ဧရာဝတီမှ သတင်းတိုများ ၀၈.၁၂.၂၀၁၀

သတင်းတိုများ

နိုင်ပြီးမှ ပြန်ရှုံးရသည့် ဒေါက်တာ စောနိုင် ဗိုလ်ချုပ်မှူးကြီးထံ တိုင်စာပို့

တောင်ဥက္ကလာပမြို့နယ်တွင် အနိုင်ရကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု လက်မှတ်ရေးထိုး ပေးခဲ့သော်လည်း အနိုင်ရ ကိုယ်စားလှယ်စာရင်းတွင် မပါဝင်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ စောနိုင်သည် မဲမသမာမှုများကို ဖော်ထုတ်ပေးရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ဒီဇင်ဘာလ ၅ ရက်နေ့က စာပေးပို့ တိုင်ကြားထားကြောင်း သိရသည်။ ဒေါက်တာစောနိုင်၏ ပြိုင်ဘက်မှာ ကြံ့ဖွံ့ပါတီမှ ဦးအောင်ကျော်မိုး ဖြစ်သည်။ Read more Add comment (1) Hits: 1460
သတင်းတိုများ

ကြံ့ဖွံ့ပါတီနှင့် ပြိုင်ဘက်ဖြစ်ခဲ့သူများကို ဖိနှိပ်

ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီနှင့် ပြိုင်ဘက်ဖြစ်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်လောင်းများကို စစ်အစိုးရက ဖိနှိပ်မှုများ ပြုလုပ်နေကြောင်း သိရသည်။ ဧရာဝတီတိုင်း လေးမျက်နှာမြို့မှ တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးဇော်မင်းသိန်း၏ အုတ်သဲကျောက် ရောင်းဝယ်ရေးလုပ်ငန်းကို လိုင်စင် တိုးမပေးကြောင်း၊ အစိုးရ ဝန်ထမ်းများကိုလည်း ဦးဇော်မင်းသိန်းထံမှ မဝယ်ယူရန် ဖိအားပေးထားကြောင်းနှင့် ဦးဇော်မင်းသိန်းသည် တခြားစီးပွားရေးကို ပြောင်းလဲလုပ်ကိုင်ရန် ပြင်ဆင်နေရကြောင်း သတင်းရရှိသည်။ Read more Add comment (1) Hits: 448
သတင်းတိုများ

အရာရှိငယ်များကို လွှတ်တော်တွင် ဝန်ထမ်းခန့်ရန် စာရင်းကောက်

လွှတ်တော်သစ်တွင် ဝန်ထမ်းအဖြစ် ခန့်ထားရန် အစိုးရဝန်ကြီးဌာနများမှ အသက် ၃၀ အောက် အရာရှိငယ်များကို နာမည်စာရင်း ကောက်ယူနေကြောင်း နေပြည်တော်ဝန်ထမ်းများက ဆိုသည်။ အစိုးရဝန်ကြီးဌာန ၃၂ ခုကို ၁၅ ခုအထိ လျှော့ချမည်ဖြစ်ရာ လွှတ်တော်နှင့် ပြည်နယ်နှင့်တိုင်း အစိုးရဌာနများသို့ လွှဲပြောင်းခန့်ထားဖွယ်ရှိကြောင်း၊ စစ်ဘက်အရာရှိနှင့် အကြပ်စစ်သည်များကိုလည်း လွှတ်တော်များတွင် ဝန်ထမ်းအဖြစ် ခန့်အပ်ရန် အငြိမ်းစားပေးပြီး ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။ Read more Add comment (1) Hits: 726
သတင်းတိုများ

ဦးအောင်သိန်းလင်း ကတိမတည်

ကြံ့ဖွံ့ပါတီမှ မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် ရွေးကောက်ပွဲမတိုင်မီက လမ်းများ အခမဲ့ခင်းပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယခုအခါ ပြည်သူများက ငွေကြေးမထည့်ဝင်လျှင် လမ်းမခင်းပေးတော့ကြောင်း သိရသည်။ တောင်ဥက္ကလာပမြို့နယ် နန္ဒ၀န်ဈေးအနီး ၁၇ လမ်းအောက်ပိုင်းတွင် တအိမ်လျှင် ငွေကျပ် ၂ သောင်းမှ ၅ သောင်းအထိ ကြံ့ဖွံ့ပါတီက ကောက်ခံကာ ကျပ်သိန်း ၃၀ ရမှ ကြံ့ဖွံ့ပါတီက လမ်းခင်းပေးကြောင်း ၁၇ လမ်းအထက်ပိုင်းတွင်မူ ငွေကြေးမရသောကြောင့် လမ်းခင်းမပေးကြောင်း သိရသည်။ Read more Add comment (1) Hits: 575
သတင်းတိုများ

ဂီရိဆိုင်ကလုန်းဒဏ်ခံ ဒေသတချို့ ယခုထိ အကူအညီများ မရသေး

ရခိုင်ပြည်နယ်အတွင်းရှိ ဂီရိလေဘေးဒဏ်အများဆုံး ခံခဲ့ရသော မြေပုံမြို့နယ်အတွင်းမှ မြို့နှင့်ဝေးလံသော ကြက်မူတောင် ကျွန်းနှင့် မြန်တော်မူကျွန်း ကျေးရွာ ၂ ရွာသည် ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခဲ့သော်လည်း ကျေးရွာအမည် မပေါက်ခြင်းနှင့် ဆက်သွယ်ရေး ခက်ခဲ့မှုကြောင့် ယနေ့အထိ အကူအညီများ မရရှိသေးကြောင်း၊ ထိုဒေသတွင် အိမ်ခြေပေါင်း ၂၀၀ ၀န်းကျင် နှင့် လူဦးရေ ၅၀၀ ခန့် ရှိကြောင်း ဒေသခံများထံမှ သိရသည်။ Read more Add comment (0) Hits: 62
သတင်းတိုများ

တောင်အာဖရိကမှ နည်းယူစရာများရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းနိုင်ငံဆိုင်ရာ တောင်အာဖရိကနိုင်ငံ သံအမတ်ကြီး မစ္စတာ ဒေါက်ဂလပ်စ် ဂစ်ဘ်ဆင် ယမန်နေ့က ရန်ကုန်မြို့တွင် လာရောက်တွေ့ဆုံကြောင်း NLD မှ ပြောသည်။ “တောင်အာဖရိကနိုင်ငံ၏ ဒီမိုကရေစီရေး ကြိုးပမ်းမှုသည် အားတက်စရာဖြစ်ကြောင်း၊ တောင်အာဖရိကမှ နည်းယူစရာများ ရရှိမည်ဟု မျှော်လင့်ကြောင်း”  ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်ဟု သိရသည်။ ထို့အတူ ထိုင်းနိုင်ငံဆိုင်ရာ ဒိန်းမတ် သံအမတ်ကြီးလည်း လာရောက်တွေ့ဆုံကြောင်း သိရသည်။ Read more Add comment (0) Hits: 553
သတင်းတိုများ

အရပ်ဘက် လူမှုအဖွဲ့အစည်းကို အကူအညီပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည်က မြန်မာ အရပ်ဘက် လူမှုအဖွဲ့အစည်း ပိုမိုအားကောင်းစေမည့် နိုင်ငံတကာ အကူအညီများပေးရေး မူဝါဒများချမှတ်ပြီး ဆောင်ရွက်ရန် တိုက်တွန်းထားသည့် ဗီဒီယိုမိန့်ခွန်းကို ယမန်နေ့က ဖွံ့ဖြိုးရေးဆိုင်ရာ ဥရောပ ညီလာခံသို့ ပေးပို့ခဲ့ကြောင်း သိရသည်။ ယင်းညီလာခံကို  ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့တွင် ကျင်းပနေပြီး ဒေါ်အောင်ဆန်းစုကြည်က “စီးပွားရေး တိုးတက်ဖို့ မူဝါဒချမှတ်ရသလိုပဲ ကောင်းမွန်တဲ့ အစိုးရတရပ် ပေါ်ပေါက်လာဖို့ လူမှုအဖွဲ့အစည်း အားကောင်းလာအောင် အကူအညီပေးရေး မူဝါဒတွေ ချမှတ်သင့်တယ်” ဟု မိန့်ခွန်းတွင် ပြောကြားထားသည်။ Read more Add comment (0) Hits: 422
သတင်းတိုများ

သံဃာများကို ဒေါ်အောင်ဆန်းစုကြည် သင်္ကန်းကပ်လှူ

ရန်ကုန်မြို့ အနောက်ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် ယနေ့နံနက် ၈ နာရီခန့်က ဒေါ်အောင်ဆန်းစုကြည်မှ သံဃာတော် ၇၅၈ ပါးကို သင်္ကန်းတစုံစီနှင့် သီလရှင် ၁၁၉ ပါးကို တဘက်တထည်စီ ဆက်ကပ် လှူဒါန်းကြောင်း သိရသည်။  ကြွရောက်သည့် သံဃာတော်များမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေရစဉ် အင်္ဂါနေ့တိုင်း NLD ရုံးချုပ်ရှေ့၌ အပတ်စဉ် ဆွမ်းအလှူခံတော်မူသည့် သံဃာတော်များပင်ဖြစ်ကြောင်း သိရသည်။ Read more Add comment (0) Hits: 331

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: