၂၁ မှ ၂၄.၁၂.၂၀၁၀ အတွက် VOA Burmese မှသတင်းများ

ကရင်နီဒေသမှာ တရုတ်နိုင်ငံသားတချို့  အတိုက်ခိုက်ခံရ

သံလွင်မြစ်ပေါ်က ရေကာတာဆောက်လုပ်ရေး စီမံကိန်းတခုကိုသွားတဲ့ တရုတ်နိုင်ငံသားတွေနဲ့ ယာဉ်တန်းတခုကို ကရင်နီလက်နက်ကိုင်အဖွဲ့ ချုံခိုတိုက်ခိုက်။

သတင်းအပြည့်အစုံ | နားဆင်ရန်

ရုရှားသံအမတ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံခဲ့ပါတယ်။

ကုလအနုမြူအေဂျင်စီ မြန်မာပြည်ကို သွားရောက်စစ်ဆေးလို

မြန်မာနိုင်ငံက သံသယဖြစ်ဖွယ် နျူကလီးယားစက်ရုံနေရာတွေကို ၀င်ရောက် စစ်ဆေးခွင့်ပြုဖို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီအဖွဲ့က တောင်းဆို။

ထိုင်းနယ်စပ်အနီး တိုက်ပွဲတွေဆက်ဖြစ်

ထိုင်း-မြန်မာနယ်စပ် မြ၀တီခရိုင်ထဲက ဖလူးကြီးဖလူလေးရွာဘက်မှာ မြန်မာစစ်တပ်နဲ့ ဒီကေဘီအေတပ်တွေ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

အမေရိကန်ရဲ့ မြန်မာဆိုင်ရာ မူဝါဒ ပြန်သုံးသပ်သင့်

အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို အပြောင်းအလဲလုပ်ဖို့ သုံးသပ်သင့်ပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

စစ်တပ်ပါဝင်တဲ့ ပြန်လည်သင့်မြတ်ရေး ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်လို

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စစ်အစိုးရ အပါအ၀င် သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အစိုးရသစ်ကို ၀အဖွဲ့ စကားပြောမည်

ဝပြည် သွေးစည်းညီညွတ်ရေး ပါတီက နောက်တက်လာမယ့် အစိုးရသစ်နဲ့ ဆွေးနွေးဖို့နဲ့ သူတို့ရဲ့ အခြေခံမူ ၆ ချက်ကို ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားရေး NLD ဟောပြော

ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ် ပေါ်ထွန်းလာရေးအတွက် ရည်ရွယ်ပြီး NLD ရုံးချုပ်မှာ ပညာပေး ဟောပြောပွဲတခု ကျင်းပခဲ့ပါတယ်။

မြန်မာပြည်တွင်း မီဒီယာတွေ အားထုတ်မှု RSF ဖော်ပြ

မြန်မာနိုင်ငံက သတင်းသမားတွေဟာ ပိတ်ပင်ကန့်သတ်တာတွေ ကြားကပဲ အဓိက အဖြစ်အပျက်ကြီးတွေကို ဖော်ပြနိုင်ခဲ့တယ်လို့ RSF အဖွဲ့က ပြောပါတယ်။

မြန်မာ့နိုင်ငံရေး အဖြေရှာရာမှာ ဒေါ်စု ပါဝင်ဖို့ အင်ဒိုနီးရှား တိုက်တွန်း

မြန်မာ့နိုင်ငံရေး အဖြေရှာရာမှာ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ရမယ်လို့ ယူဆကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံ အဓမ္မ လုပ်အားပေး ခိုင်းစေမှု ဒေါ်စု ILO နဲ့ ဆွေးနွေး

မြန်မာနိုင်ငံတွင်း အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ILO ဆက်သွယ်ညှိနှိုင်းရေးမှူးတို့ ဆွေးနွေးခဲ့ပါတယ်။

ရွေးကောက်ပွဲ မသမာမှု တိုင်တန်းချက်တွေ နေပြည်တော် တရားရုံး စတင်စစ်ဆေး

ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေနဲ့ ပတ်သက်ပြီး တရားစွဲဆိုတဲ့ အမှုတွေကို မနေ့ကစပြီး နေပြည်တော် တရားရုံးမှာ စတင်စစ်ဆေးနေပါပြီ။

ကြံ့ဖွံ့ပါတီ လွှတ်တော်ကိုယ်စားလှယ် စည်းဝေးပွဲ နေပြည်တော်မှာ စတင်

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ခံ အမတ်တွေရဲ့ ပထမဦးဆုံး ညီလာခံကို ဒီနေ့ နေပြည်တော်မှာ စတင်ကျင်းပခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားကိစ္စ ICRC နဲ့ ဒေါ်စု တွေ့ဆုံ

ICRC မြန်မာနိုင်ငံဆိုင်ရာ တာဝန်ရှိသူတွေဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ဂီရိမုန်တိုင်းဘေး EU ယူရိုငွေ ၃,၀၀၀,၀၀၀ လှူ

မြန်မာနိုင်ငံက ဆိုင်ကလုံးဂီရိဒဏ် ခံခဲ့ရတဲ့ ဒုက္ခသည်တွေအတွက် အကူအညီငွေ ယူရို ၃,၀၀၀,၀၀၀ ထောက်ပံ့ဖို့ ဥရောပ ကော်မရှင်က ဆုံးဖြတ်လိုက်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: