၀၉.၁၂.၂၀၁၀ အတွက် RFA Burmese သတင်းများ

2010-12-09


စာနယ်ဇင်းသမားများကို အကျဉ်းချရာမှာ မြန်မာက စတုထ္တ

2010-12-09
အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် သတင်းသမားများ ကာကွယ် စောင့်ရှောက်ရေးအဖွဲ့(CPJ) က ၁၉၉၆ ခုနှစ် နောက်ပိုင်း မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ သတင်းသမားတွေကို အကျဉ်းချမူ့တွေ တိုးပွားလာတယ်လို့ ဒီဇင်ဘာ ၈ ရက် ဗုဒ္ဓဟူးနေ့ က ကြေညာချက် ထုတ်ပြန်ပါတယ် ။

2010-12-09

ရှမ်း ကျားဖြူပါတီ ညီလာခံ ဖျက်သိမ်းခံရ

ကျားဖြူပါတီခေါ် SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီိရဲ့ ပထမအကြိမ်ညီလာခံကို တောင်ကြီးမြို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း ခန်းမမှာ ကျင်းပဖို့ ပြည်နယ်အာဏာပိုင်တွေက မူလက ခွင့်ပြုခဲ့ပေမဲ့ အထက်အမိန့်ကြောင့် အနီးကပ်ကျမှ ဖျက်သိမ်းလိုက်ရတယ်လို့ SNDP ပါတီရဲ့ တောင်ကြီးမြို့နယ် ဥက္ကဋ္ဌ ဦးစဝ်ယွန်းပိုင်က RFA ကို ဒီဇင်ဘာ ၉ ရက် ဒီကနေ့ ပြောပါတယ်။

2010-12-09

မနီလာသိန်း အစာငတ်ခံဆန္ဒပြ၊ နေဘုန်းလတ်က ဒေါ်အောင်ဆန်းစုကြည်အတွက်စိုးရိမ်

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ မနီလာသိန်း အစာငတ်ခံ ဆန္ဒပြနေတဲ့ အတွက် ထောင်ဝင်စာတွေ့ ခွင့်ပိတ်ထားတယ်လို့ မနီလာသိန်းရဲ့ မိသားစုတွေက RFAကို ပြောပါတယ်။

2010-12-09

ဒေါ်အောင်ဆန်းစုကြည် အနားယူဖို့ လိုကြောင်း ဆရာဝန်တိုက်တွန်း

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၉ ရက် ဒီကနေ့ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုးရီးယားနိုင်ငံ သံအမတ်ကြီးနဲ့ ဂျာမနီနိုင်ငံ သံအမတ်ကြီးတို့ကို နေအိမ်မှာ လက်ခံ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

2010-12-09

မြန်မာပြည်သို့ ယူကရိန်းမှ လက်နက်တင်ပို့မှု အမေရိကန် ရပ်တန့်နိုင်ခဲ့ကြောင်း ၀ီကီလိခ် ဖော်ပြ

ယူကရိန်းနိုင်ငံ Kiev မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ဝါရှင်တန်ကို ပေးပို့ခဲ့တဲ့ ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ လျှို့ဝှက်ပေးစာအရ – ယူကရိန်းနိုင်ငံဟာ အမေရိကန် ပြည်ထောင်စုရဲ့ ကန့်ကွက်ချက်ကို လက်ခံ ရရှိကြောင်း၊ မြန်မာစစ်အစိုးရအတွက် လက်နက်တွေ တင်ပို့ရောင်းချခြင်း မရှိတော့ကြောင်း ပြောဆိုခဲ့ တယ်လို့ WikiLeaks အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

2010-12-09

ကရင် DKBA နှင့် ကျောင်းသားတပ်မတော် ABSDF စစ်ရေးအရ ပထမဆုံး ပူးပေါင်း

ကရင်ပြည်နယ် ဝေါလေဒေသမှာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒီကေဘီအေ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်ဖက်ကို ဒီဇင်ဘာ ၈ ရက် မနေ့က ကျောင်းသားတပ်မတော် (ABSDF) တပ်ဖွဲ့ဝင်တွေ ပူးပေါင်း အင်အားဖြည့်ခဲ့ကြပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: