၁၄.၁၂.၂၀၁၀ အတွက် RFA Burmese သတင်းများ

2010-12-14


နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး ကုလ အထူး ကိုယ်စားလှယ် တောင်းဆို

2010-12-14
မြန်မာစစ်အစိုးရဟာ နိုင်ငံရေးလုပ်ငန်းစဉ် နောက်အဆင့်တွေကို စောင့်မနေပဲ အနည်းဆုံး ၂၂၀၀ ကျော်လောက် ရှိတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ လိုအပ်နေကြောင်း၊ ပြန်လွှတ်လိမ့်မယ်လို့လည်း မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintana က ပြောဆိုပါတယ်။

2010-12-14

SNDP ပါတီ ပထမအကြိမ်ညီလာခံ တောင်ကြီးမြို့အသင်းရုံးမှာ ကျင်းပ

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ရဲ့ ပထမအကြိမ် ညီလာခံကို တောင်ကြီးမြို့ အသင်းရုံးမှာ ကျင်းပနေပြီး အာဏာပိုင်တွေဖက်က အနီးကပ် မျက်ခြေမပြတ် စောင့်ကြည့်မှုရှိပေမဲ့ အနှောင့်အယှက် ပေးတာတော့ မရှိဘူးလို့ ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

2010-12-14

ဗုဒ္ဓဘာသာကရင်တပ်ဖွဲ့နှင့် စစ်အစိုးရတပ်များ တနေ့တည်း တိုက်ပွဲ ၃ ကြိမ်ဖြစ်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းမှာ တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) တပ်နဲ့ နအဖ စစ်အစိုးရတပ်တွေ ဒီနေ့ ဒီဇင်ဘာ ၁၄ ရက်မှာ တနေ့တည်းအတွင်း တိုက်ပွဲ ၃ ကြိမ် ဖြစ်တယ်လို့ သိရပါတယ်။

2010-12-14

ဒေါ်အောင်ဆန်းစုကြည်ကို ပြည်တွင်းဂျာနယ်များ သီးသန့်မေးမြန်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူးခွင့် ရဖို့ ပြည်တွင်းဂျာနယ်တချို့ စောင့်ဆိုင်းနေကြရာမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာချိန်တုန်းက သတင်းတွေကို ဓာတ်ပုံတွေနဲ့တကွ ထည့်သွင်းဖော်ပြမိလို့ ခေတ္တအပိတ်ခံရတဲ့ ဂျာနယ်တွေကို အရင်ဦးဆုံး တွေ့ဆုံမေးမြန်းခွင့် ပေးနေတယ်လို့ NLD ပါတီနဲ့ နီးစပ်သူတွေက RFA ကိုပြောဆိုပါတယ်။

2010-12-14

နျူကလီးယားအစီအစဉ်ကို အချည်းနှီးလုပ်ဆောင်နေကြောင်း ပြောကြား

မြန်မာစစ်အစိုးရဟာ ဒုံးကျည်လက်နက်နဲ့ တခြား စစ်ရေးနည်းပညာတွေမှာ မြောက်ကိုးရီးယား နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတာ ကိုယ်တွေ့သိခဲ့ရပေမဲ့၊ နျူကလီးယားကိစ္စကိုပါ ကြိုးပမ်း နေတယ်ဆိုရင်တော့ မဖြစ်နိုင်တာကို ငွေကုန်ခံ၊ ဘဝတွေ အကုန်ခံပြီး အချည်းနှီး ဆောင်ရွက်နေတာပါလို့ ပြည်ပကို ထွက်ပြေးလာတဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်းက RFA ကို ပြောပါတယ်။

2010-12-14

မြဝတီနယ်စပ် ဆက်ပိတ်ထားဦးမည်

အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ အဓိက ကုန်သွယ်ရာ မြဝတီနယ်စပ်ကို ပြန်ဖွင့်ပေးဖို့ လတ်တလော အစီအစဉ် မရှိသေးဘူးလို့ မြန်မာစစ်အစိုးရ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၀ ရက် ပြီးခဲ့တဲ့ သောကြာနေ့ က ခေါ်ယူခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

2010-12-14

မြန်မာနိုင်ငံမှာ ဘိန်းနှင့် စိတ်ကြွဆေး ထုတ်လုပ်မှု မြင့်တက်လာ

နိုင်ငံတဝန်း ကြုံတွေ့နေရတဲ့ စားနပ်ရိက္ခာပြဿနာနဲ့ နိုင်ငံမြောက်ပိုင်းမှာ ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံမှာ တိုးတက်လာနေတဲ့ ဘိန်းနဲ့ စိတ်ကြွဆေး ထုတ်လုပ်မှု နှိမ်နင်းရေးအတွက် အခက်တွေ့ရလိမ့်မယ်တယ်လို့ ကုလသမဂ္ဂ သတိပေး ပြောဆိုလိုက်ပါတယ်။

2010-12-14

မုန်တိုင်းကယ်ဆယ်ရေး ဒေသခံခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်ဆွေးနွေး

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၁၄ ရက် ဒီကနေ့ မနက်က ရခိုင်ပြည်နယ်မှာ လေဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး ဂီရိကယ်ဆယ်ရေးလုပ်ငန်း ကူညီလုပ်ဆောင်နေမှုတွေနဲ့ ပြည်နယ်စည်းရုံးရေး လုပ်ငန်းစဉ်တွေ အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: