၃၀.၁၁.၂၀၁၀ အတွက် RFA Burmese သတင်းများ

2010-11-30


အားလုံးပါဝင်သည့် နိုင်ငံရေးဖြစ်ဖို့ ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း

2010-11-30
နိုင်ငံရေးအသွင် ကူးပြောင်းမှုနဲ့ အမျိုးသားရင်ကြားစေ့ရေးဟာ ပါဝင်ထိုက်သူုအားလုံး ပါဝင်နိုင်မှု အပေါ် အခြေခံရမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr. Vijay Nambiar က မြန်မာ စစ်အစိုးရကို ပြောဆိုခဲ့ကြောင်း နိုဝင်ဘာ ၂၉ ရက် တနင်္လာနေ့က နယူးရောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က ပြောပါတယ်။

2010-11-30

စစ်မက်ဖြစ်မည့်အရေး ကချင်ပြည်သူများ စိုးရိမ်နေ

ကချင်ပြည်နယ်အတွင်း အခုရက်ပိုင်း မြန်မာစစ်အစိုးရရဲ့တပ်အင်အား သိသိသာသာ တိုးမြှင့်ချထားနေတဲ့အတွက် အပစ်ရပ် ကေအိုင်အို ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ မကြာခင် စစ်ပွဲတွေ ဖြစ်ပွားတော့မလား ဆိုပြီး ဒေသခံတွေက အထူး စိုးရိမ်ပူပန်နေကြတယ်လို့ မြစ်ကြီးနား မြို့ခံတွေက ပြောပါတယ်။

2010-11-30

စာပေစိစစ်ရေး ပြန်လည်တင်းကျပ်

စစ်အစိုးရရဲ့ စာနယ်ဇင်း ဆင်ဆာအဖွဲ့လို့ လူသိများတဲ့ စာပေစိစစ်ရေးနဲ့ ပုံနှိပ်ထုတ်ဝေရေး မှတ်ပုံတင်ဌာနဟာ ပါတီစုံ ရွေးကောက်ပွဲ ကျင်းပပြီးခဲ့ပေမဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ကို အရင်ကလိုပဲ ပြန်တင်းကျပ်လာတယ်လို့ ရန်ကုန် စာနယ်ဇင်းသမားတချို့က ပြောပါတယ်။

2010-11-30

ထိုင်းမြန်မာနယ်စပ်မှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားဆဲ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက် ဖလူးလေးကျေးရွာအနီးနဲ့ ဝေါလေဒေသတွင်းမှာ မနေ့က ညနေပိုင်းနဲ့ ဒီကနေ့ နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်းအထိ ဒီကေဘီအေ ခွဲထွက်အဖွဲ့တွေနဲ့ စစ်အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး ဗိုလ်ချုပ် ထိန်မောင် ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်အချို့ကို စစ်အစိုးရတပ်တွေက ဒီကနေ့ မနက်ပိုင်းမှာ ဖမ်းဆီးသွားခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။

2010-11-30

ရွေးကောက်ပွဲမသမာမှုများ ကုလကိုယ်စားလှယ်ကို ပါတီများ တင်ပြ

မြန်မာနိုင်ငံကို ၂ ရက်ကြာ အလည်အပတ် လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေးအရာရှိ မစ္စတာ ဗီဂျေ နမ်ဘီယာဟာ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတချို့ကို တွေ့ဆုံပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို ဆွေးနွေးမေးမြန်းခဲ့ပါတယ်။

2010-11-30

ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်ဈေးမှာ လူထုက ကြိုဆိုနှုတ်ဆက်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၃၀ ရက် ဒီကနေ့ မနက်ပိုင်းက ဗိုလ်ချုပ် အောင်ဆန်းဈေးကို သားဖြစ်သူနဲ့ အတူ သွားရောက်ရာမှာ ရာဂဏန်းရှိတဲ့ လူထုက နှုတ်ဆက်ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလိုက်ပါသွားသူတွေက ပြောပြပါတယ်။

2010-11-30

မြန်မာပြည်မှထွက်သော သစ် ဟုတ်မဟုတ် ထိုင်း စစ်ဆေးမည်

မြန်မာနိုင်ငံက တင်ပို့တယ် ဆိုတဲ့ သစ်လုံးတွေဟာ ထိုင်းပြည်တွင်းမှာ ဥပဒေမဲ့ ခုတ်လှဲတဲ့သစ်တွေ ဟုတ်မဟုတ် စစ်ဆေးတော့မယ် လို့ ထိုင်း အမျိုးသားသယံဇာတ နဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီး က ပြောဆိုလိုက်ကြောင်း ဗန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

2010-11-30

ကမ္ဘာ့ထိပ်တန်းတွေးခေါ်ရှင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ အခြေစိုက် Foreign Policy နိုင်ငံတကာရေးရာ မူဝါဒ မဂ္ဂဇင်းက ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင် တွေးခေါ်ရှင် ၁၀၀ စာရင်းမှာ တဦးအဖြစ် ထည့်သွင်း ဂုဏ်ပြု လိုက်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: