၁၃.၁၂.၂၀၁၀ အတွက် RFA Burmese သတင်းများ

2010-12-13


NLD ပါတီရပ်တည်ခွင့် အယူခံလွှာတင်မည်

2010-12-13
NLD ပါတီ တရားဝင် ဆက်လက် ရပ်တည်ခွင့်ရှိတယ် ဆိုတဲ့အချက်ကို နေပြည်တော် တရားရုံးချုပ်က နိုဝင်ဘာ ၂၂ ရက် နေ့မှာ ပယ်ချခဲ့တာနဲ့ ပတ်သက်ပြီး လာမဲ့ရက်ပိုင်းအတွင်း အယူခံဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရှေ့နေတွေ ဒီဇင်ဘာ ၁၃ ရက် ဒီကနေ့ တွေ့ဆုံ ဆွေနွေးခဲ့ကြောင်း သိရပါတယ် ။

2010-12-13

အောင်လံမှ သိမ်းဆည်းခံလယ်ယာမြေ ပြန်မရသေး၍ အိုင်အယ်အိုကို ထပ်မံတိုင်ကြား။

၂၀၀၇ ခုနှစ်ကတည်းက သိမ်းဆည်းခံထားရတဲ့ အောင်လံက လယ်သမား ၁၀ ဦးရဲ့ လယ်ယာမြေတွေကို ဒီကနေ့ထိ ပြန်မရသေးတဲ့အတွက် အိုင်အယ်အို အနေနဲ့ မြန်မာစစ်အစိုးရအာဏာပိုင်တွေနဲ့ ထပ်မံညှိနှိုင်း ဆောင်ရွက်ပေးဖို့ အောင်လံသမားတွေက ဒီဇင်ဘာ ၁၃ ရက် ဒီကနေ့ ရန်ကုန် အိုင်အယ်အိုရုံးမှာ တိုင်ကြားလိုက်ပါတယ်။

2010-12-13

လက်ပြတ်သည့် လုပ်သားအတွက် လျော်ကြေးနည်း၍ တိုင်ကြား

ရွှေပြည်သာစက်မှုဇုံ ရွှေဂဏန်း ပလပ်စတစ် စက်ရုံမှာ အလုပ်လုပ်ကိုင်နေရင်း စက်ညပ်ပြီး ညာဖက်လက်ပြတ် သွားတဲ့ အလုပ်သမားအတွက် စက်ရုံပိုင်ရှင်တွေက နစ်နာကြေးပေးရာမှာ အလွန်နည်းတာကြောင့် ဒီဇင်ဘာ ၁၃ ရက် ဒီကနေ့မှာ ပဲ စစ်အစိုးရအလုပ်သမားဝန်ကြီးဌာနနဲ့ အိုင်အယ်အို အလုပ်သမားအဖွဲ့ချုပ်ကြီးကို တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။

2010-12-13

၂၀၁၀ ပြည့်နှစ်အတွင်း ILO တိုင်ကြားမှုပေါင်း ၃၀၀ ကျော်ရှိ

ရန်ကုန်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရုံးခွဲကို တိုင်ကြားခဲ့တဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ် စစ်မှုထမ်းခိုင်းမှု စတဲ့ တိုင်ကြားမှုပေါင်းဟာ ၂၀၁၀ ပြည့်နှစ်အတွင်း ၃၀၈ မှု ရှိတယ်လို့ သိရပါတယ်။

2010-12-13

Wikileaks ဖော်ပြချက် NLD အတွက် အရေးမကြီးကြောင်း ဦးတင်ဦး ပြောဆို

၂၀၀၆ နဲ့ ၂၀၀၇ ခုနှစ်တုန်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ ဦးဆောင်သူတွေရဲ့အခန်းကဏ္ဍ အပေါ် အမေရိကန်သံအရာရှိတွေကြား ဝေဖန်မှုတွေ ရှိခဲ့တာကို Wikileaks အင်တာနက် စာမျက်နှာမှာ ဖော်ပြခဲ့တာနဲ့ ပတ်သက်လို့ ဒီလို ဖော်ပြတာဟာ NLD အဖွဲ့ချုပ်အတွက် အရေးတကြီး ကိစ္စမဟုတ်ကြောင်းနဲ့ အဲလို အခြေအနေတွေ ဖြစ်ရတာဟာလည်း စစ်အစိုးရဖက်က ဖန်တီးထားလို့သာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောဆိုလိုက်ပါတယ်။

2010-12-13

စာပေနှင့် ကဗျာဆရာမကြီး ဒေါ်ကြည်အေး အသက် ၈၁ နှစ် ပြည့်ပြီ

ဒီနေ့ ပညာခေတ်ကြီးမှာ ဘယ်စာပေ ဘယ်ပညာရပ်မဆို လူတိုင်း ဆည်းပူးနိုင်ပေမဲ့ အလှမ်းကျယ် အလယ်လတ် မဟုတ်ပဲ တဆင့်ချင်း လေ့လာ ဆည်းပူးရမယ်၊ မိမိကိုယ်မိမိနှိမ့်ချပြီး အချိန်ကို အကျိုးရှိရှိ အသုံးချတတ်ရမယ်လို့ မြန်မာစာပေလောကမှာ အထင်ရှားဆုံး အမျိုးသမီး စာရေးဆရာမတဦးအဖြစ် သတ်မှတ်ခံရတဲ့ စာရေးဆရာနဲ့ ကဗျာဆရာမကြီင်္းဖြစ်ပြီး ဒီနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ အသက် ၈၁ နှစ် ပြည့်သွားပြီဖြစ်တဲ့ ဒေါ်ကြည်အေးက ပြောလိုက်ပါတယ်၊

2010-12-13

မြန်မာ့ဒီမိုကရေစီရေးမှာ ကမ္ဘာလူငယ်များ ကူညီဖို့ ဒေါ်အောင်ဆန်းစုကြည် ပန်ကြား

တောင်အာဖရိနိုင်ငံ ပရီတိုးရီးယားမြို့မှာ ကျင်းပနေတဲ့ ၁၇ ကြိမ်မြောက် နိုင်ငံတကာ ကျောင်းသား လူငယ်ပွဲတော် ဖွင့်ပွဲ အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ ဒီမိုကရေစီရေးကို ကူညီဖို့ ကမ္ဘာ့လူငယ်ထုကို ပထမဦးဆုံးအကြိမ် ဗီဒီယိုမိန့်ခွန်းကတဆင့် ပန်ကြားလိုက်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: