၁၈.၁၉.၂၀.၁၂.၂၀၁၀ အတွက် RFA Burmese မှသတင်းများ

2010-12-20


ဒေါ်အောင်ဆန်းစုကြည်ကို အိုင်အယ်အိုအရာရှိ တွေ့ဆုံရှင်းပြ

2010-12-20
ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက် နေ့လည် ၂ နာရီလောက်က အိုင်အယ်အို ညှိနှိုင်းရေးအရာရှိ မစ္စတာ စတိဗ် မာရှယ်ဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း အိုင်အယ်အို အဖွဲ့အစည်းအနေနဲ့ လုပ်ဆောင်နေတာတွေကို ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြ ဆွေးနွေးခဲ့တယ်လို့ မစ္စတာ စတိဗ် မာရှယ်က RFA ကို ပြောပါတယ်။

2010-12-20

မြန်မာနိုင်ငံမှ ဆန်တင်ပို့မှု ထက်ဝက်ကျော် ကျဆင်း

အခုနှစ် ၉ လတာအတွင်း မြန်မာနိုင်ငံရဲ့ ပြည်ပ ဆန်တင်ပို့မှုဟာ ၆၅ ရာခိုင်နှုန်းအထိ ကျဆင်း သွားတယ်လို့ မြန်မာနိုင်ငံ ဗဟိုစာရင်းအင်းအဖွဲ့က နောက်ဆုံး ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

2010-12-20

သြစတြေးလျသံအမတ်သစ်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကြိုဆို

လာမဲ့ ၂၀၁၁ ခုနှစ် ဇန်နဝါရီလက စတင်မဲ့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ် ၃ နှစ်သက်တမ်းအတွက် သြစတြေးလျ နိုင်ငံခြားရေးရာနဲ့ ကူးသန်းရောင်းဝယ်ရေးဌာန ထိပ်တန်းအရာရှိ Ms. Bronte Moules ကို ခန့်အပ်လိုက်ကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Kevin Rudd က ဒီကနေ့ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

2010-12-20

အိုင်အယ်အိုအရာရှိက လယ်သမားများကိုတွေ့ဆုံမေးမြန်း

အိုင်အယ်အိုအရာရှိ မစ္စတာစတိဗ် မာရှယ်ဟာ အောင်လံမြို့နယ်က လယ်သမားတွေနဲ့ ဒီဇင်ဘာ ၁၉ ရက် မနေ့က သွားရောက် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။

2010-12-20

၈၈ မျိုးဆက် ခေါင်းဆောင် မနီလာသိန်း ထောင်ပြောင်းပေးရေး တောင်းဆို

သရက်ထောင်မှာ ထောင်ဒဏ် ၆၅ နှစ်ကျခံနေရတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် မနီလာသိန်းဟာထောင် ပြောင်းပေးဖို့ တောင်းဆိုထားကြောင်း သတင်းရရှိပါတယ်၊

2010-12-20

ဗိုလ်ချုပ်မှူးကြီးနှင့် တိုက်ရိုက်ဆွေးနွေးဖို့ အမေရိကန်ကို တရုတ်ပြောကြားခဲ့

ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ တရုတ်အကြားမှာ ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်း မကြာသေးခင်က WikiLeaks က ပေါက်ကြား ဖော်ပြတဲ့ အမေရိကန် သံတမန်ရေးရာ လျှို့ဝှက် ကြေးနန်းတွေအရ သိရပါတယ်။

2010-12-19

ကလေးမြို့အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားများ

စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်မှာ ရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ ရာသီဥတုနဲ့ ထောင်တွင်း အခြေအနေ ဆိုးဝါးမှုတွေကြောင့် ကျန်းမာရေးအခြေအနေ ဆိုးဝါးနေကြပေမယ့် လုံလောက်တဲ့ ဆေးကုသမှု မရကြဘူးလို့ သိရပါတယ်။

2010-12-19

NLD မုန်တိုင်းကူညီရေးအဖွဲ့ မြေပုံနယ်က တိုင်းရင်းသားတွေကို ကူညီ

ဂီရိမုန်တိုင်း ဒုက္ခသည်တွေကို အကူအညီပေးဖို့ ကျောက်ဖြူမြို့ကို ရောက်ရှိနေတဲ့ NLD နဲ့ CRPP အဖွဲ့ဝင်တွေဟာ မြေပုံမြို့နယ် အတွင်းက ချင်းတိုင်းရင်းသား အများစု နေထိုင်ရာ ရွာတရွာကို ဒီကနေ့သွားရောက်ပြီး ဆန်၊ အမိုးအကာနဲ့ ဆေးဝါးတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

2010-12-19

တရုတ်သြဇာ လွှမ်းမိုးမှု အိန္ဒိယ စိုးရိမ်

“သဘာဝဓာတ်ငွေ့ ဝယ်ယူရရှိရေးနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရရဲ့ လိမ်ညာလှည့်ဖျားတာကို မိမိတို့ ခံနေရတယ်” ဆိုပြီး အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဌာန အရာရှိတဦးက အမေရိကန် ကောင်စစ်ဝန်ကို ပြောဆိုခဲ့ကြောင်း အခုရက်ပိုင်းအတွင်း WikiLeaks အဖွဲ့က နောက်ထပ် ပေါက်ကြားလိုက်တဲ့ အမေရိကန်သံရုံး လျှို့ဝှက်ကြေးနန်း မှတ်တမ်းတခု မှာ ဖော်ပြထားပါတယ်။

2010-12-19

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်းချီ

နေအိမ်အကျယ်ချုပ်ဘ၀မှာ ပန်းချီရေးဆွဲခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆက်စပ်ပြီး ပန်းချီအနုပညာခံစားမှု အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

2010-12-19

ကုလ အချိန်ပြည့် အထူးကိုယ်စားလှယ် ခန့်အပ်ရေး

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချိန်ပြည့် အထူးကိုယ်စားလှယ် ခန့်အပ်နိုင်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ တချို့က ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

2010-12-19

နယ်စပ် ကုန်သွယ်ရေးစခန်းတွေ တိုးချဲ့ဖွင့်လှစ်မယ်လို့ စစ်အစိုးရ ကြေညာ

ထိုင်း၊ တရုတ်နဲ့ အိန္ဒိယ သုံးနိုင်ငံနယ်စပ်မှာ နယ်စပ် ကုန်သွယ်ရေးစခန်း ၇ ခု ထပ်မံ တိုးချဲ့ ဖွင့်လှစ်သွားမယ်လို့ မြန်မာစစ်အစိုးရ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက တရားဝင် ကြေညာလိုက်ပါတယ်။

2010-12-18

ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးဆိုးဝါး

စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်မှာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ဦးဆောင်ဆရာတော် တပါးဖြစ်တဲ့ အရှင်ဂန္ဘီရ ကျန်းမာရေး အခြေအနေ ဆိုးဝါးနေတယ်လို့ သိရပါတယ်။

2010-12-18

ကုလ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ချွတ်ယွင်းချက် အားနည်းချက်တွေ အများအပြား ရှိနေပေမယ့် ရွေးကောက်ပွဲ ကျင်းပတာနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာတွေ ဟာ ထူးခြားတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်ပါတယ်။

2010-12-18

NLD ဗဟို ဥပဒေ အထောက်အကူပြုအဖွဲ့ တိုးချဲ့ဖွဲ့စည်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ကို ဒီဇင်ဘာလ ၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ အဖွဲ့ဝင် ၁၃ ဦးအထိ တိုးချဲ့ ဖွဲ့စည်းလိုက်ပါတယ်။

2010-12-18

မြန်မာ့ညူကလီးယားကိစ္စ လာရောက်စစ်ဆေးဖို့ IAEA တောင်းဆို

မြန်မာနိုင်ငံမှာ ညူကလီးယား အစီအစဉ်တွေ လုပ်ဆောင်နေတယ်လို့ သံသယဖြစ်စရာ နေရာတွေကို လာရောက်စစ်ဆေးခွင့် ပြုဖို့အတွက် IAEA ခေါ် ကုလသမဂ္ဂ အနုမြူစွမ်းအင်အေဂျင်စီက မကြာသေးခင် လပိုင်းတွေအ တွင်း စစ်အစိုးရကို စာရေးသား တောင်းဆိုထားကြောင်း ဒီကနေ့ ထုတ်ဝေတဲ့ Wall Street Journal သတင်းစာက ရေးသားလိုက်ပါတယ်။

2010-12-18

ရန်ကုန် အင်တာနက်ဆိုင်တချို့ အပိတ်ခံရ

အင်တာနက်ဆိုင်တွေကနေ မြန်မာစစ် အစိုးရပိုင် MPT အင်တာနက်ဆာဗာကို တိုက်ခိုက်နေတယ်ဆိုပြီး ရန်ကုန်မြို့က အင်တာနက်ကဖေး တချို့ကို အာဏာ ပိုင်တွေက ယာယီ ပိတ်လိုက်တယ်လို့ သိရပါတယ်။

2010-12-18

အမေရိကန်သမ္မတဟောင်းရဲ့ ဇနီး ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြော

အမေရိကန် သမ္မဟောင်း George W Bush ရဲ့ ဇနီး Mrs. Laura Bush ဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောခဲ့တယ်လို့ သိရပါတယ်။

2010-12-18

NLD ခေါင်းဆောင်ပိုင်း ပြင်ဆင်ဖွဲ့စည်းမှာ မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်ပိုင်းကို လူငယ်ခေါင်းဆောင်တွေနဲ့ အစားထိုး ပြင်ဆင်ဖွဲ့စည်းဖို့ အစီအစဉ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: