၂၀.၁၂.၂၀၁၀ အတွက် ဧရာဝတီသတင်းတိုများ

သတင်းတိုများ

ဖားကန့် ကျောက်စိမ်းကုမ္ပဏီများထံ အခွန်ကောက်ခံမည်ဟု KIA အကြောင်းကြား

ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်း နယ်မြေ၌ လုပ်ကိုင်နေကြသော ကုမ္ပဏီများထံမှ အခွန် ကောက်ခံမည်ဟု ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) က နိုဝင်ဘာ လကုန်ပိုင်းတွင် အကြောင်းကြားစာ ပေးပို့ထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ KIA သည် ၁၉၉၄ ခုနှစ် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားချိန်မှစ၍ အခွန်ကောက်ခံခြင်းကို ရပ်ဆိုင်း ထားခဲ့သော်လည်း ယခု ပထမဆုံး အခွန်ပြန်လည် ကောက်ခံရန် စီစဉ်ခြင်း ဖြစ်သည်။ Read more Add comment (0) Hits: 429
သတင်းတိုများ

ကုန်တင်ခများ ဈေးမြင့်၍ ကုန်ပစ္စည်း တင်ပို့သူများ အခက်ကြုံ

ပုဂ္ဂလိက ကုန်တင်ကားများ၏ ကုန်တင်ခ ဈေးနှုန်းများ မြင့်တက်သွား သော်လည်း ကုန်ပစ္စည်း ဈေးနှုန်းများ မြှင့်တင်ရန် မလွယ်ကူ၍ ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းသမားများ အခက်အခဲ ကြုံနေကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းက ပြောသည်။ ကုန်းလမ်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကုန်တင်ကားများကို ယာဉ်နှင့် ကုန်ပစ္စည်း အပါအ၀င် တန် ၃၀ ထက် မပိုရဟု နိုဝင်ဘာ လကုန်ပိုင်းက ညွှန်ကြားချက် ထုတ်လိုက် ပြီးနောက် ကုန်တင်ခနှုန်းများ မြင့်တက်သွားခြင်း ဖြစ်ကြောင်း သိရှိရသည်။ Read more Add comment (0) Hits: 106
သတင်းတိုများ

လူငယ်ပညာပေး ဟောပြောပွဲ NLD ရုံးတွင် ကျင်းပမည်

ဒီဇင်ဘာ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီ၌ လူငယ်ပညာပေး ဟောပြောပွဲတရပ်ကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ NLD အဖွဲ့ချုပ်ရုံးတွင် ကျင်းပမည်ဖြစ်ရာ NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးနှင့် NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်တို့က “ပြည်ထောင်စု စိတ်ဓာတ်” အကြောင်းအရာဖြင့် ဟောပြောမည် ဖြစ်ကြောင်း သိရသည်။ Read more Add comment (0) Hits: 92
သတင်းတိုများ

ရထားလမ်းဖောက်ရန် ရခိုင်ဒေသမှ လယ်မြေဧက ထောင်ချီသိမ်း

ရခိုင်ပြည်နယ်အတွင်း ဖောက်လုပ်နေသော စစ်တွေ-အမ်း-မင်းဘူး မီးရထားလမ်းကြောင့် လယ်မြေဧက ထောင်ချီ၍ အသိမ်းခံနေရပြီး ရော်ဘာခင်း တချို့လည်း ဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။ ထိုရထားလမ်း ဖောက်လုပ်မှုတွင် အသုံးပြုသည့် မြေတူးစက်များကြောင့် ဒေသခံ စစ်တပ် များကို ဆက်သွယ်ထားသည့် မြေအောက် ကေဘယ်လိုင်းများ ပျက်စီးသွားသဖြင့် စစ်တပ်နှင့် မီးရထား ဌာနတို့ အကြား ပြဿနာတက်နေကြောင်းလည်း စုံစမ်းသိရသည်။ Read more Add comment (0) Hits: 138
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် ဘဝအကြောင်း ရိုက်ကူးထားသည့် ဇာတ်ကားကို “The Lady” ဟု အမည်ပေးမည်

ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး မီရှဲလ်ယိုး သရုပ်ဆောင်ထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ဘဝအကြောင်း ရိုက်ကူးထားသော ဇာတ်ကားအား “The Lady” ဟု အမည် သတ်မှတ်မည်ဖြစ်ကြောင်း  Guardian အင်တာနက် စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။ အဆိုပါ ဇာတ်ကားကို ရိုက်ကူးသည့် ပြင်သစ်နာမည်ကြီး ဒါရိုက်တာ Luc Besson က ဒေါ်အောင်ဆန်း စုကြည်သည် ပြင်သစ်အမျိုးသမီး သူတော်စင် Joan of Arc ထက်ပင် သူရဲကောင်း ပိုဆန်ကြောင်း ပြောထားသည်။ Read more Add comment (0) Hits: 1054
သတင်းတိုများ

DKBA နှင့် စစ်အစိုးရ တိုက်ပွဲထပ်ဖြစ်၊ ဒဏ်ရာရ သေဆုံးမှုများ ရှိ

ကရင်ပြည်နယ် မြ၀တီမြို့နယ် ဖလူးကြီး၊ ဖလူးလေး ရွာဝန်းကျင်၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ(၅)နှင့် စစ်အစိုးရတပ် ခမရ (၅၄၇) တို့ ယမန်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားရာ ခမရ (၅၄၇)မှ ၇ ဦးကျဆုံး၍ ၁၃ ဦး ခန့် ဒဏ်ရာရရှိပြီး DKBA က ၁ ဦး ကျဆုံး၍ ၅ ဦးခန့် ဒဏ်ရာရရှိကြောင်း သိရသည်။ ထိုသို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသ ခံများမှာ နီးစပ်ရာ တောထဲတောင်ထဲ ၌လှည့်လည် ပုန်းရှောင်နေရပြီး စစ်ပြေး ဒုက္ခသည် ၁၀၀ ခန့် သည်လည်း ထိုင်းနိုင်ငံ ဘက်သို့ ထပ်မံ တိမ်းရှောင်လာရသည်ဟု ယင်းဒုက္ခသည်များအား ကူညီနေသူများက ပြောသည်။ Read more Add comment (0) Hits: 568

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: