၂၈.၁၂.၂၀၁၀ အတွက် ဧရာဝတီသတင်းတိုများ

သတင်းတိုများ

UWSPညီလာခံ အစိုးရသစ်နှင့်ဆက်ဆံရေး သဘောတူညီချက်များ ချမှတ်

“ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP)က ဦးစီးကျင်းပနေသည့် ၁၀ ရက်ကြာညီလာခံမှတဆင့် “ဝ”ဒေသ ဖွံ့ဖြိုး တိုး တက်ရေး အပါအဝင် အစိုးရသစ်နှင့် ဆက်ဆံရေးတို့အတွက် အချက် ၆ ချက်ကို သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း သတင်း ရရှိသည်။ ၎င်းညီလာခံကို “ဝ”ဒေသတွင်းမှ မိုင်းမောမြို့နယ်တွင် ဒီဇင်ဘာ ၂၀ ရက်မှ ၂၉ ရက်အထိ ကျင်းပခြင်းဖြစ်ပြီး ကိုယ် စားလှယ် ပေါင်း၂၀၀၀ ကျော် တက်ရောက်ကြောင်း သိရသည်။ Read more Add comment (0) Hits: 173
သတင်းတိုများ

ယုဇနကုမ္ပဏီ မြေယာ အမှု အမိန့်ချတော့မည်

စီးပွားရေး လုပ်ငန်းရှင် ဦးဌေးမြင့်၏ ယုဇနကုမ္ပဏီကို ကချင်ပြည်နယ်မှ မြေယာ အသိမ်းခံရသည့် တောင်သူများက လျော်ကြေး ရလိုမှုဖြင့် တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ မြစ်ကြီးနားမြို့ ပြည်နယ် တရားရုံး၌ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အမိန့်ချမည် ဖြစ်ကြောင်း တောင်သူများ၏ အကျိုးဆောင်ရှေ့နေ ဦးမြင့်သွင်က ဧရာဝတီသို့ ပြောသည်။ “ပြင်ပ နစ်နာမှုတွေပါ၊ တောင်သူတွေ လယ်တွေ ပျက်စီးတယ်၊ လယ်တွေ၊ ယာတွေ၊ ဥယျာဉ်တွေ၊ စိုက်ပျိုးသီးနှံတွေ ပျက်စီးတဲ့ အတွက် နစ်နာ ဆုံးရှုံး တာတွေ တောင်း ထားတာပါ”ဟု ၎င်းက ဆိုသည်။ ယုဇန ကုမ္ပဏီက ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းရှိ မြေယာများ သိမ်းယူခြင်းကို ၂၀၀၇ ခု နှစ် ကတည်းက မိုးညှင်းခရိုင် ဖားကန့် မြို့ရှိ ကျေးရွာများတွင် စတင်ခဲ့ခြင်းဖြစ်ပြီး တောင်သူဦးရေ ၆၀၀ ကျော်၏ မြေ ၁၃၃၈ ဧကကို သိမ်းယူခဲ့ခြင်းဖြစ်သည်။ Read more Add comment (0) Hits: 419
သတင်းတိုများ

ရန်ကုန် မှ မန္တလေး သို့ ၇ နာရီ ခန့်ဖြင့် ရောက်နိုင်မည်

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး၏ နေပြည်တော်-မန္တလေး လမ်းပိုင်းကို ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိ သူ တဦးက ပြောသည်။ အဆိုပါလမ်း ဖွင့်ပြီးချိန်တွင် ခရီးသည်တင်ယာဉ်များမှာ ရန်ကုန်နှင့်   မန္တလေး သို့ ၇ နာရီခန့်ဖြင့် သွားလာနိုင်မည်ဖြစ်ကြောင်း ယနေ့ ထုတ် မြန်မာ့ အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ရန်ကုန်-နေပြည်တော် အမြန်လမ်းကို ၂၀၀၉ ခုနှစ် မတ်လ ၂၅ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။ Read more Add comment (0) Hits: 739
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်ကို ကနေဒါ နိုင်ငံ က ဖိတ်ခေါ်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် နိုင်ငံသား တဦးအဖြစ် လက်ခံ၍ ကနေဒါ နိုင်ငံသို့ လာရောက် လည်ပတ်ရန် ၀န်ကြီးချုပ် မစ္စတာ စတီဖင် ဟာပါ က ဖိတ်ခေါ်လိုက်သည်ဟု အေအက်ဖ်ပီ သတင်းတွင် ရေးသား ထား သည်။ ၂၀၀၇ ခုနှစ် ကတည်းက တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား၊ တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမား၊ အစ္စလမ် ဘာသာရေး ခေါင်းဆောင် အဂ္ဂါခန် တို့ ကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံ သား တဦးအဖြစ် ကနေဒါ ပါလီမန်က ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Read more Add comment (0) Hits: 517
သတင်းတိုများ

မွန် ပါတီ စီးပွားရေး လုပ်မည်

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) သည် ရေရှည်ရပ်တည်ရေး အတွက် စီးပွားရေးလုပ်ငန်း တချို့လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ အဓိကစီးပွားရေး လုပ်ငန်းများမှာ ရာဘာလုပ်ငန်း၊ ရေလုပ်ငန်း၊ ဆန်စပါးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး စသည့် လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟု AMDP ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။ ၎င်းတို့ ပါတီသည် လွှတ်တော် အတွက် ကြိုတင်ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၇ ရက် နှင့် ၂၈ ရက်တို့တွင် အစည်းအဝေး လုပ်နေကြောင်း သိရသည်။ Read more Add comment (0) Hits: 86

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: