ဧရာဝတီမှ သတင်းတိုများ ၀၇.၁၂.၂၀၁၀

သတင်းတိုများ

အကြမ်းမဖက်သော နည်းလမ်းဖြင့်သာ နိုင်ငံရေးအဖြေရှာမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာ့ နိုင်ငံရေးပြဿနာများကို အဖြေရှာရာတွင် အကြမ်းမဖက်သော နည်းလမ်းဖြင့်သာ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်သာမက နောင် တက်လာမည့် ဆုံးဖြတ်ချက်ပေးနိုင်သော နိုင်ငံ့ခေါင်းဆောင်များနှင့်ပါ ငြိမ်းချမ်းသော နည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က တသီးပုဂ္ဂလ လွှတ်တောင် အမတ်လောင်းများကို ယနေ့ ပြောဆိုလိုက်သည်။ Read more Add comment (0) Hits: 367
သတင်းတိုများ

KNU နှင့် နအဖတပ် တိုက်ပွဲဖြစ်၊ ၄ ဦး ကျဆုံး

နအဖ စစ်တပ်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များ တနင်္ဂနွေနေ့က ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ မာနယ်ပလော ဒေသ၌ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖ တပ်ဘက်မှ ၄ ဦး ကျဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲသည် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) တပ်မဟာ ၅ ၊ တပ်မဟာ ၇ တပ်ဖွဲ့ဝင်များနှင့် နအဖ ခြေမြန် တပ်ရင်း(ခမရ) ၃၃၈ မှ တပ်ဖွဲ့ဝင်များ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း KNU နှင့် နီးစပ်သူတဦးက ပြောသည်။ Read more Add comment (0) Hits: 480
သတင်းတိုများ

အမေရိကန် အဆင့်မြင့်အရာရှိ ဂျိုးဇက် ၀ိုင် ယွန်း မြန်မာပြည်ရောက်

အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက် ၀ိုင် ယွန်း(Joseph Y Yun ) မြန်မာနိုင်ငံသို့ ယနေ့ရောက်ရှိလာသည်။ ၎င်းသည် မြန်မာနိုင်ငံတွင် လေးရက်ကြာနေထိုင်မည် ဖြစ်ပြီး လာမည့် သောကြာနေ့တွင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP)အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ပြီး အစိုးရ အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဟု သိရသည်။ Read more Add comment (0) Hits: 288
သတင်းတိုများ

ကျေးရွာဥက္ကဋ္ဌကို စစ်ဗိုလ်က ရိုက်နှက်

ရခိုင်ပြည်နယ်မှ လေဘေးဒဏ် ခံခဲ့ရသော ပေါက်တော မြို့နယ် ငရဗချိုင် ကျေးရွာ ဥက္ကဋ္ဌ ဦးစိန်လှကျော်အား လေဘေး ကူညီရန် ရောက်ရှိ နေသည့် ရသေ့တောင် အခြေစိုက် ခမရ ၅၃၈ မှ စစ်ဗိုလ် ကျော်ကျော်အောင်က ဒီဇင်ဘာ ၂ ရက်နေ့တွင် ခေါ်ယူရိုက်နှက် ခဲ့ကြောင်း သိရသည်။ ဗိုလ်ကျော်ကျော်အောင် သွားလာရန် စက်လှေ စီစဉ်ပေးရာတွင် သတ်မှတ် ထားချိန်ထက် ၁ နာရီ နောက်ကျ ခြင်းကြောင့် ထိုသို့ ခေါ်ယူရိုက်နှက်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ Read more Add comment (0) Hits: 325
သတင်းတိုများ

မင်းသမီး မီရှဲလ်ယိုး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံ

ဟောင်ကောင် ရုပ်ရှင်မင်းသမီး မီရှဲလ်ယိုးသည် ယမန့်က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်အား သွားရောက် တွေ့ဆုံ၍ ယနေ့နံနက် ၉နာရီခန့်က ထိုင်း နိုင်ငံ ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း NLD က ပြောသည်။ မီရှဲလ်ယိုး က ဒေါ်အောင်ဆန်းစုကြည်နှင့် အချိန်အတော်ကြာကြာ တွေ့ဆုံခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဇာတ်ရုပ် နေရာ၌ ၎င်း သရုပ်ဆောင်နေသည့် ရုပ်ရှင်ဇာတ်ကားမှ ဇတ်ဝင်ခန်းတချို့ကိုလည်း ပြသခဲ့သည်ဟု သိရသည်။ Read more Add comment (1) Hits: 631
သတင်းတိုများ

ချင်းမိုင်တွင် ရှမ်းနှစ်သစ်ကူးရိုးရာပွဲ ကျင်းပ

နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်သည့် ရှမ်း နှစ်သစ်ကူး ရိုးရာပွဲတော်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌လည်း ပြည်ပရောက် ရှမ်း တိုင်းရင်းသား များ၊ ရွှေ့ပြောင်းအလုပ်သမားများ ပူးပေါင်း၍ ဒီဇင်ဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပကြသည်။ ရှမ်း သက္ကရာဇ် အရ ၂၁၀၅ ခုနှစ်သို့ ကူးပြောင်းသော ကာလဖြစ်သည်။ ရှမ်းရိုးရာ နှစ်သစ်ကို နတ်တော်လဆန်း ၁ ရက်နေ့ ရှမ်း ခုနှစ် နှစ်သစ် ၏ အစ အဖြစ်သတ်မှတ်ခြင်းဖြစ်သည်။ ယခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရှမ်းပြည်နယ်မှ မြို့နယ်တချို့ တွင် လုံခြုံရေး အကြောင်းပြချက်ဖြင့် ကန့်သတ်ခံရမှုများ ရှိသည်။ Read more Add comment (1) Hits: 88
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်သား ကိုထိန်လင်း ယနေ့ပြန်ပြီ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားအငယ် ကိုထိန်လင်း(Kim Aris) ယနေ့နံနက် ၉နာရီ ခန့် က မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ သွားပြီဖြစ်သည်။ ကိုထိန်လင်းသည် နိုဝင်ဘာ လ ၂၃ ရက်နေ့ က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး နေထိုင်ခွင့် ဗီဇာ၂ ပတ်ရရှိကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် ကိုထိန်လင်း တွေ့ခွင့်မရသည်မှာ ၁၀ နှစ် ခန့်ရှိပြီ ဖြစ်သည်။ Read more Add comment (1) Hits: 680

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: