နေပြည်တော် တိရစ္ဆာန်ဥယျာဉ်မှ ကြံ့ဖြူ ၂ ကောင်လွတ်နေ

နေပြည်တော် တိရစ္ဆာန် ဥယျာဉ်အတွင်းရှိ ကြံ့ဖြူ ၂ ကောင် ယမန်နေ့ ည ၁၀ နာရီခန့်က လှောင်အိမ်အတွင်းမှ လွတ်မြောက် သွားကြောင်း စုံစမ်း သိရှိရသည်။

အဆိုပါ ကြံ့ဖြူ ၂ ကောင်သည် ၎င်းတို့ကို ကာရံထားသော လျှပ်စစ်လွှတ်ထားသည့် သံဆူးကြိုးများအား ကျော်ဖြတ်၍ ထွက်ပြေး လွတ်မြောက် သွားခြင်း ဖြစ်ကြောင်း နေပြည်တော် တိရစ္ဆာန်ဥယျာဉ်မှ ၀န်ထမ်း တဦးကပြောသည်။

၎င်းကြံ့ဖြူများသည် အသစ်တိုးချဲ့ထားသော နေပြည်တော် တိရစ္ဆာန်ဥယျာဉ်သို့ နိုဝင်ဘာလ ၂၉ ရက်နေ့က ရောက်ရှိခဲ့သည့် တိရစ္ဆာန် ၅၅ ကောင်ထဲတွင် အပါအဝင်ဖြစ်ကြောင်း သိရသည်။

လွတ်မြောက်သွားသော ကြံ့ဖြူ ၂ ကောင်သည် တောထဲသို့ ၀င်ပြေးသွားပြီး ပြန်လည် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း၊ အဆိုပါ ကြံ့ဖြူများကို အထူး ရှာဖွေဖမ်းဆီးရန် ကြိုးပမ်းနေကြောင်း နေပြည်တော် တိရစ္ဆာန်ဥယျာဉ်မှ ၀န်ထမ်းက ပြောသည်။

“တောထဲကို လွတ်သွားတာပါ။ လူတွေကို အန္တရာယ်မပေးနိုင်ပါဘူး” ဟု သူက ဆိုသည်။

Day Safari ဟု အမည်ပေးထားသော နေပြည်တော်ရှိ တိရစ္ဆာန်ဥယျာဉ်သည် အာဖရိကနှင့်အာရှ ရေမြေ သဘာဝပုံတူ ရှုခင်းများနှင့် အာဖရိက၊ အာရှဒေသ မျိုးစိတ် တိရစ္ဆာန်များ ထားရှိ ပြသထားသည့် အာဖရိကသဘာဝ ဥယျာဉ်တခုအဖြစ် FCGC ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အာဖရိက သဘာဝဥယျာဉ်တွင် ပြကွက် ၁၄ ကွက် ရှိပြီး ပြကွက်တိုင်းအတွက် ၀င်ပေါက်တခုစီနှင့် ပင်မ ၀င်ပေါက် တခုရှိသည်။

လက်ရှိတွင် နေပြည်တော် တိရစ္ဆာန်ဥယျာဉ်၌ တိရစ္ဆာန် မျိုးစိတ်ပေါင်း ၉၀ နှင့် အကောင်ရေ ၆၀၀ ကျော် မွေးမြူ ထားရှိကာ ၀င်ကြေး အဖြစ် လူကြီးကျပ် ၁၀၀၀ နှင့် ကလေးကျပ် ၅၀၀ သတ်မှတ်ထားပြီး နိုင်ငံခြားသားများကို အမေရိကန်
၁၀ ဒေါ်လာ သတ်မှတ်ထားသည်။

ဧရာဝတီသတင်းထောက် စည်သူ ရေးသားသည်။

ပြည်ပ ပို့ကုန် လုပ်ငန်းများ ကျဆင်း

မြန်မာပြည်တွင်း၌ ရွေးကောက်ပွဲနောက်ပိုင်း အမေရိကန် ဒေါ်လာဈေးနှုန်း ဆက်တိုက်ကျဆင်းနေပြီး ဆန်၊ ပဲ နှင့် နှမ်း စသည့် ပြည်ပ ပို့ကုန် စီးပွားရေး လုပ်ငန်းများလည်း ထက်ဝက်ခန့် လျော့ကျနေကြောင်း သိရသည်။

“Export (ပို့ကုန်) ကုမ္ပဏီတွေက ပြည်ပကို ၁၀ ဂရမ်၊ ၂၀ ဂရမ်လောက် ဆန်၊ ပဲ ၊ နှမ်းတွေ ကို နမူနာ အနေနဲ့ ပြည်ပက မှာ ရင် ပို့ပေးရတယ်။ ဒီ လကုန်ပိုင်းလောက်က စပြီး အဲဒီလိုပို့နေတာတွေ တ၀က်လောက်လျော့သွားတယ်။ ဘာများဖြစ် တာလဲ ဆိုပြီး ကုမ္ပဏီတွေကို မေးတော့ ပြည်ပ အမှာစာတွေ မလာတော့ သူတို့လည်း နမူနာပို့မပေးရဘူးလို့ ပြောတယ်”ဟု ပြည်ပသို့ ကုန်ပစ္စည်း ပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းမှ မန်နေဂျာ တဦးက ပြောသည်။

၎င်းက ဆက်လက်၍“ဒေါ်လာဈေး ဆက်တိုက် ထိုးကျနေတော့ ပို့ကုန်တွေအတွက် ပြန်ရလာမယ့် ငွေကြေး ကျတယ်။ တချို့ လုပ်ငန်းရှင်တွေက အခြေအနေစောင့်ကြည့်ပြီး ပို့တာ၊ တချို့ကို ခဏရပ်တာ ၊ လျှော့တာမျိုးတွေ ဈေးကွက် ကစားကြတာ တွေရှိတယ်”ဟု ၎င်း က ပြောသည်။

အဆိုပါ ဆန်၊ ပဲ ၊ နှမ်း ကုန်ပစ္စည်းများကို နမူနာအဖြစ် စင်င်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ယူအေအီး နိုင်ငံများသို့ ပို့ဆောင်ပေးရမှု များကြောင်း သိရသည်။

ယခုနှစ် ဆန်တင်ပို့မှုမှာ ပထမ ၆ လ အတွင်း ၂၇၀ ၁၈၀ တန်ချိန် ရှိပြီး ၂၀၀၉ ခုနှစ် ပထမ ၆ လ အတွင်းတင်ပို့မှု တန်ချိန်
၇၅၀ ၁၀၀ ရှိသောကြောင့် နှိုင်းယှဉ်ပါက တန်ချိန် ၄ သိန်းကျော် လျော့ကျသွားသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန စာရင်းဇယားများက ဆိုသည်။

ပြည်တွင်း ဈေးကွက်တွင် ပဲတင်ပို့မှုသည်လည်း ယခုနှစ် စက်တင်ဘာလ နောက်ပိုင်းမှ စတင်၍ အဓိက ၀ယ်ယူနေသော အိန္ဒိယ ၀ယ်လိုအား ကျဆင်းသွားခဲ့သည်ဟု နှမ်းနှင့် ပဲ ပြည်ပ တင်ပို့မှု လုပ်ကိုင်နေသည့် ကုမ္ပဏီ အရောင်းမန်နေဂျာတဦးက ပြောသည်။

“အရင်တုန်းကလို ပြည်ပနဲ့ နှစ်ချုပ် စာချုပ်တွေ ချုပ်ပြီး တင်ပို့မယ်ဆို ဘာအပြောင်းအလဲပဲ ဖြစ်ဖြစ် ဆက်တင်ပို့နေရတဲ့ အနေ အထားနဲ့တော့ ကွာသွားတာပေါ့။ အခုက ပြည်ပကမှာရင် ဒီက ဘယ်လောက် တင်ပို့မယ်၊ ဘယ်ဈေးနှုန်းနဲ့ သက်ဆိုင်ရာကို တင်ခွင့်ပြုတာ ကျလာရင်ရောင်း အဲဒီလို သွားနေတော့ ပြည်ပမှာ လက်ကျန်များနေရင် ဆက်မမှာတော့တာမျိုးတွေလည်း ရှိ တယ်။ ကိုယ့်ပြည်တွင်းမှာကို အခုလောလောဆယ် ဈေးကွက်က မငြိမ်ဘူး။ ဘာဖြစ်လာဦးမလဲဆိုပြီး တချို့ကထုတ်မရောင်း ဘူး။ ရောင်းလိုက်ပြီးကာမှ တခုခုဆို မရင်းရဲကြဘူးလေ”ဟု ၎င်းက ပြောဆိုသည်။

၂၀၀၉-၂၀၁၀ တွင် ပဲလွန်းဖြူ တင်ပို့မှု တန်ချိန် ၂၁၀၀၀၀ ရှိခဲ့ပြီး ယခု၂၀၁၀-၂၀၁၁ တွင် ၁၅၀၀၀၀ ၊ ပဲတီစိမ်း တင်ပို့မှု ၂၀၀၉-၂၀၁၀ တွင် ၁၂၈၀၀၀ရှိခဲ့ပြီး ၂၀၁၀-၂၀၁၁ တွင် ၁၂၂၀၀၀၊ မတ်ပဲတင်ပို့မှု ၂၀၀၉-၂၀၁၀တွင် တန်ချိန် ၂၉၀၀၀၀ ရှိခဲ့ပြီး
၂၀၁၀-၂၀၁၁ တွင် ၂၅၀၀၀၀ ခန့်သို့ လျော့ကျသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“သွင်းကုန်ရော၊ ပို့ကုန်ရော စောင်ခြုံပြီး အိပ်နေတယ် ပြောရမယ်။ ကျနော်တို့က အဓိက ရေထွက်ပစ္စည်းနဲ့ ပဲတင်ပို့တာများ တယ်”ဟု A.T Int’l ltd မှ မန်နေးဂျင်း ဒါရိုက်တာ ဦးအေးမင်းက ပြောသည်။

ပို့ကုန် အဓိကထား လုပ်ကိုင်နေသည့် Annawa Trade Park Marine Products Ltd မှ ဒါရိုက်တာ ကိုကျော်နိုင်ကလည်း “အရင်ကထက်စာရင် သိသိသာသာ ပို့ရတာ လျော့သွားတယ်။ ၃ ပုံ ၂ ပုံလောက် လျော့တာပေါ့ ”ဟု ပြောသည်။

အင်္ဂလန်၊ ဆော်ဒီ အာရေးဗီးယား ၊ ယူအေအီး၊ ကူဝိတ် ၊ အီတလီ နိုင်ငံများသို့ ငါး၊ ပုစွန် အဓိက ထား တင်ပို့လျက်ရှိရာ လက်ရှိ ဒေါ်လာဈေးနှုန်း ကျပ် ၉၀၀ အောက်သို့ ကျပြီးနောက် တင်ပို့မှု နှုန်းထားလည်း လျော့ကျသွားသည်ဟု ၎င်းက ဆက်ပြောသည်။
စီးပွားရေးပညာရှင် ဦးခင်မောင်ညို ကလည်း“ဒေါ်လာဈေးကျတာအပြင် ကျောက်မျက်ပွဲကနေ နိုင်ငံခြားငွေတွေ ၀င်လာတယ်၊ နောက် ဂီရိကနေလည်း ထပ်ဝင်တော့ ပြည် တွင်းမှာ နိုင်ငံခြားငွေ ပေါနေတာပေါ့။ ဒါတွေကြောင့်လည်း လက်ရှိ ပြည်ပနဲ့ ဆက် သွယ်လုပ်နေတဲ့ သွင်းကုန်၊ ပို့ကုန်တွေ အကုန် ကျနိုင်တယ်”ဟု ပြောသည်။

“ပြည်ပနဲ့ ဆက်သွယ်လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေရော၊ ဆိပ်ကမ်းလုပ်ငန်း လုပ်နေတဲ့ လူတွေရော အရင်ကထက် ကျနေ တယ်။ စီးပွားရေး လုပ်ငန်းရှင်တွေဘက်ကလည်း မလုပ်ရဲ မကိုင်ရဲ အနေအထားမျိုးဖြစ်နေတယ်။ အခြေအနေ နည်းနည်းငြိမ် မှ လုပ်မယ်ဆိုပြီး ထိန်းထားတော့ ဈေးကွက် လည်ပတ်မှု နှုန်းနှေးသွားတာပေါ့။ လုံးဝ ရပ်သွားတာတော့ မရှိသေးဘူး”ဟု အေးရှားဝေါ ဆိပ်ကမ်းတွင် လုပ်ကိုင်နေသူ မန်နေဂျာတဦးက ပြောသည်။

ရွေးကောက်ပွဲလွန်ကာလ နိုင်ငံရေးတည်ငြိမ်မှုနှင့် အာဏာပိုင်များ ချမှတ်ထားသည့် မူဝါဒအတိုင်း ဆက်လက်လုပ်ဆောင်သွား မည် ဆိုပါက စီပွားရေး ပုံစံသစ်ကို မျှော်ကြည့်နိုင်မည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

အထက်ပါ မန်နေဂျာက ဆက်လက်၍“အစိုးရသစ် တက်ပြီးတဲ့နောက်မှာ စီးပွားရေးလုပ်ငန်းတွေ အားကောင်းလာဖို့ ဆိုတာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့သလိုပေါ့၊ ပြောတဲ့အတိုင်း ဖြစ်လာမယ် ဆိုရင် တော့ စီးပွားရေးလုပ်ငန်းတွေလည်း ကောင်းလာမှာပါ”ဟု ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၏ အောက်တိုဘာ ၂၇ ရက် သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူများက နိုင်ငံ စီးပွားရေးအတွက် ၂၀၁၁ မှ စတင်၍ နောင် ငါးနှစ် အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့သည်။

ဧရာဝတီသတင်းထောက် နရီလင်းလက် ရေးသားသည်။

ဧရာဝတီမှ သတင်းတိုများ ၃၀.၁၁.၂၀၁၀


သတင်းတိုများ

ကမ္ဘာ့ အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်

၂၀၁၀ ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများ ၁၀၀ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို Foreign Policy မဂ္ဂဇင်းကြီးက ထည့်သွင်းဖော်ပြလိုက်သည်။ “ဒီမိုကရေစီအရေး ဆောင်ရွက်မှု၌ မည်သည့်အခါကမှ ဇွဲမလျှော့ခြင်းအတွက်” ဟု ရည်ညွှန်းထားသော ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့အဆင့် ၇၅ တွင် ထည့်သွင်းထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ “လုပ်စရာတွေလည်း အများကြီး ရှိသေးတယ်” ဟူသော စကားကိုလည်း ကိုးကားဖော်ပြထားသည်။ Read more Add comment (1) Hits: 424
သတင်းတိုများ

ဂီရိဒုက္ခသည်များ သန့်ရှင်းသည့် ရေမရသောကြောင့် ရောဂါဖြစ်

ရခိုင်ပြည်နယ်ရှိ ဂီရိဆိုင်ကလုန်းဒဏ် အများဆုံး ခံခဲ့ရသော မြေပုံ မြို့နယ်အတွင်းမှ ကျေးရွာ တချို့၌ သောက်သုံးရေ ရှားပါးနေပြီး ဆားငံရေ ၀င်ခဲ့သည့် တွင်း၊ ကန်များမှ ရေများကို အသုံးပြုနေရသောကြောင့် ဒေသခံ တချို့မှာ ၀မ်းကိုက်၊ ၀မ်းပျက်ရောဂါနှင့် မျက်စိ ဝေဒနာများ ခံစားနေရကြောင်း ဒေသခံများက ပြောသည်။ လေဘေးဒုက္ခသည် များသည် မုန်တိုင်းတိုက်ခတ်ပြီး တလကျော်သည့်တိုင် အစားအစာ၊ နေစရာနှင့် သောက်သုံးရေ လုံလောက်မှု မရှိသေး ကြောင်း သိရသည်။ Read more Add comment (0) Hits: 68

၃၀.၁၁.၂၀၁၀ ဗွီအိုအေ မှသတင်းများ

ဓာတ်ပုံ AP

နှစ် ၉၀ အမျိုးသားအောင်ပွဲနေ့ အခမ်းအနား NLD ဌာနချုပ်မှာ ကျင်းပမည်

နှစ်စဉ် ကျင်းပနေကြ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို မနက်ဖြန် ဗဟန်းမှာရှိတဲ့ NLD ရုံးချုပ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

သတင်းအပြည့်အစုံ | နားဆင်ရန်

၂၀၁၀ ရွေးကောက်ပွဲ စစ်တမ်း ကောက်ခံချက် SNLD မကြာမီ ထုတ်ပြန်မည်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၁၀ ရွေးကောက်ပွဲ ဘယ်လောက် လွတ်လပ်ပြီး တရားမျှတမှု ရှိသလဲဆိုတာ စစ်တမ်းကောက်ယူနေပါတယ်။

ချက် လွှတ်တော် နိုင်ငံခြားရေး ကော်မတီ မြန်မာရွေးကောက်ပွဲ ရှုတ်ချ

ချက်သမ္မတနိုင်ငံ ပါလီမန်ရဲ့ နိုင်ငံခြားရေးရာ ကော်မတီက မြန်မာစစ်အစိုးရ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ တရားမ၀င်ဘူးလို့ ရှုတ်ချလိုက်ပါတယ်။

၃၀.၁၁.၂၀၁၀ အတွက် RFA Burmese သတင်းများ

2010-11-30

အားလုံးပါဝင်သည့် နိုင်ငံရေးဖြစ်ဖို့ ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း

2010-11-30
နိုင်ငံရေးအသွင် ကူးပြောင်းမှုနဲ့ အမျိုးသားရင်ကြားစေ့ရေးဟာ ပါဝင်ထိုက်သူုအားလုံး ပါဝင်နိုင်မှု အပေါ် အခြေခံရမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr. Vijay Nambiar က မြန်မာ စစ်အစိုးရကို ပြောဆိုခဲ့ကြောင်း နိုဝင်ဘာ ၂၉ ရက် တနင်္လာနေ့က နယူးရောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က ပြောပါတယ်။

2010-11-30

စစ်မက်ဖြစ်မည့်အရေး ကချင်ပြည်သူများ စိုးရိမ်နေ

ကချင်ပြည်နယ်အတွင်း အခုရက်ပိုင်း မြန်မာစစ်အစိုးရရဲ့တပ်အင်အား သိသိသာသာ တိုးမြှင့်ချထားနေတဲ့အတွက် အပစ်ရပ် ကေအိုင်အို ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ မကြာခင် စစ်ပွဲတွေ ဖြစ်ပွားတော့မလား ဆိုပြီး ဒေသခံတွေက အထူး စိုးရိမ်ပူပန်နေကြတယ်လို့ မြစ်ကြီးနား မြို့ခံတွေက ပြောပါတယ်။

2010-11-30

စာပေစိစစ်ရေး ပြန်လည်တင်းကျပ်

စစ်အစိုးရရဲ့ စာနယ်ဇင်း ဆင်ဆာအဖွဲ့လို့ လူသိများတဲ့ စာပေစိစစ်ရေးနဲ့ ပုံနှိပ်ထုတ်ဝေရေး မှတ်ပုံတင်ဌာနဟာ ပါတီစုံ ရွေးကောက်ပွဲ ကျင်းပပြီးခဲ့ပေမဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ကို အရင်ကလိုပဲ ပြန်တင်းကျပ်လာတယ်လို့ ရန်ကုန် စာနယ်ဇင်းသမားတချို့က ပြောပါတယ်။

2010-11-30

ထိုင်းမြန်မာနယ်စပ်မှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားဆဲ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက် ဖလူးလေးကျေးရွာအနီးနဲ့ ဝေါလေဒေသတွင်းမှာ မနေ့က ညနေပိုင်းနဲ့ ဒီကနေ့ နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်းအထိ ဒီကေဘီအေ ခွဲထွက်အဖွဲ့တွေနဲ့ စစ်အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး ဗိုလ်ချုပ် ထိန်မောင် ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်အချို့ကို စစ်အစိုးရတပ်တွေက ဒီကနေ့ မနက်ပိုင်းမှာ ဖမ်းဆီးသွားခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။

2010-11-30

ရွေးကောက်ပွဲမသမာမှုများ ကုလကိုယ်စားလှယ်ကို ပါတီများ တင်ပြ

မြန်မာနိုင်ငံကို ၂ ရက်ကြာ အလည်အပတ် လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေးအရာရှိ မစ္စတာ ဗီဂျေ နမ်ဘီယာဟာ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတချို့ကို တွေ့ဆုံပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို ဆွေးနွေးမေးမြန်းခဲ့ပါတယ်။

2010-11-30

ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်ဈေးမှာ လူထုက ကြိုဆိုနှုတ်ဆက်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၃၀ ရက် ဒီကနေ့ မနက်ပိုင်းက ဗိုလ်ချုပ် အောင်ဆန်းဈေးကို သားဖြစ်သူနဲ့ အတူ သွားရောက်ရာမှာ ရာဂဏန်းရှိတဲ့ လူထုက နှုတ်ဆက်ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလိုက်ပါသွားသူတွေက ပြောပြပါတယ်။

2010-11-30

မြန်မာပြည်မှထွက်သော သစ် ဟုတ်မဟုတ် ထိုင်း စစ်ဆေးမည်

မြန်မာနိုင်ငံက တင်ပို့တယ် ဆိုတဲ့ သစ်လုံးတွေဟာ ထိုင်းပြည်တွင်းမှာ ဥပဒေမဲ့ ခုတ်လှဲတဲ့သစ်တွေ ဟုတ်မဟုတ် စစ်ဆေးတော့မယ် လို့ ထိုင်း အမျိုးသားသယံဇာတ နဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီး က ပြောဆိုလိုက်ကြောင်း ဗန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

2010-11-30

ကမ္ဘာ့ထိပ်တန်းတွေးခေါ်ရှင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ အခြေစိုက် Foreign Policy နိုင်ငံတကာရေးရာ မူဝါဒ မဂ္ဂဇင်းက ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင် တွေးခေါ်ရှင် ၁၀၀ စာရင်းမှာ တဦးအဖြစ် ထည့်သွင်း ဂုဏ်ပြု လိုက်ပါတယ်။

၃၀.၁၁.၂၀၁၀ အတွက် DVB မှသတင်းများ


more

 

more

 

more

 

more

 

more

 

more

 

more

ဗြိတိသျှ သရုပ် ဆောင် လီလီ ကိုလ်း နယ်စပ် ဒုက္ခသည် စခန်း သို့ လာရောက် လည်ပတ်

ဗြိတိသျှ သရုပ် ဆောင် လီလီ ကိုလ်း နယ်စပ် ဒုက္ခသည် စခန်း သို့ လာရောက် လည်ပတ်.

နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး အတွက် ကျောက်ဖြူတွင် တကိုယ်တော် ဆန္ဒပြသူ ပြင်းထန်စွာ ရိုက်နှက်ခံရ

နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး အတွက် မော်တော် ဆိုင်ကယ် စီးပြီး တကိုယ်တော် ဆန္ဒပြသူ ကျောက်ဖြူမြို့မှ ကိုထွန်းနုအား ရဲအရာရှိများက ပြင်းပြင်းထန်ထန်ရိုက်နှက် စစ်ဆေးမေးမြန်းခဲ့ကြောင်း သတင်းရရှိသည်။

သူ၏ ဆွေမျိုး တစ်ဦးက “ ကိုထွန်းနုကို နေ့လည် ၁ နာရီမှာ ကျောက်ဖြူရဲစခန်းက ဒုရဲအုပ် ဦးလှအောင်က ဖမ်းဆီးပြီး ရဲစခန်းမှာ ၀ါးရင်းတုတ်နဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက် စစ်ဆေးမေးမြန်းခဲ့ပါတယ်။ သူ့ကို ဘယ်သူက လုပ်ခိုင်းသလဲဆိုပီး စစ်ဆေးမေးမြန်းခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ကိုထွန်းနုသည် နိုဝင်္ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ဆိုင်ကယ်တစီးပေါ်တွင် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးပါဟု စာများကပ်ပြီး မြို့ကို ပတ်ကာ ဆန္ဒပြခဲ့သည်။

“ အဲဒီနေ့က ၀န်ကြီးချုပ် သိန်းစိန်လည်း ကျောက်ဖြူကို လာတဲ့နေ့ ဖြစ်ပါတယ်။ အချိန်ကိုက်ပြီးတော့ ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ကိုထွန်းနုအား ဖမ်းဆီးထာကြောင်းကို သူ၏မိဘများထံ ကျောက်ဖြူရဲစခန်းမှ အဆိုပါနေ့  ညနေ ၆နာရီခန့်တွင် လာရောက် အကြောင်းကြားခဲ့သည်ဟု မိသားစု အဖွဲ့ဝင် တစ်ဦးကလည်း ပြောကြားသည်။

“ သူတို့က ကိုထွန်းနုကို ဖမ်းပြီးတဲ့ နောက်ပိုင်းမှာ သူမိဘတွေကို ရဲက ခေါ်ယူစစ်ဆေးပါတယ်။ သူ့ရဲ့ ဖခင် ဦးကျန်လူမောင်ကို အဓိက စစ်ဆေး မေးမြန်းပါတယ်။ အိမ်ကိုလည်း ၀င်ရောက် စစ်ဆေးမူတွေ ပြုလုပ်ပါတယ်။ ပီးရင် တရားရုံးမှာ အမူဖွင့်ထားတယ်ဆိုပီးလည်း ပြောပါတယ်။”

ဦးထွန်းနူ၏ မိဘများမှ တရားရုံးသို့ သွားရောက်ကာ ဦးထွန်းနူမှာ စိတ်ဝေဒနာကို ခံစားနေသောသူ ဖြစ်ကြောင်း လက်မှတ် ရေးထိုးပြီးမှ တရားရုံးမှ ခံဝန်ချက် လက်မှတ်နှင့် လက်ဗွေရိုက်ယူကာ နိုဝင်္ဘာလ ၂၆ ရက်နေ့ ညနေ ၈ နာရီ ၃၀ မိနစ်တွင် ပြန်လည်လွတ်ပေးလိုက်သည်။

ဦးထွန်းနု မိသားစုအား စိတ်ဝေဒနာ ခံစားနေသူ တစ်ဦးဖြစ်ကြောင်း ခံဝန်ချက် လက်မှတ်ရေးထိုးမှ လွတ်ပေးမည်ဟု တရားသူကြီးမှ အကျပ်ကိုင်ခဲ့သဖြင့် မိသားစုက ယခုကဲ့သို့ ခံဝန်ချက် လက်မှတ်ရေးထိုးခဲ့ရခြင်း ဖြစ်ကြောင်း သူက ပြောသည်။

ဦးထွန်းနုမှာ အသက် ၃၂ နှစ် ရှိပြီး ကျောက်ဖြူမြို့ စေတီယျ ကျေးရွာမှ ဖြစ်သည်။

နိရဉ္စရာသတင်းထောက် ထွန်းထွန်း ရေးသားသည်။

ကရင်တပ်ဖွဲ့နှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် နအဖ ၃၀ဦးကျဆုံး

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ဘက်ပိုင်းတွင် ကရင်တပ်ဖွဲ့မှ နအဖနှင့် နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်တို့ကို ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်မှ (၃၀)ဦး ကျဆုံးခဲ့ပြီး လက်နက် (၃၀)လက် ကရင်တပ်ဖွဲ့မှ သိမ်းဆည်းရမိသည်ဟု သိရ သည်။

ယမန်နေ့ နေ့လည်ပိုင်းတွင် ကော့ကရိတ်အခြေစိုက် နအဖ စကခ(၁၂) လက်အောက်ခံ ခလရ(၂၃၁)တပ်ရင်းနှင့် BGF (၁၀၁၆)တပ်ရင်းတို့ ပူးပေါင်းတပ်ဖွဲ့အား တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ) ကလိုထူး ဘောဗျူဟာ(၁)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း(၁၈)တို့ပူးပေါင်း၍ ခုဒုံနှင့် အောင်လိုင်ကျေးရွာ ကြားတနေရာတွင် ချုံခိုတိုက်ခိုက်ခဲ့သည်ဟု ဒီကေဘီအေ ကလိုထူးဘောဗျူဟာ(၁) စစ်ဆင်ရေးမှူး G2 ဗိုလ်မှူးစောဆန်းအောင်က ယခုလို ပြောသည်။


၎င်းက “မနေ့က နေ့လည် ၁၂း၀၀နာရီအချိန်မှာ ခုဒုံနဲ့ အောင်လိုင်ကြားက တောင်ကြားတနေရာမှာ တက်လာတဲ့ နအဖနဲ့ BGF စစ်ကြောင်းကို ကျနော်တို့တပ်ဖွဲ့က အပိုင်နေရာယူထားပြီးတော့ စောင့်ပစ်တယ်။ အဲဒီမှာ နအဖနဲ့ BGF တွေရဲ့ အလောင်း ၃၀ နဲ့ လက်နက်အလက် (၃၀)ကို ကျနော်တို့ဘက်က ကောက်ရခဲ့တယ်။”ဟု ကေအိုင်စီကို အတည်ပြုပြောကြားသည်။

(ဝေါ်လေဒေသတွင် စစ်ရေးပြင်ဆင်နေသည့် ကလို့ထူးဘောဗျူဟာ တပ်ဖွဲ့ဝင်များ)

အဆိုပါ ချုံခိုတိုက်ပွဲတွင် ကရင်တပ်ဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာရမှု အနည်းငယ် ရှိခဲ့ပြီး နအဖနှင့် BGF တို့ထံမှ 81၊ 82၊ RPG၊ M1၊ M2 စသည့်လက်နက်များ အပါအ၀င် ကျည်ဆံတချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဗိုလ်မှူးစောဆန်းအောင် က ပြောသည်။ ထို့အပြင် မြ၀တီခရိုင် ဝေါ်လေဒေသ၊ ဖလူးကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ရက်နေ့ည (သောကြာနေ့)မှစ၍ ယနေ့အ ချိန်ထိ နအဖ စစ်တပ်နှင့် ကရင်တပ်ဖွဲ့ဝင်တို့ကြား အပြန်အလှန် ပစ်ခတ်ခဲ့ရာ နအဖဘက်က ၁ဦး သေဆုံးကာ ၂၅ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ကရင်တပ်ဖွဲ့မှ ၁ဦး အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုပစ်ခတ်မှုများကြောင့် ဖလူးကြီး၊ ဖလူးငယ်၊ ကျောက်ခက်စသည့်ကျေးရွာမှ ဒေသခံ ကရင်ပြည်သူ ၁,၀၀၀ကျော် ထိုင်းနိုင်ငံ၊ ဖို့ဖရမြို့နယ်အတွင်းရှိ နယ်စပ်နေရာများသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။
အလားတူ ဘုရားသုံးဆူမြို့နယ်ခွဲရှိ တဲသုံးလုံးနှင့် ဇီးပင်ကျေးရွာကြားတွင် နအဖ ခမရ(၄၁၀)နှင့် ဒီကေဘီအေ ဒုဗိုလ်မှူးကြီး စောအေ၀မ်းတပ်ဖွဲ့တို့ ပြောက်ကျားတိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၂ဦး ပွဲချင်းပြီး ကျဆုံးသွားခဲ့ကြောင်း သိရသည်။
နယ်ခြားစောင့်တပ် အမှတ်(၁၀၁၆)တပ်ရင်းကို ဦးစီးသူမှာ ဗိုလ်မှူးစောမြတ်ခိုင်ဖြစ်ပြီး ယခင် ဒီကေဘီအေ တပ်မဟာ(၉၉၉) လက်အောက်ခံ တပ်ရင်း(၃)၏ တပ်ရင်းမှူးဖြစ်သည်။

ဘုရားသုံးဆူဒေသတွင် တိုက်ပွဲထပ်မံဖြစ်ပွါးပြန်ပြီး

နော်အဲဏီ(နိုဝင်ဘာ-၂၉)။ ။ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နှင့်(၁၃)မိုင်အကွာ ကြိမ်ချောင်းမရောက်ခင် ဇီးပင်အရှေ့ တဲသုံးလုံးတွင် မြန်မာစစ်အစိုးရ ခလရ(၄၀၆)တပ်ရင်းနှင့် ဗိုလ်မှူးစောအေ၀မ်းဦးစီး ဒီကေဘီအေတို့ နိုဝင်ဘာလ (၂၈) ရက်နေ့ ညနေ( ၃) နာရီ(၁၀)မိနစ်အချိန်မှာ မိနစ်(၂၀)ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများမှပြောပါသည်။

စစ်အစိုးရတပ် ခလရ(၄၀၆)တပ်ရင်း အင်အား(၁၀၇)ယောက်နှင့် ခြုံခိုတိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာစစ်တပ် ဘက်က တစ်ယောက်ကျဆုံးပြီး နှစ်ယောက်ဒါဏ်ရာရသည်ဟု ဗိုလ်မှူးစောအေ၀မ်းမှပြောပါသည်။

“နအဖတပ်နဲ့ကျွန်တော်တို့အဖွဲ့တွေ တဲ(၃)လုံးမှာပစ်ကြတယ်နော်။ (၁၅)မိနစ် မိနစ်(၂၀) လောက်ရှိတာပေါ့ တိုက်ပွဲ ဖြစ်တာ။ သူတို့ဘက်က တစ်ယောက်ကျဆုံးပြီး နှစ်ယောက်ဒဏ်ရာရတယ်။ အဲဒီ(၄၀၆)အဖွဲ့တွေပေါ့။ သူတို့ဟာ ရင်ဘောင်တန်းတက်ပြီးလာတယ်လေ။ ရွာမ၀င်ခင်မှာ ကျွန်တော်တို့ အဲဒီမှာပစ်ခဲ့တယ်။”

ဘုရားသုံးဆူမှ ခလရ(၄၀၅)နှင့်(၄၀၆)တပ်ရင်းနှစ်ရင်းသည် ကြိမ်ချောင်းသို့စစ်ချီတက်ရာတွင် တဲသုံးလုံး တွင်ရောက်နေသော ဗိုလ်မှူးစောအေ၀မ်းတို့က ကြိုတင်သတင်းရ၍ ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ခလရ(၄၀၆)သည် ကြိမ်ချောင်းသို့ ခရီးဆက်ရန်အတွက် လူနာထမ်းရန် တဲသုံးလုံးတွင် ပေါ်တာများလိုက်လံ ဖမ်းဆီးနေသည်ဟု မော်တော်ဆိုင်ကယ်အငှါးမောင်းသူတစ်ဦးမှပြောပါသည်။

ယခုအနေအထား၌ ဘုရားသုံးဆူမြို့နဲ့ဝန်းကျင်ဒေသတွင် မြန်မာစစ်အစိုးတပ်မှ တပ်အင်အား(၅)တပ်ရင်းအားဖြည့်ထားပြီးခွဲထွက်သွားသည့်ဒီကေဘီအေတပ်နှင့်ကေအန်ယူခေါ် ကရင်အမျိုးသား အစည်းအရုံးတပ်ဖွဲ့များကိုလိုက်လံထိုးစစ်ဆင်နေသည့်အခြေအနေ ကြောင့်တိုက်ပွဲတွေထပ်မံပြင်းထန်လာဦးမည်ဟု ထိုင်းနယ်စပ် စစ်ရေးအကဲခတ်သူများမှပြောပါသည်။

တောတွင်းလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်းတောတွင်းပျောက်ကြားစစ်ဆင်ရေးသာမက မြို့တွင်းပျောက်ကြားစံနစ်ပါ လုပ်ဆောင်လာ နိုင်မည့်အနေအထားမှာရှိသည့်အတွက်မြို့ခံပြည်သူများ၏လုံခြုံရေးအခြေအနေသည် အာမခံချက်မရှိနိုင်သေးသလို အကယ်၍တိုက်ပွဲပြင်းထန်လာလျှင်စစ်ပြေးဒုက္ခသည်များပိုပြီးတိုးလာမည့်အနေအထားမှာရှိ နေသည်ဟုပြောဆိုမှုများရှိနေပါသည်။