နအဖ တပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်များသည် လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြ၀တီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် ကေအဲန်ယူ၊ ဒီကေဘီအေတပ်များနှင့် တိုက်ပွဲများ နေ့စဉ်လို ဖြစ်ပွားနေသော်လည်း ၎င်းတို့ဘက်မှ ထိခိုက်ကျဆုံးမှုကို ထုတ် ဖော်ပြောဆိုခြင်း မရှိပေ။

ဒီကေဘီအေနှင့် ပစ်ခတ်မှုတွင် နအဖဘက်မှ ထိခိုက်သေဆုံးမှု များပြားနေ

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဂွင် ဖလူးလေးကျေးရွာရှိ နအဖတပ်ဖွဲ့အား ယမန်နေ့မနက်က ဒီကေဘီအေ တပ်မဟာ(၅)တပ်ဖွဲ့ဝင်များ သွားရောက်ပစ်ခတ်ခဲ့ရာ နအဖဘက်က ၆ဦးသေဆုံးပြီး ၁၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့ မနက် ၇နာရီကျော်အချိန်တွင် ဒီကေဘီအေ တပ်မဟာ(၅) ကလိုထားဘောဗျူဟာမှ ဗိုလ်ဘလာနာ့ ဦးဆောင်သည့်အဖွဲ့သည် ဖလူး လေးဘုန်းကြီးကျောင်းရှိ နအဖ ခလရ(၂၃၀)တပ်ရင်းအား လက်နက်ကြီးငယ်များဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာတွင် ကျေးရွာအနီးရှိ ခမရ(၅၄၇)၊ ခမရ(၃၅၆)တပ်ရင်းတို့များလည်း လက်နက်ကြီးငယ်များဖြင့် အချိန်အတော်ကြာ တန်ပြန်ပစ်ခတ်ခဲ့သည်ဟု ဒီကေဘီအေဘက်က ပြောသည်။

ဒီကေဘီအေ ကလို့ထူးဘောဗျူဟာမှူး ဗိုလ်မှူးကြီးစောကျော်သက်က “ကျနော်တို့လူတွေသွားပစ်ခဲ့တာ နအဖဘက်က ၆ဦးသေပြီး ၁၀ကျော် ဒဏ်ရာရသွားတယ်။ မနက် ၇း၂၀နာရီကနေ နေ့လည် ၁၂း၄၄နာရီအထိ အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်။ နအဖဘက်က ၈၁-မမနဲ့ အချက် ပေါင်း ၄၀လောက် လိုက်လံပစ်ခတ်ခဲ့တယ်ဆိုပေမယ့် ကျနော်တို့လူတွေ တယောက်မှ မထိဘူး။”ဟု ပြောသည်။

နအဖစစ်တပ်ဘက်မှ လက်နက်ကြီးငယ်များဖြင့် အချက်ပေါင်း ၁၀၀ကျော် ဖလူးလေးကျေးရွာတွင်းနှင့် ရွာအပြင်သို့ ပစ်ခတ်ခဲ့သောကြောင့် ဖလူး လေးရွာသား (၄)ဦး လက်နက်ကြီးထိမှန်ခဲ့သည်ဟု အဆိုပါ တိုက်ပွဲကို ဦးဆောင်ခဲ့သူ ဒီကေဘီအေမှ ဗိုလ်ဘလာနာ့က ပြောသည်။

“ဘုန်းကြီးကျောင်းမှာရှိတဲ့ နအဖတပ်ဖွဲ့ကို ကျနော်တို့ အနီးကပ်သွားရာမှ ရွာအနီးအနား တောင်ကုန်းမှာရှိတဲ့ တခြားနအဖတပ်ဖွဲ့တွေလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အချိန်အတော်ကြာ ကူပစ်ပေးတယ်။ အဲဒီမှာ နအဖနဲ့ ကျနော်တို့ကြားမှာရှိတဲ့ ရွာသား ၄ယောက် လက်နက် ကြီး ထိသွားတယ်။ တယောက်က ခြေထောက်နှစ်ဘက်စလုံး ကြေမွသွားတယ်။”ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် တိုက်ပွဲများ ဆက်လက်မဖြစ်ပွားရေး တတ်နိုင်သလောက် ထိန်းသိမ်းလုပ်ဆောင် သွားရန် ထိုင်းအာဏာပိုင်များမှ နအဖနှင့် ဒီကေဘီအေတို့အား မေတ္တာရပ်ခံထားသော်လည်း နအဖစစ်တပ်မှ သတ်မှတ်ထားသည့် နယ်မြေအ တွင် ၀င်ရောက်ကျူးကျော်လာပါက မလွဲမသွေ ပစ်ခတ်ရမည်ပင်ဖြစ်ကြောင်း ဗိုလ်မှူးကြီးစောကျော်သက်က ပြောသည်။

လွန်ခဲ့သည့် နိုဝင်ဘာလ ၈ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် နအဖနှင့် ဒီကေဘီအေတို့ကြား အပြန်အလှန် ပစ်ခတ်မှုသည် ၁လကျော်အချိန်အ တွင်း နအဖဘက်က ၂၀၀ကျော် ထိခိုက်သေဆုံးခဲ့ပြီးဖြစ်သလို ဝေါ်လေဒေသမှ ဒေသခံလူထု ထောင်နှင့်ချီ၍ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခို လှုံခဲ့ရပြီး ယနေ့အချိန်ထိ ၎င်းတို့နေရပ်သို့ ပြန်လည်နေထိုင်ခြင်းမရှိဘဲ ထိုင်းဘက်ခြမ်းတွင် သောင်တင်နေဆဲဖြစ်သည်ဟု သိရသည်။

အလားတူ ဖားအံခရိုင်၊ လှိုင်းဘွဲနှင့် ပိုင်ကျုံမြို့နယ်တွင်လည်း နိုဝင်ဘာလကုန်ပိုင်းမှစ၍ နအဖနှင့် ကေအဲန်ယူ တပ်မဟာ (၇)တပ်ဖွဲ့ဝင်များအ ကြား နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖစစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားလျှက်ရှိသည်ဟု ကေအဲန်ယူ တပ်မဟာ(၇)်က ထုတ်ဖော်ပြောဆိုသည်။

ဖာပွန်မြို့နယ်အခြေစိုက် နယ်ခြားစောင့်တပ်ရင်းတရင်း မာနယ်ပလောဒေသသို့ စစ်ကူအဖြစ်သွား

စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဒွယ်လိုးမြို့နယ် ကတိုင်တိ(ကတဲတိ)ကျေးရွာအုပ်စုတွင် အခြေစိုက် လှုပ်ရှားနေသည့် အင်အား ၂၀၀၀န်းကျင် ရှိ နယ်ခြားစောင့်တပ်(BGF) (၁၀၁၄)တပ်ရင်းသည် ယွန်းစလင်းချောင်း အရှေ့ဘက်ခြမ်းကို ဖြတ်ကူး၍ မာနယ်ပလောဒေသ သို့ စစ်ကူအဖြစ် ယမန်နေ့က စတင် ထွက်ခွာသွားသည်ဟု သိရသည်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ မာနယ်ပလောဒေသဘက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသောကြောင့် အဆိုပါ BGF တပ်ရင်းက သွားရခြင်းဖြစ်နိုင်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူးစောကလယ် ဒို့က ယခုလို ပြောသည်။

သူက “ဗိုလ်မှူးစောမောင်ချစ် ဦးဆောင်တဲ့ BGF (၁၀၁၄)တပ်တွေ မနေ့က နေ့လည်လောက်မှ စထွက်တာပေါ့နော်။ မာနယ်ပ လောဘက်နယ်မြေတ၀ိုက်က ဘွားဒဲကျေးရွာအုပ်စု မယ်ပရွာဘက်ကို သွားမယ်လို့ သတင်းရတယ်။ မနေ့ကတော့ မရောက် သေးဘူး။ သူတို့ဒီလို သွားရတာဟာ စစ်ကူအဖြစ် သွားတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေ တယ်လေ။”ဟု ကေအိုင်စီကို ပြောသည်။

KNU တပ်မဟာ(၇)နယ်မြေရှိ မာနယ်ပလောဒေသတွင် ဒီဇင်ဘာလဆန်း ၅ရက်နေ့မှစ၍ ၂၄ရက်နေ့ထိ နအဖတပ်နှင့် ကရင်အ မျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA)တို့ ရင်ဆိုင်တိုက်ပွဲနှင့် ပြောက်ကျားတိုက်ပွဲပေါင်း ၁၃ကြိမ်ဖြစ်ပွားခဲ့ရာ နအဖဘက်မှ သေဆုံးသူ ၁၇ဦးနှင့် ဒဏ်ရာရှိသူ ၁၃ဦးရှိသော်လည်း ၎င်းတို့ဘက်မှ ထိခိုက်သေဆုံး မရှိသေးကြောင်း KNU တပ်မဟာ(၇) ရုံး ထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက ပြောသည်။

ထိုသို့ဖြစ်ပွားခဲ့သည့် တိုက်ပွဲတစ်လျှောက်တွင် နအဖဘက်မှ ထိခိုက်ကျဆုံးမှုများသည့်အပေါ် အင်အားဖြည့်သည့်အနေဖြင့် ယခု လို စစ်ကူအဖြစ် ရောက်ရှိလာခြင်းဖြစ်နိုင်ကြောင်းလည်း သူက ဆက်လက်၍ သုံးသပ်ပြောဆိုခဲ့သည်။

“မာနယ်ပလောမှာ ဖြစ်တဲ့တိုက်ပွဲတွေမှာ နအဖဘက်က ထိခိုက်သေဆုံးမှု များတယ်လေ။ ဒါကြောင့် သူတို့ အင်အားတွေ ထပ် ဖြည့်တဲ့သဘောနဲ့ BGF တပ်ရင်းကို စစ်ကူအနေနဲ့ ထပ်ခေါ်တဲ့သဘောပဲ။ BGF ဟာ ကိုယ့်ကရင်အချင်းချင်း ဖြစ်တဲ့အတွက် လုံးဝ မတိုက်ချင်ပေမဲ့ တက်လာရင်တော့ မတတ်နိုင်ဘူး။ ကိုယ့်အမျိုးသားရေးဘက်ကို ရပ်တည်ပြီး သူတို့ကို ရင်ဆိုင်ရမှာပဲ။” ဟု ဗိုလ်မှူးစောအယ်ဆဲဆဲက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ရက်နေ့က မာနယ်ပလောနယ်မြေတ၀ိုက်တွင် နအဖ စစ်တပ်နှင့် KNLA ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ကြောင့် မာနယ်ပလောဒေသရှိ နိုဒေးရွာသူရွာသားအားလုံးနီးပါး နယ်စပ်နှင့် ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင်ရှိ မူယူထာ့(မိုင်း လုံးကြီး)ချောင်းကမ်းနံဘေးသို့ ထွက်ပြေးလာခဲ့သည်။

ယခု BGF တပ်ရင်း(၁၀၁၄) သွားရောက်မည့် ဘူးသိုမြို့နယ်အတွင်း ဘွားဒဲကျေးရွာအုပ်စုရှိ မယ်ပကျေးရွာအုပ်စုတွင် ဘွားဒဲ၊ ချောလယ်ဒဲ၊ ဖီဒိဒဲ၊ လောဖလာ့သေ့၊ သေ့ဂေမူဒဲ၊ ပါ့သာ့၊ တညာ့ခီး၊ နို့ပူ၊ တိုးညိုး၊ ကလောခို့၊ ကျိသူးပူ၊ မာ့မု၊ ကနယ်ခို့၊ ဂေကေ တု၊ မာ့အိုးဝါး၊ ဟိဖိုးသာ့ခီး၊ မယ်ပခေါ်ကလား၊ မယ်ပကလော်ဝေါ်နှင့် မယ်ပ၀ါ့ခယ်ကလား စသည့်ကျေးရွာများ တည်ရှိသည်။

လက်ရှိအချိန်တွင် အဆိုပါ BGF တပ်ရင်း အခြေစိုက်ခဲ့သည့် ဒွယ်လိုးမြို့နယ် ကတိုင်တိကျေးရွာအုပ်တွင် အင်အား ၂၀၀ခန့်ရှိ နအဖ စကခ(၄) လက်အောက်ခံ ခမရ(၇၀၂)တပ်ရင်း ဆက်လက်လှုပ်ရှားနေကြောင်း ၎င်းနယ်မြေခံ ကေအဲန်ယူတပ်များက ပြောသည်။

မာနယ်ပလောဒေသတွင် နအဖ အရှေ့တောင်တိုင်းစစ်ဌာနချုပ်-ရတခ လက်အောက်ခံ ခလရ(၂၈)၊ ခလရ(၆၁)၊ ခလရ(၆၂)၊ ခမရ(၃၃၈)၊ ခမရ(၃၃၉)၊ နအဖ စစ်တပ် စကခ(၁၉)လက်အောက်ခံ ခမရ(၃၄၃)၊ ခမရ(၅၈၇)၊ ခလရ(၁၀၆)တပ်ရင်းများ စစ် ရေးလှုပ်ရှားနေသလို ကေအဲန်ယူ တပ်မဟာ(၇)လက်အောက်ခံ KNLA တပ်ရင်း(၂၀၂)၊ ဗဟိုအထူးပြောက်ကျားတပ်ဖွဲ့နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)တပ်များ လှုပ်ရှားလျှက်ရှိသည်။

တပ်စခန်းကာရန် သစ်၊ ၀ါးတောင်းခံ

နန်းဖော့ဂေ (ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ နအဖတပ်က ၎င်းတို့၏ တပ်စခန်း ကာရံရေးအတွက် တရွာလျှင် ရာနှင့်ချီသည့် သစ်ချောင်းများနှင့် ၀ါးချောင်းများကို ကျေးရွာ ၅ရွာမှ အဓမ္မ တောင်းခံခဲ့ရာ ရွာသူရွာသားများက ဒီဇင်ဘာလ ၂၄ရက်နေ့က သွားရောက်ပို့ပေးခဲ့ရသည်ဟု သိရသည်။

နအဖ ခလရ(၆၂)မှ စစ်ကြောင်းမှူး ဗိုလ်မှူးကိုကိုဆင့်သည် ကမာခို့တပ်စခန်းကို ကာရံရန် ၅လက်မပတ်လည်၊ အရှည် ၅တောင်ရှိသည့် သစ်ချောင်းနှင့် ၅လက်မပတ်လည်၊ အရှည် ၁၀တောင်ရှိသည့် ၀ါးချောင်းများကို တရေဖိုးကွီး၊ မဲ့တမူး၊ တမား ထာ၊ ထီးသဘလူးထာ့နှင့် ကျော်သလေးခို့ရွာများမှ ဒီဇင်ဘာလ ၂၂ရက်နေ့က တောင်းယူခဲ့ခြင်းဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောသည်။

“ဗိုလ်မှူးကိုကိုဆင့်က မိုးပျံစခန်းအနားက သူတို့ရဲ့ ကမာခို့စခန်း ကာဖို့အတွက် သစ်နဲ့ ၀ါးချောင်းတွေကို ဒီဇင်ဘာလ ၂၂ရက် နေ့က တောင်းတယ်လေ။ တရေဖိုးကွီးရွာက သစ် ၈၀၀၊ ၀ါး ၂၀။ မဲ့တမူးရွာက သစ်ချောင်း ၈၀၀၊ ၀ါးချောင်း ၂၀။ ကမားထာရွာ က သစ်ချောင်း ၆၀၀၊ ၀ါးချောင်း ၂၀။ ထီးသဘလူးထာ့ရွာက သစ် ၆၀၀၊ ၀ါး ၂၀နဲ့ ကျော်သလေးခို့ရွာက သစ် ၅၀၀၊ ၀ါး ၂၀ ချောင်းကို ၂၄ရက်နေ့အရောက်ပေးရမယ်ဆိုလို့ သွားပေးလိုက်ပြီးပြီ။”ဟု ဆိုသည်။

သို့သော် တပ်စခန်း ကာရံဆောက်လုပ်ရေးတွင် အဆိုပါကျေးရွာများမှ ရွာသူရွာသားများအား ယနေ့အထိ လုပ်အားပေး ခေါ်ယူ ခိုင်းစေခြင်း မရှိသေးကြောင်း သိရသည်။

ခလရ(၆၂)တပ်ရင်းသည် လှိုင်းဘွဲမြို့နယ်အတွင်းရှိ မာနယ်ပလောဂွင်၌ စစ်ရေးလှုပ်ရှားနေသည့် နအဖ အရှေ့တောင်တိုင်းစစ် ဌာနချုပ်(ရတခ) လက်အောက်ခံတပ်ရင်းများအနက် တရင်းဖြစ်သည်။

ကရင်နှစ်သစ်ကူးအတွက် ကျေးနယ်တခု ငွေ ၅သိန်းစီ တောင်းခံ

နန်းဖော့ဂေ (ကေအိုင်စီ)

နယ်ခြားစောင့်တပ်၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဖားနွီးက ပိုင်ကျုံမြို့နယ်ရှိ ဖားအီးကျေးရွာ၌ ကရင်နှစ်သစ်ကူးပွဲ ကျင်းပရန်အတွက် ကျေးနယ်အချို့ကို ငွေကျပ် ၅သိန်းစီ ကောက်ခံခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

လှိုင်းဘွဲမြို့နယ်နှင့် ပိုင်ကျုံမြို့နယ်အတွင်းမှ ပလောညာသီး၊ ကမို၊ ဖားကပ်၊ တခေါ်ဘီ(ကွမ်ဘီ)၊ နောတဲ စသည့် ကျေးနယ် တခုချင်းစီမှ ငွေကျပ် ၅သိန်းစီ တောင်းခံခဲ့ရာ ရွာသားများက ဒီဇင်ဘာလ ၁၈ရက်နေ့တွင် ပေးဆောင်ခဲ့ပြီးဖြစ်သည်ဟု အမည်မ ဖော်လိုသူ ရွာသားတစ်ဦးက ယခုလို ပြောသည်။

“နှစ်သစ်ကူးအတွက် ငွေကောက်တာတော့ ကြာပါပြီ။ ရွာတွေက ဒီလ ၁၈ရက်နေ့ကတည်းက ပေးလိုက်ပြီးသွားပြီ။ သူက ဘာမှမလုပ်တော့ပေမဲ့ အရင် အရှိန်အ၀ါနဲ့ဆိုတော့ ပေးရတာပေါ့။”ဟု ဆိုသည်။

ကေအဲန်ယူ ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးက “ဒီနှစ်သစ်ကူးအတွက်က အရင်နှစ်တွေကလည်း ကျေးနယ်တွေက နှစ်တိုင်း ကောက်နေတာပါပဲ။ ဖားအီးရွာမှာလုပ်မယ်ဆိုတော့ အဲဒါက ပိုင်ကျုံမြို့နယ်ထဲကပါ။”ဟု ပြောသည်။

ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကျေးနယ်ပေါင်း များစွာရှိသည့်အနက် ယခုနှစ်သစ်ကူးပွဲ ကျင်းပမည့် ရွာအနီးတ၀ိုက်မှ ကျေး နယ်များကိုသာ ကောက်ခံခြင်းဖြစ်နိုင်ကြောင်း သူက ဆက်လက် ပြောဆိုသည်။

လှိုင်းဘွဲမြို့နယ်၊ ကွမ်ဘီရွာဇာတိဖြစ်သူ ဗိုလ်ချုပ်ဖားနွီးသည် ယခင်က ဒီကေဘီအေ (၉၉၉)တပ်မဟာမှူးဖြစ်ခဲ့ပြီး လက်ရှိအချိန် တွင် နယ်ခြားစောင့်တပ်၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးအဖြစ် တာဝန်ယူထားသည်။

ဈေးရွှေ့ပြောင်းမှု နေရာ မလုံလောက်၍ ဆန္ဒပြသူများကို ဖမ်းဆီး

ရန်ကုန်တိုင်း ကြည်မြင်တိုင်မြို့နယ် ကမ်းနားလမ်းရှိ သီရိမင်္ဂလာဈေးမှ ဆိုင်များအား လှိုင်မြို့နယ်၊ ပိတောက်ချောင်း ရပ်ကွက်ရှိ ဈေးသစ်သို့ ရွှေ့ပြောင်းခိုင်း သော်လည်း ဆိုင်နေရာ မလုံလောက် သောကြောင့် ဈေးသူဈေးသားများ ယမန်နေ့က ကန့်ကွက်ဆန္ဒပြရာ ၅ ဦးအဖမ်းခံရကြောင်း သတင်းရရှိသည်။

သီရိမင်္ဂလာ ဈေးဟောင်းမှ ဆိုင်ခန်းပေါင်း ၁၀၀၀ ခန့်အား နေရာသစ်တွင် ဆိုင်ခန်းသစ် ချမပေးနိုင်ဘဲ အမိုးအကာ မရှိသည့် ကွင်းပြင်ထဲတွင် ရောင်းချခိုင်း သောကြောင့် ဈေးသူဈေးသားများက မရောင်းချနိုင်ဟု ဆန္ဒပြခြင်း ဖြစ်ကြောင်း ကုန်စိမ်းဒိုင်တဦးက ပြောသည်။

“ဒီအတိုင်း ဆိုရင်တော့ မရောင်းနိုင်ဘူး။ အမိုးအကာမရှိဘူး။ ပိုက်ဆံလည်း သွင်းထားပြီးသား။ အဲဒါကို မတရားလုပ်တာ။ သည်းမခံနိုင်တော့ဘူး။ ဒီနေ့ ဖွင့်ပွဲရှိတော့ လူကြီးလာတဲ့အထိ စောင့်ပြောမယ် ဆိုပြီး ဈေးသားတွေ သွားစောင့်နေတာ” ဟု ဆိုင်ခန်းနေရာ ပြန်လည်မရရှိသူ ကုန်စိမ်းဒိုင်တဦးက ပြောသည်။

လက်ရှိ ဈေးသစ်တွင် ဆိုင်ခန်းပေါင်း ၂၀၀၀ ခန့်အတွက်သာ နေရာရှိပြီး သီရိမင်္ဂလာ ဈေးဟောင်းမှ ပြောင်းရွှေ့ရသော ဈေးဆိုင်ခန်းပေါင်းမှာ ၃၀၀၀ ကျော်ရှိကြောင်း သိရှိရသည်။

ဆိုင်ခန်းအားလုံး အတွက် နေရာပေးနိုင်ခြင်း မရှိသောကြောင့် ဈေးအနောက်ဘက် အမိုးအကာမရှိသော မြေကွက်လပ်တွင် ဈေးရောင်းခိုင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျမတို့ ဒီကွင်းထဲမှာ အမိုးအကာမရှိဘဲ ဘယ်လို ဈေးရောင်းရမလဲ။ ဒါပေမယ့် ကွင်းထဲမှာပဲ ရောင်းခိုင်းတယ်။ ဘယ်တော့ ဆိုင်နေရာ ဆောက်ပေးမယ်ဆိုတာလည်း မပြောနိုင်ဘူး။ မတရားသိပ်လုပ်ကြတယ်” ဟု ကုန်စိမ်းလက်ခွဲဒိုင်တဦးက ပြောသည်။

ဈေးရုံအတွင်း ယနေ့ဖွင့်ပွဲကျင်းပရာသို့ လာရောက်မည့် တာဝန်ရှိသူအား ပြောကြားမည်ဟုဆိုကာ မထတမ်း ဆန္ဒပြနေသူများထဲမှ ၅ ဦးအား လှိုင်မြို့နယ် ရဲများက နေ့လည် ၁ နာရီ ၀န်းကျင်တွင် လာရောက်ခေါ်ထုတ်သွားကြောင်း၊ ထို့နောက် လုံထိန်းများ၊ ရဲများ ထပ်မံရောက်ရှိလာပြီး ဈေးဝန်းအတွင်းမှ ဈေးသူဈေးသားများနှင့် ဈေးဝယ်များကို မောင်းထုတ်ကာ ဈေးအတွင်း လုံခြုံရေးချထားကြောင်း သိရှိရသည်။

သီရိမင်္ဂလာဈေးဟောင်းမှ ဈေးနေရာသစ်သို့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အပြီးပြောင်းရွှေ့ခိုင်းခဲ့ပြီး ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဈေးသစ်တည်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ညနေ ၃ နာရီဝန်းကျင်တွင် ဈေးဖွင့်ပွဲပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ အာဏာပိုင်များနှင့် ကုန်စည်ဒိုင်ကြီး တချို့သာလျှင် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

“၂ နာရီကတည်းက ဈေးထဲကလူတွေ အကုန်မောင်းထုတ်လိုက်တာ။ အားလုံးကိုလည်း ပြောတယ်။ ဒီကိစ္စကို ထပ်ပြောတဲ့သူ ငွေဒဏ်အပြင် ထောင်ဒဏ် ၆ လလို့လည်း ပြောလိုက်တယ်” ဟု ကုန်စိမ်းဒိုင်ပိုင်ရှင်တဦးက ပြောသည်။

သီရိမင်္ဂလာဈေးသည် အများအားဖြင့် ၂၄ ရီ လည်ပတ်နေသော ဈေးကြီး တခုဖြစ်ပြီး ရန်ကုန်မြို့အတွက် ကုန်စိမ်းများ၊ ရာသီစာ သီးနှံများ၊ ပန်းများ၊ ကုန်ခြောက်များ လက်လီလက်ကား အဓိက ဖြန့်ဖြူးရာ ဈေးကြီးတခုဖြစ်သည်။

ဧရာဝတီသတင်းထောက် ခိုင်သွယ် ရေးသားသည်။

စစ်ပြေးဒုက္ခသည်များကို ဆေးစစ်၊ တိုက်ပွဲများ ဆက်ဖြစ်ဆဲ

နယ်စပ်တိုက်ပွဲ များကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်နေသော စစ်ပြေး ဒုက္ခသည် ၂၀၀ ကျော်ကို ထိုင်းဒေသခံ ရွာသားများက ကူးစက်ရောဂါပိုးများ ပါရှိနိုင်သည်ဟူသော အကြောင်းပြချက်ဖြင့် မြန်မာဘက်သို့ ပြန်ပို့ရန် တောင်းဆိုကြောင်း သိရသည်။

စစ်ပြေးဒုက္ခသည်များသည် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်းရှိ ဝေါ်လေဒေသတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖတပ်များ အကြား ယခင်လ ဆန်းပိုင်းမှ စတင်ဖြစ်ပွားနေသည့် ရက်ရှည်တိုက်ပွဲများကြောင့် ထွက်ပြေးလာသူများ ဖြစ်သည်။

ဒုက္ခသည်များအရေး ကူညီဆောင်ရွက်နေသူ တဦးက “ဝေါ်လေရွာရဲ့ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် တဦးဆီမှာ ဦးနှောက်အမှေးရောင် ရောဂါပိုး စစ်ဆေးတွေ့ရှိတဲ့ အတွက် ဒီကူးစက်ရောဂါပိုးဟာ မြန်မာ ဒုက္ခသည်တွေဆီက ကူးတာဖြစ်နိုင်တယ်ဆိုပြီး ဒီနေ့လယ်မှာ ဒုက္ခသည်တွေကို ထိုင်း ကျန်းမာရေးဌာနက ဆေးလာစစ်နေတယ်။ ထိုင်း ရွာခံတွေကတော့ ဒုက္ခသည်တွေဆီက လာတာဆိုပြီးတော့ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ အာဏာပိုင်တွေကို ပြောဆိုနေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် နိုင်ဆူထင်း ဆ၀ါနစင်၏ ညီမဖြစ်သူက “ဘယ်ကစပြီး ကူးတာကိုတော့ စစ်နေတုန်းပဲ။ ဒီစစ်ပြေး ဒုက္ခသည်တွေ ကျမတို့ရွာမှာ လာနေကြတာ ၂ လရှိတော့မယ်။ အဲလိုကာလ ကြာရှည်လာတဲ့ အပေါ်မှာ ရွာသားတွကလည်း သူတို့ကို ပြန်စေချင်တဲ့ ဆန္ဒတွေရှိကြတယ်” ဟု ပြောသည်။

နောက်ဆုံးရရှိသည့် သတင်းများအရ ယမန်နေ့က ဒုက္ခသည်အားလုံးကို ဆေးစစ်ရာတွင် မည်သည့် ရောဂါ လက္ခဏာမျှ မတွေ့ရကြောင်း သိရသည်။

ထိုင်းဘက်ခြမ်းတွင် ဖွင့်လှစ်ပေးထားသည့် ယာယီ ဒုက္ခသည်စခန်းတွင် ခိုလှုံနေသူ ၂၃၃ ဦး ရှိပြီး တင်းကျပ်ထားသည့် စည်းကမ်းချက်များကြောင့် စခန်းထဲသို့ မ၀င်ဘဲ နယ်စပ်တွင် မိမိအစီအစဉ်နှင့် ခိုလှုံနေသူ မြန်မာစစ်ပြေး ဒုက္ခသည် ၃၀၀ ခန့်ရှိသေးကြောင်း NGO အဖွဲ့တခုမှ တာဝန်ရှိသူက ပြောသည်။

ထိုင်း လယ်ပိုင်ရှင်တဦးက “ထိုင်းဘက်ကတော့ မြန်မာဘက်မှာ ဘာတိုက်ပွဲတွေမှ မဖြစ်စေချင်ဘူး။ ထိုင်း စိုက်ပျိုးရေး လုပ်ငန်းရှင် အများစုက ဝေါ်လေမြိုင်ဒေသမှာ လယ်ယာမြေတွေငှားပြီး ကောက်ပဲသီးနှံတွေ သွားစိုက်ပျိုးကြတယ်။ ပြီးရင် အဲဒီထွက်ကုန်တွေကို ထိုင်းဘက် ပြန်တင်သွင်းကြတဲ့လုပ်ငန်းက အကျိုးအမြတ် အတော်လေးရှိတဲ့အတွက် မြန်မာဘက်မှာ အေးအေး ဆေးဆေးဖြစ်ဖို့ ထိုင်းဖက်က ဆန္ဒရှိကြတယ်” ဟု ဆိုသည်။

သို့သော် DKBA နှင့် နအဖတပ်များ ယမန့်နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

မြ၀တီခရိုင် ဖလူးဒေသတွင် DKBA နှင့် နအဖ ခြေလျင်တပ်ရင်းများ ယမန်နေ့ နံနက် ၆ နာရီကျော်မှ မွန်းလွဲ ၁ နာရီအထိဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ဖလူးရွာသားတဦး လက်နက်ကြီးကျည် ထိမှန်သောကြောင့် မဲဆောက်ဆေးရုံကြီးသို့ ရောက်ရှိလာကြောင်း၊ ဆေးကုသမှုကိစ္စများကို နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) က တာဝန်ယူပေးထားကြောင်း သိရသည်။

ဖလူးလေးရွာရှိ စစ်ရေးအရ ဗျူဟာကျသည့် တောင်ကုန်းကို DKBA အဖွဲ့မှ သိမ်းယူရန် တက်ရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ယင်းတိုက်ပွဲတွင် ဖလူးဒေသအခြေစိုက် နအဖ ခြေလျင်တပ်ရင်း (၂၃၀)၊ ခြေမြန်တပ်ရင်း (၅၄၇)၊ (၃၅၆) တို့နှင့် DKBA ကလိုထူးဘော ဗျူဟာ (၁) တပ်ဖွဲ့တို့အကြား ဖြစ်ပွားခြင်းဖြစ်ပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုနှင့် ပတ်သက်၍ မသိရှိရသေးကြောင်း DKBA မှ ဗိုလ်မှူးကြီး ကျော်သက်က ပြောသည်။

၎င်းက “ဒီနေ့ဖြစ်တာက တကော်ကျိုးတောင်မှာ။ တိုက်ပွဲက ၇ နာရီနီးပါးကြာတယ်။ နအဖဘက်ကနေ လက်နက်ကြီးနဲ့ပစ်တာ အလုံး ၃၀ ဆယ်လောက်ရှိမယ်။ ဖလူးလေးရွာထဲကို ကျတာလည်း မနည်းဘူး။ ရွာသားတချို့ ဒဏ်ရာရတယ် လို့သိရတယ်” ဟု ပြောသည်။

ထိုင်းနယ်ခြားစောင့် တပ်မှူးတဦးက “မြ၀တီ ဖလူးဒေသမှာရှိတဲ့ မဟာဗျူဟာကျတဲ့ တောင်ကုန်းအများစုကို မြန်မာစစ်တပ်က အခိုင်အမာတပ်စွဲပြီး ထိန်းချုပ်ထားတဲ့အတွက် ဒီတောင်ကုန်းတွေကို တက်သိမ်းဖို့ဆိုရင်တော့ သိပ်တော့မလွယ်ဘူးလို့ ထင်တယ်” ဟု ပြောသည်။

ကြေးမုံ သတင်းစာ ပုံစံပြောင်း ထုတ်မည်ဟု ဆို

စစ်အစိုးရ ထိန်းချုပ်ထားသည့် နေ့စဉ်ထုတ် ကြေးမုံ သတင်းစာကို လာမည့် ၂၀၁၁ ခုနှစ်တွင် ယခုထက်ပိုမို၍ စိတ်ဝင်စားဖွယ် ကောင်းသည့် သတင်းစာ တစောင်အဖြစ် ပြောင်းလဲ သွားမည် ဟု သိရသည်။

ယင်းသို့ ပြောင်းလဲရန်အတွက် လုပ်ငန်းလမ်းညွှန်နှင့် အနာဂတ်လမ်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၇ ရက်နေ့က နေပြည်တော် တပ်ကုန်း၊ ခရေပင်လမ်းခွဲရှိ ကြေးမုံ သတင်းစာတိုက်တွင် ကျင်းပခဲ့သည်ဟု နေပြည်တော် အသိုင်းအ၀န်းမှ သိရသည်။

“၂၀၁၁ ထဲမှာ အစိုးရပိုင် သတင်းစာတွေ ထပ်ထွက်လာမှာဆိုတော့ လက်ရှိထုတ်ဝေနေတဲ့ သတင်းစာကို ပုံစံပြောင်းချင်တာလည်း ပါတယ်။ နောက်တချက်က အစိုးရသတင်းစာနဲ့ ပတ်သက်ပြီး အနှစ်သာရ မရှိဘူး၊ ပေါ်လစီတွေ ပါတယ်လို့ ဝေဖန်နေတာတွေကို ပြန်တုံ့ပြန်ချင်တာကြောင့်လည်း ပါတယ်” ဟု ပြန်ကြားရေး ၀န်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။

အဆိုပါ သတင်းစာကို ခေတ်စနစ်နှင့် ညီသည့် အသွင်သဏ္ဌာန်ရော အနှစ်သာရ ပါဝင်စေရန်၊ သတင်းစာ ပုံစံပြောင်း၍ ရေးသားချက်များ ပြောင်းလဲကာ သတင်းဓာတ်ပုံများဖြင့် ဝေေ၀ဆာဆာ ထုတ်ဝေသွားရန် ဆေးနွေးကြောင်း၊ လာမည့်နှစ်အတွင်း အကောင်အထည် ပေါ်လာမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် သဘာဝ ဘေးအန္တရာယ်များဖြစ်သော ရေဘေး၊ လေဘေး၊ မီးဘေးနှင့် လူမှုရေး သတင်း၊ မှုခင်းသတင်းများကိုလည်း ထည့်သွင်းဖော်ပြရန် စီစဉ်ထားကြောင်း ကြေးမုံ သတင်းစာမှ ၀န်ထမ်းတဦးက ပြောသည်။

“သတင်းစာမှာ အာဏာပိုင်တွေ သွားတဲ့ မှတ်တမ်းတွေပဲ ဖော်ပြတာမျိုးမဟုတ်ဘဲ ပြည်တွင်းထုတ် ဂျာနယ်တွေလို သဘာဝ ဘေးအန္တရာယ်ဆိုလည်း ဖြစ်တာနဲ့ ဖော်ပြနိုင်အောင် လုပ်သွားမယ်လို့ ပြောတယ်။ မီဒီယာနဲ့ပတ်သက်ပြီး အစိုးရထုတ် သတင်းစာအပေါ်မှာ ပြောင်းလဲတဲ့အမြင်တခု၊ နေရာတနေရာ ပေးလာတာမျိုး ဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ထားတယ်”ဟု ၎င်းက ဆိုသည်။

စစ်အစိုးရက ကာကွယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် “နေပြည်တော် သတင်းစာ” နှင့် “မြ၀တီ သတင်းစာ” ကို ထပ်မံ ထုတ်ဝေသွားရန်လည်း စီစဉ်ထားသည်။

ယခုလက်ရှိတွင် ပြန်ကြားရေးဝန်ကြီးဌာနက ကြေးမုံ သတင်းစာ၊ မြန်မာ့အလင်း သတင်းစာနှင့် The New Light of Myanmar တို့ကို ထုတ်ဝေနေပြီး အင်တာနက် စာမျက်နှာများတွင်ပါ တင်၍ နေ့စဉ် ဖော်ပြပေးနေသည်။

အဆိုပါ သတင်းစာများတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်များ၏ ခရီးစဉ်များ၊ အတိုက်အခံ အင်အားစုများကို ဝေဖန် တိုက်ခိုက်ပြီး စစ်အစိုးရ၏ မူဝါဒကို ထင်ဟပ်စေသည့် ဆောင်းပါးများကိုသာ အဓိက ထားဖော်ပြ နေသည်။

ပြည်ပ သတင်းနှင့် ပတ်သက်၍လည်း အီရတ်စစ်ပွဲများ၊ အမေရိကန်နိုင်ငံ၏ ၀င်ရောက်တိုက်ခိုက်မှုကြောင့် အရပ်သားမည်မျှ သေဆုံးသွားရသည်များကို ဓာတ်ပုံများဖြင့် ဝေေ၀ဆာဆာ အမြဲမပြတ်ဖော်ပြသည်။

“အာဏာပိုင်တွေ ခရီးသွားတဲ့ အကြောင်း၊ ဘယ်နိုင်ငံက သံအမတ်နဲ့တွေ့တယ်။ နောက် သူတို့ မိသားစုလိုက် အလည်သွားတာကို ဖော်ပြပေးတယ်။ ပြည်သူတွေ တကယ်သိချင်တဲ့ လူမှုရေး၊ စီးပွားရေးအခြေအနေတွေ တခုမှ မပါဘူး” ဟု ပြည်တွင်း ဂျာနယ် အယ်ဒီတာ တဦးက ဆိုသည်။

အာဏာပိုင်များဘက်မှ အနှစ်သာရပြည့်ဝပြီး ခေတ်စနစ်နှင့်အညီ သတင်းစာတစောင်ဖြစ်လာရန် အကောင်အထည်ဖော်မည့် အပိုင်းတွင် သတင်းစာတစောင်၏ ရပ်တည်ချက်ဖြစ်သော မှန်ကန်မှု၊ မြန်ဆန်မှုနှင့် ဘက်လိုက်မှုမရှိသော အရေးအသားများ ထည့်သွင်းဖော်ပြမှုမရှိလျှင် ထူးခြားပြောင်းလဲသော သတင်းစာတစောင် ဖြစ်လာမည်မဟုတ်ဟု လေ့လာသူများက ပြောဆိုကြသည်။

“မူပြောင်းတဲ့ကိစ္စမှာ အားနည်းချက်တွေကတော့ ရှိနိုင်တယ်။ စစ်အစိုးရဲ့ လုပ်ရပ်တွေ၊ ပြောချင်တဲ့ အကြောင်းအရာတွေ တဖက်သတ် တင်ပြမယ်ဆိုရင်တော့ ဘာမှ မထူးဘူး။ အဲဒီလို မဟုတ်ဘဲ တကယ်ပြောင်းလဲ ဖြစ်မယ်ဆိုရင်တော့ မီဒီယာ အနည်းငယ် လွတ်လပ်လာပြီလို့ ပြောရမယ်။ တခြား ပုဂ္ဂလိက ဂျာနယ်တွေကို စာပေစိစစ်ရေးက ဖြတ်တောက်တယ် ဆိုပေမယ့် အစိုးရ မီဒီယာကတော့ အနည်းငယ် လွတ်လပ်လာတယ် ဆိုရင်ပဲ ဟုတ်နေပြီ” ဟု မြ၀တီ စာပေတိုက်မှ ဝန်ထမ်းတဦးက ဆိုသည်။

ထုတ်ဝေနေသည့် သတင်းစာများအနက် ကြေးမုံသတင်းစာ တစောင်သာ ယင်းကဲ့သို့ ပြောင်းလဲရန် စီစဉ်နေခြင်း ဖြစ်သည်။

ကြေးမုံ သတင်းစာကို လက်ရှိ စောင်ရေ တသိန်းကျော် ထုတ်ဝေနေပြီး ဈေးနှုန်း ၁၀၀ ကျပ်ဖြင့် ဖြန့်ချိ ရောင်းချနေကြောင်း သိရသည်။

ကြေးမုံ သတင်းစာကို ၁၉၅၇ ခုနှစ်တွင် စတင် ထုတ်ဝေခဲ့ရာ နှစ်ပေါင်း ၅၀ ကျော် သက်တမ်း ရှိပြီဖြစ်သည်။

ကြေးမုံ သတင်းစာကို ကြေးမုံ ဦးသောင်း၊ ဦးဝင်းတင်၊ ဇ၀န အစရှိသည့် သတင်းစာ ဆရာကြီးများက စတင် တည်ထောင် လုပ်ကိုင်ခဲ့ကြပြီး အရည်အသွေးရှိ သတင်းစာ တစောင်ဖြစ်ခဲ့ သော်လည်း ဗိုလ်ချုပ်ကြီး နေ၀င်း ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး နောက် ကြေမုံ သတင်းစာသည်လည်း ပြည်သူပိုင် အသိမ်းခံခဲ့ရသည်။ ထိုနောက်ပိုင်းမှ စတင်၍ ကြေးမုံ သတင်းစာမှာ အစိုးရသတင်း ဦစားပေး ဖော်ပြရသည့် သတင်းစာ တစာင်၊ ဝါဒဖြန့် သတင်းစာ တစောင်အဖြစ် အသုံးပြုခံခဲ့ရပြီး အရည်သွေးလည်း ကျဆင်းသွားသည်။

ဧရာဝတီသတင်းထောက် နရီလင်းလက် ရေးသားသည်။

၂၁ မှ ၂၄ .၁၂.၂၀၁၀ အတွက် ဧရာဝတီသတင်းများ

လွှတ်တော်အတွက် မွန် ပါတီ ပြင်ဆင်

မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP)သည် မကြာမီပေါ်ပေါက်လာမည့် လွှတ်တော်ထဲ၌ ဆွေးနွေးသွားမည့် ကိစ္စများအတွက် အစည်းအဝေးကို ဒီဇင်ဘာလ ၂၇ ရက် နှင့်၂၈ ရက်များတွင် Read more Add comment (0) Hits: 978

ဒေါ်အောင်ဆန်းစုကြည်ကို ရုရှားသံအမတ်ကြီး တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီးက ယမန်နေ့ နေ့လယ်၌ လာရောက်တွေ့ဆုံကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြောသည်။ Read more Add comment (0) Hits: 3140

ထာဝရနှင်းဆီ အငြိမ့် မလေးရှားနှင့် စင်္ကာပူတွင် ဖျော်ဖြေမည်

ထာဝရနှင်းဆီ အငြိမ့် မလေးရှားနှင့် စင်္ကာပူတွင် ဖျော်ဖြေမည်မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် ဖျော်ဖြေမည့် ထာဝရနှင်းဆီ အငြိမ့် အတွက် ပရိသတ်များ အထူးစိတ်ဝင်စားနေပြီး ကြိုတင် လက်မှတ်များ ၀ယ်ယူသူ များပြားနေကြောင်း သိရှိရသည်။ Read more Add comment (2) Hits: 7006

ကရင်ပြည်နယ်တွင် ကုန်တင်ကားများ ချောဆွဲနေ

ကရင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် စစ်အစိုးရက ကားချောဆွဲမှုများ ရှိသဖြင့် အဝေးပြေးလမ်းမကြီးတွင် ပြေးဆွဲနေသော ကုန်တင်ကား ပိုင်ရှင်နှင့် ကားသမားများ စိုးရိမ်နေကြကြောင်း Read more Add comment (0) Hits: 1622

မြန်မာ့ နျူကလီးယား စီမံကိန်းများကို စစ်ဆေးရန် IAEA တောင်းဆို

မြန်မာ့ နျူကလီးယား စီမံကိန်းများကို စစ်ဆေးရန် IAEA တောင်းဆိုနိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) မှ ထိပ်တန်း နျူကလီယား ပညာရှင်ဟောင်း နှစ်ဦးအကြား မြန်မာစစ် အစိုးရရဲ့ နျူကလီယား ရည်မှန်းချက်များနဲ့ ပတ်သက်ပြီး အလွန်ရှုပ်ထွေး နက်နဲတဲ့ Read more Add comment (1) Hits: 5355

ကြံ့ဖွံ့ပါတီ၏ တံခါးပိတ်စည်းဝေး နေပြည်တော်တွင် ကျင်းပ

ကြံ့ဖွံ့ပါတီ၏ တံခါးပိတ်စည်းဝေး နေပြည်တော်တွင် ကျင်းပပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ရွေးကောက်ပွဲအပြီး အစည်းအဝေးကို ဒီဇင်ဘာ ၂၁ ရက်မှ စတင်၍ နေပြည်တော်၌ တံခါးပိတ် ကျင်းပလျက်ရှိသည်။ အစည်းအဝေးသို့ Read more Add comment (4) Hits: 5171

နအဖ တပ်က DKBA ကို ထိုင်းမြေပေါ်မှ တိုက်ရန် ကြိုးစား

ကရင်ပြည်နယ် မြ၀တီမြို့နယ် ဖလူးဒေသတွင် တပ်စွဲထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဗျူဟာ (၁) နှင့် ဗျူဟာ (၂) တပ်ဖွဲ့ဝင်များကို ချေမှုန်းရန် ထိုင်းနိုင်ငံ Read more Add comment (4) Hits: 7710

တတိယလုပွဲတွင် မြန်မာက ဗီယက်နမ်ကို ၂ ဂိုး ၁ ဂိုးဖြင့် နိုင်

တတိယလုပွဲတွင် မြန်မာက ဗီယက်နမ်ကို ၂ ဂိုး ၁ ဂိုးဖြင့် နိုင်၁၅ ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ အမျိုးသား ဘောလုံးပွဲစဉ်တွင် ပွဲချိန် ၅၇ မိနစ်၌ မြန်မာ အသင်းခေါင်းဆောင် စည်သူဇော်ဦး အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရ သော်လည်း Read more Add comment (0) Hits: 3452

ဂီရိမုန်တိုင်း ၂ လပြည့်သည့်တိုင် ထူထောင်ရေးများ မစတင်နိုင်သေး

ဂီရိမုန်တိုင်း ၂ လပြည့်သည့်တိုင် ထူထောင်ရေးများ မစတင်နိုင်သေးရခိုင်ပြည်နယ် အတွင်းရှိ ဂီရိဆိုင်ကလုန်း ဒဏ်ခံခဲ့ရသော မြို့နယ်များမှ လေဘေးသင့် ဒုက္ခသည်များသည် မုန်တိုင်း တိုက်ခတ်ပြီး ၂ လ ပြည့်မြောက် သည့်တိုင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ Read more Add comment (1) Hits: 645

ပြင်သစ် လူ့အခွင့်အရေးဆုကို မြန်မာ (GHRED) အဖွဲ့ရရှိ

ပြင်သစ် လူ့အခွင့်အရေးဆုကို မြန်မာ (GHRED) အဖွဲ့ရရှိထိုင်းနိုင်ငံတောင်ပိုင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများ အဓိက လုပ်ဆောင်ပေး နေသော Grassroots Human Rights Education and Development (GHRED) Read more Add comment (1) Hits: 1443

စစ်အစိုးရနှင့် ပတ်သက်သည့် ဝက်ဘ်ဆိုဒ်များကို မြန်မာဟက်ကာများ ဆက်တိုက်ခိုက်

စစ်အစိုးရနှင့် ပတ်သက်သည့် ဝက်ဘ်ဆိုဒ်များကို မြန်မာဟက်ကာများ ဆက်တိုက်ခိုက်ရတနာပုံ ဝက်ဘ်ပေါ်တယ်လ် အပါအဝင် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များ၏ ဝက်ဘ်ဆိုဒ်များ ဆက်လက် တိုက်ခိုက်ခြင်း၊ ဟက် (Hack) ခြင်း ခံနေရဆဲ ဖြစ်သည်။အောက်တိုဘာလ Read more Add comment (5) Hits: 7705

ဆင်ဆာထိ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး စစ်ဗိုလ်ချုပ်များ စိတ်ဝင်စား

ဆင်ဆာထိ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး စစ်ဗိုလ်ချုပ်များ စိတ်ဝင်စားစာပေစိစစ်ရေးက ပယ်ချထားသော ပြည်တွင်း သတင်း မီဒီယာများ၏ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ မေးမြန်းခန်းများကို နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များက စိတ်ဝင်တစား ဖတ်ရှုနေကြကြောင်း Read more Add comment (2) Hits: 12861

ကြံ့ဖွံ့ပါတီက အနိုင်ရပါတီတချို့ကို တရားစွဲ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) နှင့် နိုင်ငံရေး ပါတီတချို့တို့ အပြန်အလှန် တရားစွဲဆိုမှုများ ပြုလုပ်နေ ကြကြောင်း သိရသည်။“မတရား စွပ်စွဲချက်တွေနဲ့ သူတို့က စတင်စွဲတော့ Read more Add comment (2) Hits: 2670

ဖမ်းမိကျွန်းသစ် မြန်မာဘက်က ပြန်သွင်းခြင်းမဟုတ်ဟု ထိုင်းအမတ်ငြင်း

ဖမ်းမိကျွန်းသစ် မြန်မာဘက်က ပြန်သွင်းခြင်းမဟုတ်ဟု ထိုင်းအမတ်ငြင်းထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် ပြီးခဲ့သည့် ရက်သတ္တပတ်က ဖမ်းမိသည့် ကျွန်းသစ်အလုံး ၃၀၀၀ သည် စုံစမ်း စစ်ဆေး ရေး အဖွဲ့က စွပ်စွဲသကဲ့သို့ မြန်မာနိုင်ငံမှ ပြန်လည် တင်သွင်းလာသည့် Read more Add comment (0) Hits: 4018

မာနယ်ပလောတွင် KNU နှင့် စစ်အစိုးရ တိုက်ပွဲဖြစ်

စစ်အစိုးရတပ်နှင့် ကရင်အမျိုးသား အစည်းအရုံ (KNU )တပ်ဖွဲ့ဝင်များ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ မာနယ်ပလော ဒေသတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိကြောင်း KNU Read more Add comment (0) Hits: 4075

သင်္ကြန်ဗုံးကွဲမှု ဓာတ်ပုံရိုက်သူ ထောင် ၈ နှစ် ချခံရ

သင်္ကြန်ဗုံးကွဲမှု ဓာတ်ပုံရိုက်သူ ထောင် ၈ နှစ် ချခံရ၂၀၁၀ သင်္ကြန် အကြတ်နေ့က ရန်ကုန်မြို့ရှိ X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုအား ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်း ရိုက်ယူခြင်းကြောင့် ဖမ်းဆီးခံရသည့် ကိုစည်သူဇေယျကို ထောင်ဒဏ် ၈ နှစ် ချမှတ် Read more Add comment (2) Hits: 4921

ငါးမွေးမြူရေးလုပ်ငန်းများ အရှုံးပေါ်

ငါးမွေးမြူရေးလုပ်ငန်းများ အရှုံးပေါ်ယခုနှစ်အတွင်း ငါးမွေးမြူရေးဆိုင်ရာ အထွေထွေ ကုန်ထုတ်စရိတ်နှင့် ဝင်ငွေ အချိုးမမျှသဖြင့် အကျိုးအမြတ် နည်းပါးခြင်း၊ ငါးဈေးကွက် ပျက်ခြင်းတို့ကြောင့် ငါးမွေးမြူရေး လုပ်ငန်းရှင်များ Read more Add comment (1) Hits: 2268