ဧရာဝတီမှ သတင်းတိုများ ၁၄.၁၂.၂၀၁၀

သတင်းတိုများ

ဂီရိမုန်တိုင်းသင့်ဒေသတွင် မိုးသည်းထန်၍ လေပြင်းထပ်တိုက်

ရခိုင်ပြည်နယ် ဂီရိဆိုင်ကလုန်းဒဏ်အများဆုံး ခံခဲ့ရသော မြေပုံမြို့နယ်တွင် ပြီးသည့်ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့သောကြောင့် အနည်းငယ်ကျန်ရှိခဲ့သည့် စပါးခင်းများ ထပ်မံပျက်စီးသွားပြီး ယာယီ နေအိမ်များ ပျက်စီးသွားကြောင်း၊ ထိုသို့ အခက်အခဲများ ဆက်တိုက် ကြုံတွေ့နေရသော်လည်း NGO အဖွဲ့တချို့မှလွဲ၍ အာဏာပိုင်များက တစုံတရာ ကူညီဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း ကြားသိရသည်။ Read more Add comment (0) Hits: 140
သတင်းတိုများ

ဇေကမ္ဘာဦးခင်ရွှေ လယ်မြေသိမ်းမှု ဗိုလ်ချုပ်မှူးကြီးထံ တိုင်ကြားမည်

မွန်ပြည်နယ် ကျိုက်မရော မြို့နယ်အတွင်းရှိ လယ်မြေများအား ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် ဇေကမ္ဘာ ကုမ္ပဏီက သိမ်းယူထားသဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ယခုရက်ပိုင်းအတွင်း တိုင်ကြားသွားမည်ဖြစ်ကြောင်း၊ သိမ်းထားသည့် လယ်မြေဧက ၄၀၀ ၀န်းကျင် ရှိပြီး တဧကလျှင် ကျပ် ၁၀ သိန်းနီးပါးတန်သော်လည်း ဇေကမ္ဘာ ဦးခင်ရွှေက တဧကလျှင် ကျပ် ၃ သိန်းခွဲသာ ပေးသောကြောင့် ဒေသခံများ မကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။ Read more Add comment (1) Hits: 342
သတင်းတိုများ

မြန်မာ ဘိန်းစိုက်ပျိုးမှု မြင့်တက်လာ

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုနှင့် စိတ်ကြွဆေးထုတ်လုပ်မှု မြင့်တက်လာကြောင်း UNODC ၏ ယမန်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာ တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှုသည် ပြီးခဲ့သည့် ၁ နှစ် ၂ နှစ်အတွင်း ၂ ဆခန့် မြင့်တက်လာ ကြောင်း UNODC က ဆိုသည်။ ဒေသတွင်းဆိုင်ရာ အစီရင်ခံစာတစောင်ကို နိုဝင်ဘာလ က ထုတ်ပြန်ခဲ့ပြီး ဖြစ်သော်လည်း ဘိန်း စိုက်ပျိုးမှု သိသိ သာသာ မြင့်တက်နေသည့် မြန်မာနှင့် လာအိုနိုင်ငံ အတွက် သီးခြား အစီရင်ခံစာကို ထပ်မံ ထုတ်ပြန်ထားသည်။ Read more Add comment (1) Hits: 107
သတင်းတိုများ

နိုင်ငံရေး အကျဉ်းသား လွှတ်ရန် ကင်တာနာ တောင်းဆို

နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို အမြန်ဆုံးပြန်လွှတ် ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေးလ် ကင်တာနာက စစ်အစိုးရကို တောင်းဆို လိုက်သည်။ နိုင်ငံရေး အကျဉ်းသားများ ကျန်းမာရေး ဆိုးရွားမှု ရှိကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်း အတွင်း မော်လမြိုင်အကျဉ်း ထောင်တွင် နိုင်ငံရေး အကျဉ်းသား ရဟန်း တော် အရှင်နေမိန္ဒ ပျံလွန်တော်မူ ခဲ့၍ စိတ် မကောင်း ကြောင်း၊ ၁၉၈၈ ခုနှစ်မှ စတင်ပြီး ယခုအချိန်အထိ ထောင် တွင်း၌ သေဆုံးခဲ့ရ သည့် နိုင်ငံရေး အကျဉ်းသား ပေါင်း ၁၄၅ ဦးရှိပြီ ဖြစ်ကြောင်းလည်း ကင်တာနာက ပြောသည်။ Read more Add comment (1) Hits: 263

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: