၂၇.၁၂.၂၀၁၀ အတွက် ဧရာဝတီသတင်းတိုများ

သတင်းတိုများ

နိုင်ငံရေးအကျဉ်းသားများကို မန္တလေး NLD ငွေထောက်ပံ့

မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က နိုင်ငံရေးအကျဉ်းသား ၄ ဦးအတွက် ထောက်ပံ့ငွေ ၅၀၀၀၀ ကျပ်စီကို ၎င်းးတို့၏ မိသားစုများထံ ယနေ့ ပေးအပ်ခဲ့ကြောင်း သိရသည်။ မန္တလေးတိုင်းတွင် နိုင်ငံရေးမှုဖြင့် ထိန်းသိမ်းခံရသူ ၄၀ ဦးရှိနေရာ လစဉ်အလှည့်ကျ ထောက်ပံ့မှုပေးနေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်ပြည့်မွေးနေ့မှ စတင်ကူညီမှုပေးခဲ့ရာ ယခုအချိန်ထိ နိုင်ငံရေးအကျဉ်းသား ၂၂ ဦးကို ထောက်ပံ့ပေးခဲ့ကြောင်း၊ ယခု တကြိမ်ထောက်ပံ့မှုတွင် NLD ပါတီဝင် ၂ ဦးနှင့် ပါတီဝင်မဟုတ်သည့် နိုင်ငံရေးအကျဉ်းသား ၂ ဦးလည်း  ပါဝင်ကြောင်း မန္တလေးတိုင်း NLD စည်းရုံးရေးအဖွဲ့ဝင် ဦးကိုကိုလေးက ပြောသည်။ Read more Add comment (0) Hits: 131
သတင်းတိုများ

KNPP နအဖ ယာဉ်တန်းကို တိုက်ခိုက် ၊ ၃ ဦး ကျဆုံး

ကယားပြည်နယ် ဖရှုးဆိုးမြို့နယ်တွင် သံလွင် ရေကာတာ တည်ဆောက်ရေး စီမံကိန်းအတွက် သွားနေသည့် အစီး၂၀ ခန့်ရှိ နအဖ ယာဉ်တန်းကို ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP)တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် သောကြာနေ့၌ ခြုံခို တိုက်ခိုက်ခဲ့သောကြောင့် နအဖ ဘက်မှ ၃ ဦး ကျဆုံးကြောင်း KNPP အတွင်းရေး မှူး (၁) ခူဦးရယ်က ဧရာဝတီသို့ ပြောသည်။ Read more Add comment (0) Hits: 345
သတင်းတိုများ

ဆူဇူကီးဖလား ဗိုလ်လုပွဲ ပထမ ပွဲစဉ် မလေးရှား နိုင်

ဆူဇူကီးဖလား ၂၀၁၀ ဗိုလ်လုပွဲ ပထမ ပွဲစဉ်တွင် အိမ်ရှင် မလေးရှားအသင်းက အင်ဒိုနီးရှားအသင်းကို ၃ ဂိုးပြတ်နိုင်သည်။ ယခု ကဲ့သို့ ယမန်နေ့က ဂိုးပြတ်နိုင်ထားသော်လည်း ဒုတိယ ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၌ ကစားရမည်ဖြစ် သောကြောင့် အကောင်းဆုံးဖြစ်ရန် ကြိုးစားမည်ဖြစ်ကြောင်း မလေးရှားနည်းပြ ရာဂျာဂိုဗယ်က ပြောသည်။ မြန်မာ အသင်းသည် အုပ်စု အဆင့်တွင် ဗီယက်နမ်၊ စင်ကာပူ တို့အား ရှုံးပြီး ဖီလစ်ပိုင်အား သရေကျခဲ့သည့်အတွက် ဒီဇင်ဘာလ ၈ ရက်နေ့ ကတည်းက  အုပ်စု အဆင့်မှ လှည့်ပြန်ခဲ့ရသည်။ Read more Add comment (0) Hits: 354

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: