၀၇.၁၂.၂၀၁၀ အတွက် RFA Burmese သတင်းများ

2010-12-07

လာမည့်နှစ်လအတွင်း မြန်မာ့ရှေ့ရေး အရေးကြီးဆုံးအဖြစ် ကုလအတွင်းရေးမှူးချုပ် သတိပေး

2010-12-07
မြန်မာနိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေး ပေါ်ပေါက်လာရေးဟာ စစ်အစိုးရဖက်က ရွေးကောက်ပွဲ အပြီး ရှေ့ဆက်လုပ်ဆောင်မဲ့ လုပ်ငန်းစဉ်တွေပေါ်မှာ မူတည်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီဇင်ဘာ ၆ ရက် မနေ့က သတိပေး ပြောဆိုလိုက်ပါတယ်။

2010-12-07

ပြည်တွင်းအဖွဲ့များ ရွေးကောက်ပွဲ သုံးသပ်ချက် ပူးတွဲထုတ်ပြန်

မြန်မာနိုင်ငံထဲမှာ လျှို့ဝှက် လှုပ်ရှားနေကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ ၊ ဗကသများ အဖွဲ့ချုပ်အပါအဝင် စုစုပေါင်းအဖွဲ့၁၀ ဖွဲ့က စစ်အစိုးရကျင်းပတဲ့ ရွေးကောက်ပွဲဟာ စစ်ဝတ်စုံနဲ့ အုပ်ချုပ်တဲ့ အစိုးရကနေ အရပ်ဝတ်ပုံစံကို အသွင်ပြောင်း အုပ်ချုပ်သွားဖို့ လုပ်ဆောင်ခဲ့တဲ့ ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ သုံးသပ်ချက် အစီရင်ခံစာတစောင် ဒီဇင်ဘာ ၇ ရက် ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ် ။

2010-12-07

မြန်မာ့ဒီမိုကရေစီရေး ထောက်ခံဖို့ အိန္ဒိယအစိုးရကို ဒေါ်အောင်ဆန်းစုကြည်တောင်းဆို

အိန္ဒိယအစိုးရ အနေနဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီ အင်အားစုတွေကို ထောက်ခံအားပေးဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

2010-12-07

ရုပ်ရှင်မင်းသမီး Michelle Yeoh ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

မလေးရှားနိုင်ငံဖွား ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး Michelle Yeoh ဟာ ဒီဇင်ဘာ ၆ ရက် မနေ့က မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

2010-12-07

ဒေါ်အောင်ဆန်းစုကြည်ကို ဒိန်းမတ်သံအမတ်ကြီးတွေ့ဆုံ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံ အမတ်ကြီး Michael Sternberg က အန်အယ်လ်ဒီ ပါတီရုံးချုပ်မှာ ဒီဇင်ဘာ ၇ ရက် ဒီကနေ့ လာရောက် တွေ့ဆုံခဲ့တယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

2010-12-07

မန်ချက်စတာဘောလုံးသင်း ကို ဝယ်ယူဖို့ မြန်မာစစ်အစိုးရ စိတ်ကူးခဲ့

မြန်မာစစ်အစိုးရဟာ ကမ္ဘာကျော် အင်္ဂလန်ဘောလုံးသင်း တသင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ဝယ်ယူဖို့ စိတ်ကူးခဲ့ဖူးကြောင်း WikiLeaks အင်တာနက် စာမျက်နှာ က ဖော်ပြလိုက် ပါတယ်။

2010-12-07

ရွေးကောက်ပွဲဝင်ပါတီအချို့နှင့် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ

အမေရိကန်အစိုးရ အဆင့်မြင့် အရာရှိတဦး ဖြစ်တဲ့ Joseph Yun ဟာ ဒီဇင်ဘာ ၇ ရက် ဒီကနေ့ ထိုင်းလေကြောင်းနဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး ခရီးစဉ်အတွင်း၊ နေအိမ်အကျယ်ချုပ်က မကြာခင်က လွတ်မြောက်လာတဲ့ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရဝန်ကြီးတဦးနဲ့ ရွေးချယ်ခံ လွှတ်တော်အမတ်သစ်တွေနဲ့ တွေ့ဆုံမယ်လို့ မြန်မာ စစ်အစိုးရအရာရှိတဦးက ဒီဇင်ဘာ ၇ ရက် ဒီကနေ့ အတည်ပြုပြောပါတယ်။

Leave a comment