ဧရာဝတီမှ သတင်းတိုများ ၀၉.၁၂.၂၀၁၀

သတင်းတိုများ

သတင်းသမား ဖိနှိပ်မှု မြန်မာ စတုတ္ထ နေရာရှိ

သတင်းသမား ဖမ်းဆီးထောင်ချသည့် အဆိုးဆုံး နိုင်ငံများတွင် မြန်မာနိုင်ငံသည် စတုတ္ထ နေရာ ရှိသည်ဟု နယူးယောက်မြို့ အခြေ စိုက် စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ(CPJ)၏ ယခုနှစ်အတွက် အစီရင်ခံစာတွင် ဖော်ပြလိုက်သည်။ မြန်မာနိုင်ငံတွင် သတင်းသမား ၁၃ ဦးကို အကျဉ်းချထားကြောင်း၊ တရုတ်နှင့် အီရန် နိုင်ငံများသည် ကမ္ဘာ့ အဆိုးဆုံး နိုင်ငံ များဖြစ် ကြောင်း၊ နိုင်ငံပေါင်း ၂၈ နိုင်ငံတွင် ၁၉၉၆ ခုနှစ် နောက်ပိုင်းမှ စတင်ပြီး သတင်းသမားများ ဖမ်းဆီး ထောင်ချမှု ပိုမို တိုးပွား လာကြောင်း လည်း ပါရှိသည်။ Read more Add comment (0) Hits: 156
သတင်းတိုများ

မနီလာသိန်း အစာငတ်ခံဆန္ဒပြ၊ ထောင်ဝင်စာပိတ်ခံရ

သရက်ထောင်တွင် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ မနီလာသိန်းသည် အစာငတ်ခံ ဆန္ဒပြနေကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာ ၆ ရက်နေ့က မနီလာသိန်း၏ ယောက်မဖြစ်သူ မသန္တာယု  ထောင်ဝင်စာ သွားတွေ့စဉ် ထောင်မှူးက မနီလာသိန်း အစာငတ်ခံ ဆန္ဒပြနေကြောင်း အသိပေးလိုက်ခြင်းဖြစ်ပြီး ထောင်ဝင်စာ တွေ့ခွင့်ကိုလည်း ပိတ်ပင်ထားကြောင်း သိရသည်။ Read more Add comment (0) Hits: 213
သတင်းတိုများ

ကျားဖြူပါတီညီလာခံ ကျင်းပခွင့် ရုပ်သိမ်းခံရ

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူ ပါတီ၏ ညီလာခံအား တောင်ကြီးမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုဌာန၌ ကျင်းပခွင့် ပေးထားခဲ့ရာမှ ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ ထိုနေရာသည် အများနှင့် သက်ဆိုင်သည့် နေရာဖြစ်သောကြောင့် ပါတီညီလာခံ ကျင်းပခွင့်မပြုခြင်း ဖြစ်ကြောင်း နေပြည်တော်က အကြောင်းပြသည်ဟု ကျားဖြူပါတီ၏ ပြောခွင့်ရသူ ဦးစိုင်းလှကျော်က ဆိုသည်။ Read more Add comment (0) Hits: 173

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: