ဧရာဝတီမှ သတင်းတိုများ ၂၃.၁၁.၂၀၁၀

သတင်းတိုများ

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ချင်းမိုင်တွင် ကျင်းပမည်

နိုဝင်ဘာ ၂၅ ရက်နေ့တွင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ ဦးစီး၍ “နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ  BP Chiang Mai City Hotel ၌ ကျင်းပမည်ဟု သတင်းရရှိသည်။ အဆိုပါ အခမ်းအနားတွင် ပြဇာတ်နှင့် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်စေရေး ဟောပြောမှုများ ပါဝင်မည်ဟု သိရသည်။ Read more Add comment (0) Hits: 64
သတင်းတိုများ

ရတနာပုံ ဝက်ဘ်ပေါ်တယ်လ် အဖောက်ခံရ

အမျိုးသားအဆင့် အဖြစ် စတင်လိုက်သော ရတနာပုံ ဝက်ဘ်ပေါ်တယ်လ်တွင် ဟက်ကာများက ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစကားကို မကြာသေးမီက တင်သွားပြီးနောက် ယခုအခါ အဆိုပါဆိုဒ်မှာ လုံးဝ ပိတ်သွားသည်ကို တွေ့ရသည်။ ပြည်တွင်း အင်တာနက် လုံခြုံရေးကွန်ရက်အတွက် အမေရိကန် ဒေါ်လာ ၈ သန်း အကုန်အကျ ခံထားရကြောင်း၊ စစ်အစိုးရ ထိန်းချုပ်ထားသည့် ပြည်တွင်း ဆာဗာများ DDoS ဖြင့် တိုက်ခိုက်ခံရမှုကြောင့် ခရီးသွားလုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်းများ ဒေါ်လာ သန်း ၂၀ ဖိုးခန့် ဆုံးရှုံးနစ်နာနေကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။ Read more Add comment (0) Hits: 498
သတင်းတိုများ

EU အစည်းအဝေးတွင် မြန်မာပြည်အကြောင်း ထည့်သွင်းဆွေးနွေးခဲ့

ယမန်နေ့က ကျင်းပခဲ့သော ဥရောပသဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အပါအဝင် မြန်မာနိုင်ငံကိစ္စကို ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ EU သံတမန် အကြီးအကဲ ကက်သရင်း အက်ရှ်တန် ကမူ မြန်မာပြည်အရေး ဆွေးနွေးရာတွင် သတိထား၍ မယုတ်မလွန် ပြောဆိုဆွေးနွေးသင့်ကြောင်း သတိပေးသည်။ ၁၉၉၀ ပြည့်နှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့သော အတွေးအခေါ်လွတ်လပ်မှု ဆိုင်ရာ ဆုကို ကိုယ်တိုင်လာရောက် ယူရန် EU က ဖိတ်ကြားလိုက်ကြောင်းလည်း သိရသည်။ Read more Add comment (0) Hits: 285
သတင်းတိုများ

ဂီရိလေဘေးဒုက္ခသည်များ သောက်သုံးရေပြတ်လပ်

ရခိုင်ပြည်နယ်အတွင်းမှ ဂီရိလေဘေး ဒဏ်ခံခဲ့ရသော ကျေးရွာတချို့တွင် ရေအခက်အခဲ ရင်ဆိုင်ကြုံတွေ့ နေရပြီး လူများအတွက် သောက်သုံးရေ ပြတ်လပ်နေသည့် အပြင် တိရစ္ဆာန် တချို့ပါ ရေငတ် သေဆုံးမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ မြေပုံမြို့နယ် အတွင်းရှိ ရွာများတွင် ရေရှားပါးမှု ဆိုးဆိုးရွားရွား ကြုံတွေ့နေကြရပြီး သက်ဆိုင်ရာ ဒေသ အာဏာပိုင်များက ယခုအချိန်ထိ ဖြေရှင်းပေးခြင်း မရှိသေးကြောင်းလည်း သတင်းရရှိသည်။ Read more Add comment (0) Hits: 66
သတင်းတိုများ

UDP ပါတီဥက္ကဋ္ဌ နုတ်ထွက်

ပြည်ထောင်စုဒီမိုကရေစီပါတီ (UDP) ၏ ဥက္ကဋ္ဌ ဦးသိန်းဌေးသည် နိုဝင်ဘာလ ၂၂ နေ့တွင် ပါတီဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်သည်။ ပါတီဝင်များ အကြား သဘောထား ကွဲလွဲမှုများ ရှိနေပြီး ၎င်းအနေဖြင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းကာ တတိယ အင်အားစု တရပ် ပေါ်လာရေးကို  လုပ်ဆောင်သွားရန် ရှိသောကြောင့် နုတ်ထွက်ရခြင်း ဖြစ်ကြောင်း ဦးသိန်းဌေးက ပြောသည်။ Read more Add comment (2) Hits: 184
သတင်းတိုများ

NLD ပါတီ ရပ်တည်ခွင့် တရားရုံးပယ်ချ၊ တရားဝင်စာ ထုတ်ပြန်ခြင်း မရှိသေး

NLD ပါတီဆက်လက် ရပ်တည်ခွင့်အတွက် လျှောက်လဲချက်ကို နေပြည်တော် တရားရုံးချုပ်က ပယ်ချလိုက်ပြီ ဖြစ်ကြောင်း AFP သတင်းဌာနက ယမန်နေ့က ဖော်ပြခဲ့သည်။ NLD ဒုဥက္ကဌ ဦးတင်ဦးကမူ တရားရုံးချုပ် အရာရှိတဦးကို ကိုးကားရေးသား ထားသော သတင်းအရသာ ပါတီရပ်တည်ခွင့် ပယ်ချခံရသည်ဟု သိရသေးကြောင်း၊ နေပြည်တော် တရားရုံးချုပ်မှ ပါတီသို့ တရားဝင် အကြောင်းကြားခြင်း၊ တရားဝင် စာထုတ်ပြန်ခြင်းတို့ မရှိသေးကြောင်း ပြောသည်။ Read more Add comment (0) Hits: 229
သတင်းတိုများ

ဖိလစ်ပိုင်သမ္မတ ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်စကားပြော

ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဘီနင်နို အကွီနိုက ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းဆက်၍ လွတ်မြောက်မှု အတွက် ဝမ်းမြောက်ကြောင်း ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က အာရှတွင် ဖိလစ်ပိုင် တနိုင်ငံကသာ ၎င်းကို ဖုန်းဆက်၍ နှုတ်ဆက်ဖော် ရကြောင်း၊ ရန်ကုန်ရှိ တရုတ်နှင့် အိန္ဒိယ သံတမန်များနှင့် အဆက်အသွယ် မပြတ် ရှိနေစေချင်ကြောင်း NLD ခေါင်းဆောင် တဦးဖြစ်သည့် ဦးဝင်းတင်ကို ပြောဆိုသည်ဟု သိရသည်။ Read more Add comment (1) Hits: 273
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် သားငယ်နှင့် ပြန်တွေ့ပြီ

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ်စ်သည် ယနေ့နံနက် ၉ နာရီက ရန်ကုန်လေဆိပ်သို့ ရောက်ရှိခဲ့ပြီး မိခင်ဖြစ်သူနှင့် ပြန်လည် ဆုံတွေ့ခဲ့ပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ဒီမိုကရေစီ အရေးကို ဆောင်ရွက် နေရသဖြင့် သားဖြစ်သူနှင့် ၁၀ နှစ်ကြာ ခွဲခွာနေခဲ့ရာမှ ယခု ပထမဆုံးအကြိမ် ပြန်လည် ဆုံတွေ့ရခြင်းဖြစ်သည်။ Read more Add comment (2) Hits: 239 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: