၂၉.၁၂.၂၀၁၀ အတွက် ဧရာဝတီသတင်းတိုများ

သတင်းတိုများ

ဂျပန်နှင့် စင်္ကာပူ က သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ ကူညီမည်

ဂျပန်နိုင်ငံနှင့် စင်္ကာပူ နိုင်ငံက လာမည့်နှစ်အတွက် မြန်မာနိုင်ငံကို မြေငလျင် နှင့် သဘာဝ ဘေးအန္တရာယ် လျော့ပါးရေး ဆိုင်ရာ အကူအညီများပေးရန် ရှိကြောင်း သိရသည်။ စင်္ကာပူ နန်ယန်း တက္ကသိုလ် နှင့် ဂျပန်နိုင်ငံ တိုကျို တက္ကသိုလ်တို့က ပညာရှင်များ လာရောက်မည်ဖြစ်ပြီး အထူးသဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မန်အောင် နှင့် ရမ်းဗြဲ မြို့များ အပါအ၀င် ရခိုင် ကမ်းရိုးတန်း တလျှောက်တွင် လေ့လာရေးများပြုလုပ်ကြမည်ဖြစ်ကြောင်း၊ ထို့အပြင် တရုတ် တိုင်ပေ ကလည်း မြန်မာနိုင်ငံသို့ လာရောက်ရန် ရှိကြောင်း ဆင်ဟွာ သတင်းတွင် ဖော်ပြထားသည်။ Read more Add comment (0) Hits: 390
သတင်းတိုများ

စစ်ပြေး ဒုက္ခသည်များကို ပြန်မပို့ရန် ထိုင်းကို UNHCR တိုက်တွန်း

ထိုင်းဘက်တွင် ယာယီခိုလှုံနေသည့် မြန်မာ စစ်ပြေး ဒုက္ခသည် ၂၀၀ ခန့်အား ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက နေရပ်ပြန်ခိုင်းမှုနှင့် ပတ်သက်၍ UNHCR က အတင်းအကြပ် ပြန်မပို့ရန် တိုက်တွန်းလိုက်သည်။ အမျိုးသမီး ၅၀ ကျော်နှင့် ကလေး ၇၀ ကျော် ပါဝင်နေသည့် ယင်းဒုက္ခသည်များမှာ စစ်ဖြစ်နေဆဲ ဝေါ်လေဒေသသို့ ပြန်ရန် အသင့်မဖြစ်သေးဟု သိရကြောင်း UNHCR ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ Read more Add comment (0) Hits: 93

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: