၂၃.၁၁.၂၀၁၀ အတွက် RFA Burmese သတင်းများ

ဂီရိမုန်တိုင်း ဒုက္ခသည်တွေ အတွက် ဒေါ်လာ ၃ သိန်း အမေရိကန်လှူ

2010-11-23

ဂီရိမုန်တိုင်းဒုက္ခသည်ကူညီရေးအတွက် ရန်ကုန်မြို့  အခြေစိုက် အမေရိကန် သံရုံးက အမေရိကန် ဒေါ်လာ ၃ သိန်း ကူညီမယ်လို့  ပြည်သူ့  လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှုး ဦးအေးသာအောင်ကို ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော် လွတ်မြောက်ရေး မမေ့ဖို့ AAPP တိုက်တွန်း

2010-11-23

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော်ကို လွှတ်ပေးဖို့ AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

ပြည်သူတွေ လုပ်ရဲကိုင်ရဲ ရှိလာတာ တွေ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

2010-11-23

ပြည်သူတွေဟာ အရင်က နဲ့မတူဘဲ နိုင်ငံရေး ကိစ္စတွေမှာ လုပ်ရဲကိုင်ရဲ ရှိလာတယ်လို့ RFA နဲ့ ဆက်သွယ် မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ပါတီ ရပ်တည်ခွင့် တရားဝင်လာအောင် ဆက်လက် ကြိုးပမ်းသွားမယ့် အကြောင်း၊ ပြည်သူ အများရဲ့ ထောက်ခံမှု ရလာအောင် ဆက်လက် ကြိုးပမ်းရမှာ ဖြစ်သလို တဖက်မှာ အရင် နေအိမ် အကျယ်ချုပ် လွတ်မြောက်စဉ် တွေတုန်းကလို မတူဘဲ လူငယ်တွေ အများကြီး နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်လာတာ တွေ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

သားဖြစ်သူကို ဒေါ်အောင်ဆန်းစုကြည် လေဆိပ်မှာကြိုဆို

2010-11-23

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က (၁၀) နှစ်ကျော်ကြာ ခွဲခွါနေခဲ့ရတဲ့ သူ့သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်ကို ရန်ကုန် နိုင်ငံတကာ လေဆိပ်မှာ ဒီကနေ့ မနက်က ကိုယ်တိုင်သွားရောက် ကြိုဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုကို ထောက်ခံကြောင်း ဖိလစ်ပိုင် သမတပြော

2010-11-23

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ထွန်းရေး ကြိုးပမ်းမှုကို သူ့ အနေနဲ့ ထောက်ခံသွားမယ်လို့ ကတိပေးခဲ့ကြောင်း သမတ ဘီနစ်နို အာကွီနိုက ဒီနေ့  ပြောဆိုပါတယ်။

ပြည်ထောင်စုဒီမိုကရေစီ ပါတီ ဥက္ကဌ နှုတ်ထွက်

2010-11-23

၂၀၁၀ေ၇ွးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပြည်ထောင်စု ဒီမိုကရေစီ် ပါတီ UDP ရဲ့ ဥက္ကဌ ဖြစ်သူ ဦးသိန်းဌေး ဟာ ပါတီ က နှုတ်ထွက်သွားကြောင်း သိရပါတယ်။

အဖွဲ့ချုပ်ရပ်တည်ခွင့် တရားရုံးချုပ်က ပယ်ချခဲ့ပေမဲ့ ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်မည်

2010-11-23

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲ ကော်မရှင်က ဖျက်သိမ်းလိုက်တာနဲ့ပတ်သက်လို့ ဥပဒေနဲ့ မညီကြောင်း အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျှောက်လဲချက်ကို တရားရုံးချုပ်က တနင်္လာနေ့က ပယ်ချခဲ့ပါတယ်။

Sakharov ဆုလက်ခံဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြား

2010-11-23

လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာ တွေးခေါ်ရေးအတွက် ကြံ့ကြံ့ခံ ရင်ဆိုင်တိုက်ပွဲဝင်သူတွေကို ချီးမြှင့်တဲ့ Sakharov ဆုကို ၁၉၉၀ ပြည့်နှစ်က ရရှိခဲ့သူ ဒေါ်အောင်ဆန်းစုကြည် ကို ဒီ ဆု ကိုယ်တိုင် လက်ခံ ရယူဖို့ ဥရောပ ပါလီမန်က တနင်္လာနေ့ က ဖိတ်ကြားလိုက်ပါတယ်၊

Leave a comment