၁၅.၁၆.၁၇.၁၂.၂၀၁၀ အတွက် ဧရာဝတီသတင်းတိုများ

သတင်းတိုများ

အိန္ဒိယ ပြည်ထဲရေးဝန်ကြီးနှင့် ဇိုမီး တော်လှန်ရေးတပ် တွေ့ဆုံ

အိန္ဒိယပြည်ထဲရေးဝန်ကြီး မစ္စတာ ပီ ချီဒမ်ဘရမ်က အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရ်ပြည်နယ် ချူရာချန်ပူ ခရိုင်ရှိ မြန်မာနှင့် အိန္ဒိယ နိုင်ငံသား ဇိုမီး တိုင်းရင်းသားများ ပါဝင်သည့် ဇိုမီး တော်လှန်ရေးတပ်မတော် တပ်ရင်း ၁၉၃ နှင့်၂၀၃ အခြေစိုက်ရာ မူဗမ်းလိုင်အရပ် သို့ ပထမဆုံး အကြိမ်အဖြစ် ဗုဒ္ဓဟူးနေ့ က သွားရောက်ခဲ့သည်။ နှစ်ဘက်ခေါင်းဆောင်များ၏ မိနစ် ၅၀ နီးပါး ဆွေးနွေးပွဲတွင် ဇိုမီး ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ အရေးတွင် ငြိမ်းချမ်းစွာ ပူးပေါင်းဖြေရှင်းရေးအတွက် ဆွေးနွေးပြောဆိုကြကြောင်း ဇိုမီး အမျိုးသား ပြန် လည်သွေးစည်း ညီညွတ်ရေးအဖွဲ့ ပြောခွင့်ရ ဦးဒယ်နီက ဆိုသည်။ Read more Add comment (0) Hits: 163
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးများ မီဒီယာ၌ ဖော်ပြခွင့်မပြု

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်းများကို ပြည်တွင်း သတင်းဂျာနယ်များတွင် ဖော်ပြခွင့်ပြုမည် မဟုတ်ကြောင်း စစ် အစိုးရ စာပေ စိစစ်ရေးက ပြောသည်။ လက်ရှိတွင် ပြည်တွင်းသတင်းဂျာနယ်များက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်း ခန်းများဖော်ပြရန် စာပေစိစစ်ရေးသို့ တင်ပြမှုများရှိလာကြောင်းလည်း စာပေစိစစ်ရေး ရုံးမှ စာစစ်မှူး တဦးက ဆိုသည်။ မကြာသေး ခင်က ပြည်သူ့ခေတ် ဂျာနယ် နှင့် ဗီးနပ်စ် ဂျာနယ် တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခွင့် ရရှိထားပြီး ဂျာနယ်တွင် ဖော်ပြရန် ကြိုးစားနေကြောင်း သိရသည်။ Read more Add comment (0) Hits: 363
သတင်းတိုများ

အရက်မူးနေသည့် တပ်ကြပ် သေနတ်နှင့်ပစ်သောကြောင့် လူတဦးသေဆုံး

ဒီဇင်ဘာ ၁၄ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ကွင်းချောင်းကျေးရွာမှ မအီရွာသို့ သွားသည့် မော်တော်သည် ရမ်းဗြဲမြို့နယ်အပိုင် မင်းချောင်း တံတားအရောက်တွင် ကျောက်ဖြူ အခြေစိုက် တပ်ရင်း အမှတ် ၅၄၂ မှ အရက်မူးနေသည့် တပ်ကြပ်တဦးက လှမ်းခေါ်ပြီး မော်တော် ဆိုက်ကပ်ချိန် ကြာသည်ဟုဆို၍ သေနတ်နှင့် လှမ်းပစ်လိုက်သောကြောင့် မော်တော်ပေါ်တွင် ပါရှိသည့် ကွင်းချောင်းရွာသား ကိုမောင်ဝင်းကို ထိမှန် သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ Read more Add comment (1) Hits: 979
သတင်းတိုများ

ဂီရိ ဒုက္ခသည်များကို NLD နှင့် CRPP လှူဒါန်း

NLDပါတီ နှင့် CRPPအဖွဲ့ တို့က ဂီရိမုန်တိုင်း ဒဏ်သင့် ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်ရှိ မင်းပြင် ရွာသို့ ယမန်နေ့က သွား ရောက်ပြီး ဆန်နှင့် အစားအသောက်များ ဝေငှသည်ဟု NLD က ပြောသည်။ အဆိုပါ မင်းပြင်ရွာ၌ တအိမ်ထောင်လျှင် ဆန် ၅ ပြည်နှုန်း ဝေငှခဲ့ကြောင်း၊ မင်းပြင်ရွာသည် အိမ်ခြေ ၄၀၀ ကျော် ရှိပြီး ဂီရိ မုန်တိုင်းကြောင့် အိမ်ခြေ ၁၂၀ ခန့် ပျက်စီးသွားကြောင်း သိရ သည်။ Read more Add comment (0) Hits: 115
သတင်းတိုများ

လီကွမ်ယုက ဗိုလ်ချုပ်မှူးကြီးကို ထုံပေပေဟု ပြော

စင်ကာပူ၏ သြဇာတိက္ကမ ကြီးမားသည့် နိုင်ငံရေး ခေါင်းဆောင် လီကွမ်ယုက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ကြီးများအား “မိုက်မဲသူများ”၊ “ထုံပေပေများ” ဟု ပြောကြောင်း ဝီကီလိစ်က ပေါက်ကြားသည့် ပေးစာတွင် ဖော်ပြထားသည်။ ၂၀၀၇ ခုနှစ်က အမေရိကန်အရာရှိများနှင့် တွေ့ဆုံရာတွင် မစ္စတာ လီကွမ်ယုက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်ပြီး မြန်မာစစ်ဗိုလ်ချုပ်များနှင့် ဆက်ဆံရခြင်းသည် “လူသေနှင့် စကားပြောရသလိုပဲ” ဟုလည်း ပြောဆိုထားသည်။ Read more Add comment (3) Hits: 1806
သတင်းတိုများ

ရက္ခပူရ ဘောလုံးအသင်းအတွက် ခရိုင်တခု ကျပ် သိန်း ၃၀၀၀ ကောက်ခံ

ရခိုင်ပြည်နယ်တွင် ရက္ခပူရ ယူနိုက်တက် ဘောလုံး အသင်းအတွက် ခရိုင်တခုလျှင် ကျပ် သိန်း ၃၀၀၀ စီ ထည့်ဝင်ရန် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးသိန်းက ညွန်ကြားထားကြောင်း၊ ထို့ကြောင့် လုပ်ငန်းတခုလျှင် ကျပ် သိန်း ၂၀ မှ သိန်း ၅၀ အထိ ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ငွေကို ဂီရိ ဆိုင်ကလုန်း ဒဏ်သင့် ဒေသများတွင်ပါ ကောက်ခံမည်ဖြစ်သောကြောင့် ဒေသခံများ အခက်အခဲနှင့် ကြုံတွေ့နေရသည်။ Read more Add comment (0) Hits: 849

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: