၂၁မှ ၂၅.၁၂.၂၀၁၀ အတွက် RFA Burmese မှသတင်းများ

2010-12-25


စစ်အစိုးရနဲ့ ပူးပေါင်းပြီး ရင်ကြားစေ့ရေး လမ်းကြောင်းလျှောက်မယ်လို့ NDF ခေါင်းဆောင်ပြော

2010-12-25
အရင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်တွေ ဖြစ်ခဲ့ပြီး လက်ရှိ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနဲ့ ဒေါက်တာဝင်းနိုင်တို့ဟာ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံပြီး သူတို့ ဘာ့ကြောင့် ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲ ၀င်ခဲ့ကြတယ်ဆိုတာကို ရှင်းပြမယ်လို့ သိရပါတယ်။

2010-12-25

စစ်အစိုးရကို ဆက်လက်တိုက်ပွဲဝင်ဖို့ KNU ဆုံးဖြတ်

မကြာသေးခင်က ကျင်းပခဲ့တဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ နှစ်ပတ် လည် အစည်းအဝေးမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ ညီညွတ်ရေး၊ ကရင်ပြည်နယ်အတွင်း စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်စဲရေးကိစ္စတွေ ဆွေးနွေးခဲ့သလို၊ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် စစ်အစိုးရကို တိုက်ပွဲဝင် ဖိအားပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

2010-12-25

အာဏာပိုင်တွေရဲ့ကမ်းလှမ်းချက် ပန်းတနော်မြို့နယ်က လယ်သမားတွေ ငြင်းဆို

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်က လယ်သမား ၃၆ ဦးရဲ့ လယ်ယာမြေ ဧက ၁ ရာ သိမ်းဆည်းခံလိုက်ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်တွေက မနေ့က ညနေပိုင်းက ခေါ်ယူတွေ့ဆုံပြီး လယ်မြေနေရာ အစားထိုးပေးမယ့် အကြောင်း ကမ်းလှမ်းချက်ကို လယ်သမား ၃၆ ဦးက ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။

2010-12-25

ပူတာအိုထောင်က နိုင်ငံရေးအကျဉ်းသား တချို့ ကျန်းမာရေး ဆိုးဝါး

ကချင်ပြည်နယ်အတွင်း နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးကိစ္စနဲ့ ပတ်သက်ပြီး စစ်အစိုးရ အာဏာပိုင်တွေနဲ့ ကချင် လွတ်လပ်ရေးတပ်မတော် အကြား တင်းမာမှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လမ်းပန်း ဆက်သွယ်မှု လျော့နည်းသွားပြီး ဆေးဝါးပစ္စည်း ရှားပါးနေတာကြောင့် ပူတာအိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား တချို့ ဆေးကုသဖို့ အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။

2010-12-25

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု တွေ့ဆုံမည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ခွဲထွက်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ဒီဇင်ဘာလ ၃ဝ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ကို ပထမဦးဆုံး အကြိမ်အဖြစ် သွားရောက်တွေ့ဆုံဖို့ ရှိတယ်လို့ ကြေညာပါတယ်။

2010-12-24

‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ်အမေးအဖြေ အစီအစဉ်

“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” မေးဖြေခန်း ဒီဇင်ဘာ ၂၄ ရက်နေ့ အစီအစဉ်မှာ မနိုင်ခြူးဝေ (နော်ဝေ)၊ ဒေါ်မော်လီ (ကနေဒါ)၊ ကိုအိုတူး (ထိုင်း)၊ ကိုထိုက်မင်း (ဖင်လန်)၊ ကိုကျော်စစ်နိုင် (အမေရိကန်)၊ ကိုစတီဗင် (ဆွီဒင်) တို့ရဲ့ မေးခွန်းတွေ ကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။

2010-12-24

ကျန်းမာရေးဝန်ကြီးဌာန NLD ကို ကူညီမည်

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက NLD က မဖြူဖြူသင်း၊ ကိုရာဇာတို့ရဲ့ HIV/AIDS ဝေဒနာသည် ကူညီ စောင့်ရှောက်ရေး လုပ်ငန်းတွေကို ကူညီ ပံ့ပိုးပေးမယ်လို့ ပြောဆိုကြောင်း သတင်း ရရှိပါတယ်။

2010-12-24

ILO အရာရှိနဲ့ တွေ့ဆုံအပြီး လယ်သမားတွေ အခြေအနေ ပိုဆိုးဝါး

ILO ကမ္ဘာ့ အလုပ်သမားအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ Mr. Steve Marshall နဲ့ တွေ့ဆုံပြီး အခက်အခဲတွေ တင်ပြခဲ့ကြတဲ့ အောင်လံမြို့နယ်က လယ်သမားတွေကို သူတို့ စိုက်ပျိုးထားတဲ့ လယ်မြေတွေထဲ မဝင်ရတော့ဘူး ဆိုပြီး ကပစ (၁၅) စစ်တပ်က ပိတ်ပင် တားမြစ်လိုက်တဲ့အတွက် ရန်ကုန် ILO ရုံးကို လယ်သမားတွေ ဒီကနေ့ သွားရောက် တိုင်တန်းခဲ့ကြပါတယ်။

2010-12-23

ပြင်းထန်သည့် အအေးလှိုင်း မြန်မာနိုင်ငံကို ဖြတ်သန်းဖွယ်

မြန်မာနိုင်ငံအတွင်း လာမဲ့သီတင်းပတ် ဇန်နဝါရီလဆန်းပိုင်းမှာ အင်အားအတန်အသင့် ပြင်းထန်တဲ့ အအေးလှိုင်းတခု ဖြတ်သန်း ဝင်ရောက်ဖို့ ရှိတယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က RFA ကို ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ပြောကြားပါတယ်။

2010-12-23

UWSA ၅ ရက်ကြာ ခရိုင်ညီလာခံကျင်းပပြီးစီး

ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (ဝသပ) UWSA ရဲ့ ခရိုင်အဆင့် ညီလာခံကို မိုင်းမောခရိုင်မှာ ၅ ရက်ကြာ ကျင်းပပြီး၊ ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ပြီးဆုံးခဲ့ပါတယ်။ အဲဒီ ညီလာခံကို ပါတီဝင် ကိုယ်စားလှယ် အင်အား ၂၅၀၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

2010-12-23

ကြံ့ခိုင်ရေးပါတီနှင့် ရွေးကောက်ပွဲဝင် ပါတီအချို့ အပြန်အလှန်တရားစွဲ

ရွေးကောက်ပွဲအနိုင်ရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP တို့ ရွေးကောက်ပွဲ မသမာမှုတွေနဲ့ ပတ်သက်ပြီး အပြန်အလှန် တရားစွဲဆိုနေကြတယ်လို့ သိရပါတယ်။

2010-12-23

NLD ရုံးချုပ်မှာ ပင်လုံစိတ်ဓာတ် ဟောပြောပွဲကျင်းပ

NLD ပါတီနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ကြိုးပမ်း အကောင်အထည်ဖော်နေတဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံနဲ့ ပတ်သက်ပြီး ၊ ပင်လုံစိတ်ဓာတ်ဆိုတဲ့ အကြောင်းတွေကို NLD ပါတီခေါင်းဆောင် နှစ်ဦးဖြစ်တဲ့ ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းတင်တို့က NLD ရွှေဂုံတိုင်ရုံးချုပ်မှာ ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက် နေ့လည်ပိုင်းက ဟောပြောခဲ့ကြောင်း NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။

2010-12-23

ဒေါ်အောင်ဆန်းစုကြည်ကို ရုရှားသံအမတ်ကြီး လာရောက်တွေ့ဆုံ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ်ခေးလ် အမ်.ဂျီလက်ဇ်က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက် မနက် ၁၀ နာရီက လာရောက် တွေ့ဆုံဆွေးနွေးကြောင်း NLD ပါတီ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။

2010-12-23

မြန်မာဗိုလ်ချုပ်များ ခုံရုံးတင် မခံနိုင်ကြောင်း အမေရိကန် လျှို့ဝှက် အစီရင်ခံစာ ပေါက်ကြား

ထိပ်ပိုင်း မြန်မာဗိုလ်ချုပ်တွေအားလုံး လိုချင်နေတာက မလွှဲမရှောင်သာလို့ ကိုယ့်သဘောနဲ့ကိုယ် ရာထူးကနေ ဆင်းပေးရမယ်ဆိုရင် သူတို့နဲ့ သူတို့မိသားစု အားလုံး ပိုင်ဆိုင်မှုတွေကို ဆက်လက်ထိန်းထားပြီး တရားစွဲ အရေးယူမခံရဘို့ ဆိုတဲ့ အာမခံချက်မျိုးပဲ ဖြစ်တယ်လို့ မကြာခင်က ပေါက်ကြားခဲ့တဲ့ ရန်ကုန်မြို့ အမေရိကန်သံရုံး လက်ရှိ သံရုံးယာယီတာဝန်ခံ လယ်ရီ-ဒင်ဂါး ရေးသားတဲ့ လျှို့ဝှက်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

2010-12-22

သုခ ကုသိုလ်ဖြစ် ဆေးခန်းအတွက် UAE ရောက် မြန်မာများ ငွေလှူဒါန်း

အာရပ်စော်ဘွားများနိုင်ငံ (UAE) ကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေက ရုပ်ရှင် သရုပ်ဆောင် ကိုကျော်သူ ဦးဆောင်တဲ့ သုခကုသိုလ်ဖြစ် ဆေးခန်းက မျက်စိခွဲစိတ်ကုသခန်း အတွက် အလှူငွေ အမေရိကန် ဒေါ်လာ ၃ ထောင်ကျော် လှူဒါန်းကြတယ်လို့ သိရပါတယ်။

2010-12-22

လွှတ်တော်အတွက် NDF ပါတီ စတင်ပြင်ဆင်

NDF ပါတီဟာ မကြာခင် ခေါ်ယူတော့မဲ့ လွှတ်တော်အတွင်း ဥပဒေကြမ်းတွေ တင်သွင်းနိုင်ရေးအတွက် ပြင်ဆင်မှုတွေ စတင်ပြုလုပ်နေပြီလို့ ပါတီခေါင်းဆောင်တွေက RFA ကို ဒီဇင်ဘာ ၂၂ ရက် ဒီကနေ့ ပြောပါတယ်။

2010-12-22

နိုင်ငံခြား သတင်းဌာနများ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဆုံ

အမေရိကန် ပြည်ထောင်စုက နာမည်ကျော် Forbes မဂ္ဂဇင်းနဲ့ New Yorker မဂ္ဂဇင်းတွေ အပါအဝင်၊ စပိန်နိုင်ငံ ရုပ်မြင်သံကြားဌာနတခုကလည်း NLD ရုံးချုပ်ရှိရာ ရွှေဂုံတိုင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာ ၂၂ ရက် ဒီကနေ့ လာရောက် တွေ့ဆုံ မေးမြန်းကြကြောင်း NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။

2010-12-21

ကရင်ပြည်နယ်မှာ စစ်တပ်နှင့် DKBA တိုက်ပွဲငယ်များဖြစ်ဆဲ

မြန်မာ စစ်အစိုးရတပ်တွေနဲ့ ဒီကေဘီအေတပ်တွေအကြား နေ့စဉ်ရက်ဆက် ဆိုသလို တိုက်ပွဲတွေ ပြင်းထန်နေပြီး၊ ဒီဇင်ဘာ ၂၁ ရက် ဒီကနေ့မှာလည်း တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒီကေဘီအေ ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွှေး (ခေါ်) ဗိုလ်မှူးချုပ် စောလားပွယ်က RFA ကို ပြောပါတယ်။

2010-12-21

ဂီရိမုန်တိုင်းဘေးအတွက် ယူရို ၃ သန်း EU လှူဒါန်း

ရခိုင်ပြည်နယ်က ဂီရိမုန်တိုင်းသင့် ပြည်သူတွေအတွက် ဥရောပသမဂ္ဂ ကော်မရှင်က ယူငွေ ၃ သန်း ထောက်ပံ့ ကူညီမယ်လို့ ဒီဇင်ဘာ ၂၁ ရက် ဒီကနေ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

2010-12-21

အလုပ်ပွဲစားက အဓမ္မစစ်သားစုဆောင်းမှု ILO ကို တိုင်ကြား

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ရပ်ကွက်အမှတ် ၁၄၀ နေ ဒေါ်မိုးရီရဲ့ သား ကိုခန့်ချောကို အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းခဲ့တဲ့အတွက် မိသားစုက ဒီဇင်ဘာ ၂၁ ရက် ဒီကနေ့မှာ ILO ကို တိုင်ကြားလိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: