၀၈.၁၂.၂၀၁၀ အတွက် RFA Burmese သတင်းများ

2010-12-08


ဥရောပ ညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည် ဗီဒီယိုမိန့်ခွန်း ပေးပို့

2010-12-08
နိုင်ငံတကာ အကူအညီတွေ ပေးနေတဲ့ တိုင်းပြည်တွေအနေနဲ့ လူမှုအဖွဲ့အစည်းကို အားကောင်းတောင့်တင်း လာစေမယ့် မူဝါဒမျိုးတွေ ချမှတ်ပြီး အကူအညီပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလိုက်ပါတယ်။

2010-12-08

ဒေါ်အောင်ဆန်းစုကြည် ပုံတူဖယောင်းရုပ်တု ထိုင်းပြတိုက်မှာ ပြသ

ထိုင်းနိုင်ငံ ဗန်ကောက်မြို့လယ်မှာ တည်ရှိတဲ့ Siam Discovery ကုန်တိုက်ကြီးမှာ ပြသတဲ့ Madame Tussauds ပြခန်းမှာ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတူရုပ်ထုကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက စတင်ပြသထားတယ်လို့ သိရပါတယ်။

2010-12-08

စစ်တပ်ကဖမ်းသွားသည့် KNU-KNLA တပ်သား ၆ ဦးအသတ်ခံရ

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စစ်အစိုးရတပ်တွေ ဖမ်းဆီးသွားတဲ့ KNU-KNLA ငြိမ်းချမ်းရေး ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိထားပြီ ဖြစ်ကြောင်း၊ သူတို့အားလုံးကို စစ်အစိုးရတပ်က သတ်ဖြတ်လိုက်တာ ဖြစ်ကြောင်း KNU-KNLA ငြိမ်းချမ်းရေး ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် တင်မိုသီ က RFA ကို ဒီဇင်ဘာ ၈ ရက် ဒီကနေ့ အတည်ပြု ပြောပါတယ်။

2010-12-08

ဒုတိယပင်လုံညီလာခံအား စစ်အစိုးရသတင်းစာဝေဖန်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လုပ်ဆောင်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံနဲ့ ပတ်သက်လို့ တိုက်ရိုက် ဝေဖန်တဲ့ သတင်းဆောင်းပါးတပုဒ် ကို ဒီကနေ့ထုတ် စစ်အစိုးရ သတင်းစာတွေမှာ ရေးသားထားပါတယ်။

2010-12-08

ဒေါ်အောင်ဆန်းစုကြည်၏အလှူသို့ သံဃာတော် ၇၅၀ ကျော် ကြွရောက်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ NLD အဖွဲ့ဝင်တွေက သံဃာတော်တွေနဲ့ သီလရှင်တွေကို သင်္ကန်းနဲ့ ဝတ္ထုငွေတွေ ဒီဇင်ဘာ ၈ ရက် ဒီကနေ့ ဆက်ကပ်လှူဒါန်းရာမှာ သံဃာတော် အပါး ၇၅၀ ကျော် ကြွရောက် အလှူခံတယ်လို့ သိရပါတယ်။

2010-12-08

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ ဒေါ်အောင်ဆန်းစုကြည်နှင့် လာရောက်ဆွေးနွေး

ရွေးကောက်ပွဲဝင် ပါတီတခုဖြစ်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီက ဒီဇင်ဘာ ၈ ရက် ဒီကနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်နိုင်မဲ့ လုပ်ငန်းတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

2010-12-08

အမေရိကန် ဒုလက်ထောက်ဝန်ကြီးနှင့် ပါတီအချို့ တွေ့ဆုံဆွေးနွေး

အရှေ့အာရှနဲ့ ပစိဖိတ်ဆိုင်ရာ ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Josep Yun ဟာ မြန်မာနိုင်ငံကို ရောက်ပြီး နာရီပိုင်းအတွင်းမှာပဲ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီတချို့နဲ့တွေ့ဆုံခဲ့ပါတယ်။

2010-12-08

ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေး တကမ္ဘာလုံး စောင့်ကြည့်ဖို့ အမေရိကန် အမတ် တောင်းဆို

မြန်မာ့ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေကို တစိုက်မတ်မတ် ထောက်ခံအားပေးနေတဲ့ အမေရိကန် ဒီမိုကရက် အောက်လွှတ်တော်အမတ် Joseph Crowley က ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးကို နိုင်ငံတကာက စောင့်ကြည့်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

2010-12-08

နေပြည်တော်ကျောက်မျက်ပြပွဲမှ ဒေါ်လာ သန်းထောင်ချီရ

ပြီးခဲ့တဲ့ နိုဝင်ဘာလက နေပြည်တော်မှာ ၁၃ ရက်ကြာ ပြုလုပ်ခဲ့တဲ့ ကျောက်မျက်ရတနာ ပြပွဲမှာ စုစုပေါင်း ကျောက်မျက်ရတနာ အမေရိကန်ဒေါ်လာ သန်း ၁,၄၀၀ ကျော်ဖိုး ရောင်းချခဲ့ရကြောင်း အမည်မဖော်လိုတဲ့ စစ်အစိုးရ အရာရှိတဦးကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြလိုက်ပါတယ်။

2010-12-08

မွန်ပြည်သစ်ပါတီနယ်မြေမှာ စစ်အစိုးရတပ်များ တိုးမြှင့်ချထား

ထိုင်းနဲ့ မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြုလုပ်ရာ မွန်ပြည်နယ် ဘုရားသုံးဆူဂိတ်ကို ၄ နှစ်လောက် ပိတ်ထားခဲ့ရာကနေ ဒီဇင်ဘာ ၇ ရက် မနေ့က ပြန်လည် ဖွင့်လှစ်ပေးလိုက်ပေမဲ့ အခုရက်ပိုင်းအတွင်း အဲဒီ နယ်မြေတလျှောက်မှာ စစ်အစိုးရတပ်ဖွဲ့တွေ တပ်ရင်းတွေ အလိုက် ထပ်ပြီးတိုးမြင့် ချထားလိုက်တယ်လို့ သိရပါတယ်။

2010-12-08

ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယသံအမတ်ကြီး ဖိတ်ကြားဆွေးနွေး

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး V. S. Seshadri က ရန်ကုန်တိုင်း ဒဂုံမြို့နယ် သံတမန်လမ်းမှာ ရှိတဲ့ သူရဲ့နေအိမ်ကို ဖိတ်ကြားပြီး တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: