၀၂.၁၂.၂၀၁၀ အတွက် RFA Burmese သတင်းများ

2010-12-02


ကမ္ဘာ့ AIDS ရောဂါနေ့ အခမ်းအနား NLD ကျင်းပ

2010-12-02
HIV/AIDS ဝေဒနာရှင်တွေဟာ ကိုယ်တိုင်မကျန်းမာပေမဲ့ ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင် ယူနိုင်တဲ့သူတွေ၊ ကျန်းမာသူတွေ တောင်မလုပ်နိုင်တာတွေကို လုပ်ပြတဲ့ သူတွေ အဖြစ် ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးလိုက်ပါတယ်။

2010-12-02

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗီဒီယိုထွက်ပေါ်ခြင်းကို Larry Jagan သုံးသပ်

လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ သူ့ ဇနီးတို့ကို ရဲမွန်မှာရှိတဲ့ အရေးကြီး နိုင်ငံရေးအကျဉ်းသားတွေထားတဲ့ အစိုးရဧည့်ရိပ်သာကို ခေါ်ဆောင်သွားတဲ့ ဗီဒီယိုမှတ်တမ်းတခု အင်တာနက်မှာ ပေါ်ထွက်လာခဲ့တာကို မြန်မာပြည်သူ အတော်များများက စိတ်ဝင်တစား ရှိခဲ့ကြသလို ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေလည်း ပြန့်သွားခဲ့ပါတယ်။

2010-12-02

အများထင်သလို ကြံ့ခိုင်ရေးပါတီ ၇၅ ရာနှုန်းအနိုင်မရ

၂၀၁၀ ရွေးကောက်ပွဲမှာ မကျင်းပခင်က စာရင်းဇယား အတိအကျ မထုတ်ပြန်နိုင်သလို ကျင်းပပြီးတော့လည်း အနှစ်ချုပ် အနိုင်ရစာရင်း တိတိကျကျ မထုတ်ပြန်နိုင်ပေမဲ့ လေ့လာတဲ့ အဖွဲ့အစည်းတွေရဲ့ အဆိုအရ စစ်အစိုးရရဲ့ ကြံ့ခိုင်ရေးပါတီဟာ အများထင်သလို လွှတ်တော်တိုင်းမှာ ကိုယ်စားလှယ် ၇၅ ရာနှုန်း အနိုင်မရဘူးလို့ ဆိုပါတယ်။

2010-12-02

ကရင်ငြိမ်းချမ်းရေးတပ်သား ၆ ဦးကို စစ်အစိုးရတပ်ပြန်လွှတ်

ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းက ကရင်ပြည်နယ် မြဝတီမြို့တောင်ဖက် ဖလူးလေးနားမှာ စစ်အစိုးရနဲ့ ကရင်ငြိမ်းချမ်းရေး အဖွဲ့ငယ်ကြား ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်အစိုးရတပ်က ဖမ်းသွားတဲ့ ကရင်ငြိမ်းချမ်းရေး အဖွဲ့က ၆ ဦးကို ပြန်လွှတ်ပေးလိုက်ပြီလို့ သိရှိရပါတယ်။

2010-12-02

ဒေါ်အောင်ဆန်းစုကြည်နှင့် RFA သီးသန့်ဆက်သွယ်မေးမြန်းချက်

မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေ၊ အနာဂတ်အရေးစတာတွေနဲ့ ပတ်သက်ပြီး RFA အရှေ့တောင် အာရှ ဌာန အကြီးအကဲ Susan Lavary က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက သီးသန့် ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: