၁၅.၁၆.၁၇.၁၂.၂၀၁၀ အတွက် RFA Burmese မှသတင်းများ

2010-12-17


ဒေါ်အောင်ဆန်းစုကြည်ကို အိုင်ယာလန်က ဆုလက်ခံရန်ဖိတ်ကြား

2010-12-17
အိုင်ယာလန်နိုင်ငံ Galway မြို့တော်ကောင်စီက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကို Freewoman of Galway ခေါ် လွတ်မြောက်သူ အမျိုးသမီးဆု လက်ခံယူဖို့ ဖိတ်ကြားလိုက် ပါတယ်။ Galway မြို့တော်ကောင်စီဟာ ၂၀၀၅ ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို Freewoman of Galway ဆု ချီးမြှင့် ဂုဏ်ပြုခဲ့တာပါ။

2010-12-16

သီရိမင်္ဂလာဈေး ရွှေ့ပြောင်းမိန့်ကြောင့် ဈေးသူဈေးသား အခက်တွေ့

ရန်ကုန် ကြည့်မြင်တိုင် သီရိမင်္ဂလာဈေးကို နောက်ထပ် ဈေးသစ်နေရာကို ရက်တိုအတွင်း အပြီးရွှေ့ပြောင်း ခိုင်းနေတဲ့အတွက် ဈေးသူဈေးသားတွေ အတော်ကလေး အခက်အခဲ ဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

2010-12-16

NLD နှင့် CRPP အဖွဲ့ ကျောက်ဖြူမှာ လေဘေး အကူအညီပေး

ရခိုင်ပြည်နယ်က ဂီရိ မုန်တိုင်းဒုက္ခသည်တွေကို အကူအညီပေးဖို့ ကျောက်ဖြူမြို့ကို ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) အဖွဲ့ဝင်တွေဟာ ဒီဇင်ဘာ ၁၆ ရက် ဒီကနေ့ ကျောက်ဖြူမြို့က မုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ရတဲ့ ကျေးရွာတွေကို သွားရောက်ပြီး စားနပ်ရိက္ခာ ကူညီထောက်ပံ့ ပေးခဲ့ကြကြောင်း သိရပါတယ်။

2010-12-16

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုကိစ္စ နော်ဝေကို ရှုတ်ချ

နော်ဝေးလို လူ့အခွင့်အရေး တန်ဖိုးထားတဲ့ နိုင်ငံတခု အနေနဲ့ လူ့အခွင့်အရေးတွေ ချိုးဖောက်နေတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်နေတာကို လူ့အခွင့်အရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ERI အဖွဲ့ကြီးက ရှုတ်ချလိုက်ပါတယ်။

2010-12-16

မြန်မာ့ဒီမိုကရေစီရေး ဆွစ်သံအမတ်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၁၆ ရက် ဒီကနေ့ ညနေက ထိုင်းနိုင်ငံ ဗန်ကောက်မြို့အခြေစိုက် ဆွစ်ဇာလန်သံရုံး သံအမတ်ကြီးကို တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ လက်ခံ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

2010-12-16

မြန်မာ့ကျွန်းသစ်လုံးရေ သုံးထောင်ကျော် ထိုင်းဖမ်းဆီး

ထိုင်းဘတ်ငွေ သန်း ၂၀၀ တန်ဖိုး ရှိတဲ့ မြန်မာ့ကျွန်းသစ်လုံးရေ သုံးထောင်ကျော်ကို ဒီဇင်ဘာ ၁၅ ရက် ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းမိ သိမ်းဆည်းခဲ့ပါတယ်။

2010-12-16

တွေ့ဆုံဆွေးနွေးရေး အချိန်မဝေးတော့ဟု ဒေါ်အောင်ဆန်းစုကြည်မျှော်လင့်

ဂျာမန်သတင်းဌာနတခုဖြစ်တဲ့ Deutsche Welle သတင်းဌာနက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမေးမြန်း ခဲ့ရာမှာ တွေ့ဆုံဆွေးနွေးရေး၊ တရုတ်နဲ့ အိန္ဒိယအပေါ် သဘောထား၊ ဥရောပနိုင်ငံတွေရဲ့ ထောက်ခံမှု စတာတွေကို မေးမြန်းခဲ့ပါတယ်။

2010-12-15

ခွဲစိတ်ခန်းအတွက် နိုင်ငံရေးအကျဉ်းသား မိသားစုအချို့ ၁၀ ဒေါ်လာရန်ပုံငွေ လှူဒါန်း

ရုပ်ရှင်မင်းသား ဦးကျော်သူ ဦးဆောင်တဲ့ သုခဆေးခန်းမှာ မျက်စိဝေဒနာသည်တွေ ခွဲစိတ် ကုသပေးနိုင်မဲ့ ခေတ်မီ ခွဲခန်း တည်ဆောက်ရေးအတွက် မန္တလေးနဲ့ မိတ္ထီလာက နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ ၅ ဦး စုပြီး ဒီဇင်ဘာ ၁၅ ရက် ဒီကနေ့ ငွေသွားလှူကြပါတယ်။

2010-12-15

NLD မုန်တိုင်းဒုက္ခသည် ကူညီရေးအဖွဲ့ ကျောက်ဖြူမြို့နယ်မှာ ကူညီ

ရခိုင်ပြည်နယ်က ဂီရိမုန်တိုင်း ဒုက္ခသည်တွေအတွက် အကူအညီ အထောက်အပံ့ ပေးဖို့ ရန်ကုန်မြို့ကနေ ထွက်ခွာသွားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) အဖွဲ့ဝင်တွေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေဟာ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ကျောက်ဖြူမြို့နယ် မင်းပြင်ရွာကို ဒီကနေ့ ဒီဇင်ဘာ ၁၅ ရက်မှာ သွားရောက်ပြီး အကူအညီ အထောက်အပံ့တွေ ကူညီ ပေးအပ်ခဲ့ကြပါတယ်။

2010-12-15

စစ်ကြောင့် ထွက်ပြေးလာသူများကို ဒုက္ခသည်အဖြစ် ထိုင်းက မယူဆ

ကရင်ပြည်နယ်တွင်းက တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းမြန်မာနယ်စပ်ကို ထွက်ပြေး ရောက်ရှိ ခိုလှုံလာသူတွေကို ဒုက္ခသည်လို့ ထိုင်းအစိုးရက မသတ်မှတ်နိုင်ကြောင်း ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Mr. Panitan Wattanayagorn က RFA နဲ့ သီးသန့် ဆက်သွယ်မေးမြန်းစဉ် ပြောဆိုလိုက်ပါတယ်။

2010-12-15

မြန်မာစစ်အစိုးရကို ထုံထိုင်းသူများအဖြစ် စင်ကာပုဝါရင့်ဝန်ကြီးရှုမြင်

မြန်မာစစ်ခေါင်းဆောင်တွေဟာ တိုင်းပြည် သဘာဝ သယံဇာတတွေကို အလွဲသုံး စီမံခန့်ခွဲနေတဲ့ ခပ်ထိုင်းထိုင်း ပုဂ္ဂိုလ်တွေ ဖြစ်တယ်လို့ စင်ကာပူ ဝန်ကြီးချုပ်ဟောင်းနဲ့ ဝါရင့်ဝန်ကြီးဖြစ်သူ လီကွမ်ယူး Lee Kuan Yew က သုံးသပ်ပြောဆိုခဲ့တယ်လို့ မကြာခင်က Wikileaks အင်တာနက်ကတဆင့် ပေါက်ကြားခဲ့တဲ့ အမေရိကန်သံရုံး သတင်းပေးပို့ချက်မှာ ဖော်ပြထားပါတယ်။

2010-12-15

ပိုလန်၊ ဗြိတိန်၊ ဆွီဒင်သံတမန်များနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၁၅ ရက် ဒီကနေ့ နိုင်ငံခြားသံတမန်တွေကို လက်ခံ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

2010-12-15

ဒေါ်အောင်ဆန်းစုကြည်၏အခန်းကဏ္ဍကို အင်ဒိုနီးရှားအစိုးရထောက်ခံ

မြန်မာနိုင်ငံ နိုင်ငံရေး ပြသနာတွေ အဖြေရှာရေးမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို ထောက်ခံကြောင်း အင်ဒိုနီးရှားအစိုးရက ဒီဇင်ဘာ ၁၅ ရက် ဒီကနေ့ ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

2010-12-15

မြန်မာနိုင်ငံကို တရားမဝင် ပစ္စည်းတင်သွင်းသည့် ကနေဒါ လေယာဉ်ကုမ္ပဏီ အမှုကြားနာ

စီးပွားရေးဒဏ်ခတ် ပိတ်ဆို့ထားတဲ့ မြန်မာနိုင်ငံကို Kenn Borek Air Ltd လို့ ခေါ်တဲ့ ကနေဒါနိုင်ငံအခြေစိုက် လေယာဉ်ကုမ္ပဏီက ၂၀၀၇ နိုဝင်ဘာလမှာ လေယာဉ် အစိတ်အပိုင်းတွေ ရောင်းချခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဒီဇင်ဘာ ၁၄ ရက် မနေ့က ကနေဒါ တရားရုံးတခုမှာ စတင် ကြားနာစစ်ဆေးခဲ့ပါတယ်။

2010-12-15

မြန်မာဗိုလ်ချုပ်ကြီးများလုံခြုံရေး အမေရိကန်က အာမခံရန် အကြံပြုချက် WikiLeaks ဖော်ပြ

မြန်မာစစ်အာဏာရှင်တွေ နိုင်ငံရေးအာဏာကနေ ခွာနိုင်ဖို့အတွက် သူတို့နဲ့ သူတို့မိသားစုတွေရဲ့ အသက် အိုးအိမ် စည်းစိမ် လုံခြုံရေးကို အမေရိကန် ပြည်ထောင်စုက အာမခံမှာ ဖြစ်ကြောင်း ကမ်းလှမ်းသင့်တယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက ဝါရှင်တန်ကို ပေးပို့ခဲ့တဲ့ ကြေးနန်းစာမှာ ပါဝင်ခဲ့ကြောင်း WikiLeaks အင်တာနက်သတင်း စာမျက်နှာက ဖော်ပြလိုက်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: