နှစ်ရှည် နိုင်ငံရေးအကျဉ်းသူ မာမာဦး ထောင်ဝင်စာ လာတွေ့သူမရှိ

ကချင်ပြည်နယ် ဗန်းမော်ထောင်တွင် ထောင်ဒဏ်နှစ် ၇၀ ကျော်ချမှတ် ခံထားရသည့် နိုင်ငံရေးအကျဉ်းသူ မမာမာဦး၏ ဖခင်ဦးအုန်းမောင်ဆုံးပါးသွားပြီးနောက် မမာမာဦးထံ ထောင်ဝင်စာလာတွေ့မည့်သူမရှိတော့ ကြောင်း ဗန်းမော်အမျိုးသား ဒီမိုကရေအဖွဲ့ချုပ်ပါတီ အသိုင်းအ၀ိုင်းထံမှ သိရသည်။

နအဖပြဋ္ဌာန်းထားသည့် ဥပဒေအရ နိုင်ငံရေးအကျဉ်းသားများကို အိမ်ထောင်စုစာရင်းရှိမှသာ လာတွေ့နိုင်သည့် အတွက် အဖေနှင့်သမီးနှစ်ယောက်သာ ရှိတော့သည့် မမာမာဦး၏ ထောင်ဝင်စာကို အသက် ၇၀ ကျော်အရွယ် ဖခင်ကသာ တာဝန်ယူခဲ့ရပြီး ယခုနှစ် စက်တင်ဘာလအတွင်းက ဖခင်ဖြစ်သူဆုံးပါးသွားခြင်း ဖြစ်သည်။

“ပစ္စည်းကတော့ပါးပေးလို့ရတယ် ဒီမှာ (ဗန်းမော်) ရှိတဲ့သူတွေစုပြီးမှတော့ လိုအပ်တဲ့ပစ္စည်းတွေပါးပေးပါတယ် သမီး နဲ့ အဖေပဲ ရှိတဲ့အခါကျတော့ ထောင်ဝင်စာလာတွေ့မဲ့သူ မေးမြန်းမဲ့သူမရှိတော့တာပေါ့ ရန်ကုန်ဘက်က ထောင်ဝင်စာလာ တွေ့တဲ့သူတွေလာရင် သူ့အတွက်ပစ္စည်းတွေ ထည့်ပေးပါတယ်” ဟု အဆိုပါ အသိုင်းအ၀ိုင်းက ပြောသည်။

ဦးအုန်းမောင် မကွယ်လွန်ခင် မနှစ်က သမီးထံ ထောင်ဝင်စာလာပို့စဉ် သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ခဲ့ရာ ရန်ကုန်မှ လာရသည့် အတွက် ဒယီးဒယိုင်ဖြစ်နေကြောင်း၊ သမီးဖြစ်သူကအဖေကျန်းမာရေး ဂရုစိုက်ဖို့ မသေ ဖို့မှာခဲ့ကြောင်း ဦးအုန်းမောင် မဆုံးခင်က ပြောကြားခဲ့ သေးသည်။

၂၀၀၇ သြဂုတ်လပိုင်းက နအဖ၏ လောင်စာဆီဈေးနူန်းကြီးမြင့်ကို ဆန့်ကျင်ကန့်ကွက်ရာတွင် မမာမာဦး ပါဝင်ခဲ့၏။ ၂၀၀၈ သြဂုတ်လ ၇ ရက်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး နိုဝင်ဘာ ၁၁ ရက်နေ့တွင် အင်းစိန်ထောင် တရားရုံးက ထောင်ဒဏ် ၆၅ နှစ်ချမှတ်လိုက်သည်။

ထို့နောက်သာယာဝတီထောင်သို့ ပြောင်းရွေ့ကာ ပြစ်ဒဏ် ၅ နှစ် ၄ လ ၂၂ ရက် ထပ်တိုးချမှတ်ပြီး သာယာဝတီမှ အင်းစိန် – မန္တလေး – ဗန်းမော်ထောင်သို့ ပြောင်းရွေ့ချုပ်နှောင်ထားခြင်း ဖြစ်သည်။

ယခုနှစ်မေလပိုင်းကလည်း တောင်ငူထောင်တွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ကိုမြသန်းထိုက် ၏ မိခင်ဒေါ်လှမြင့် အသက် ၆၆ နှစ်သည် သားဖြစ်သူထံ ထောင်ဝင်စာတွေ့အပြီး အပြန်ခရီးရထားပေါ်သေဆုံး ခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးနှင့် ရဲဘက်စခန်းများတွင် နိုင်ငံရေးအကျဉ်းသား ၂၂၀၃ ဦးရှိပြီး နအဖ က ရပ်ဝေးထောင်များသို့ ပြောင်းရွေ့ထားသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: