နအဖ လက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့ ထုတ်လုပ်သည့် မူးယစ်ဆေးဝါးများ အရည်အသွေးပိုကောင်းလာ

နအဖ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များ ထုတ်လုပ် သည့် မူးယစ်ဆေးဝါးများ အရည်အသွေးနှင့်အရေ အတွက် နှစ်မျိုးစလုံး ကောင်းလာနေသည်ဟု သျှမ်းပြည် မူးယစ်ဆေးဝါး လေ့လာစောင့်ကြည့်ရေးအဖွဲ့ကဆိုသည်။

“ယမန်နှစ်အထိတော့ ဝ က ဘိန်းဖြူနဲ့ယာဘမှာ အရည်အသွေးရော အရေအတွက်ပါ အားလုံးထက်သာလွန်တယ်။ ဒီနှစ်ကစပြီးတော့ ပြည်သူ့စစ်အဖွဲ့က ဝ ထက် အရေအတွက်မှာ သာနေတယ်။ နောင်နှစ်တွေမှာတော့ အရည်အသွေး ရော အရေအတွက်ပါ ပြည်သူ့စစ်ကဘဲသာမှာ” ဟု သျှမ်းပြည်အရှေ့ပိုင်းနေ သျှမ်းပြည်မူးယစ်ဆေးဝါးလေ့လာစောင့် ကြည့်သူတစ်ဦးက ပြောပါသည်။

ယခုနှစ်အတွင်း ပြည်သူ့စစ်အဖွဲ့၏ ဘိန်းဖြူအရည်အသွေးနှင့် အရေအတွက်သည် ဝ ထက်သာလွန်ကြောင်း၊ ယာဘ မှာ အရေအတွက်သာ သာလွန်၍ အရည်အသွေးမှာမူ ဝ ကိုမမှီသေးကြောင်း၊ သို့သော်နောင်နှစ်၌ ဘိန်းဖြူနှင့်ယာဘ နှစ်မျိုးစလုံး အရည်အသွေးသာမက အရေအတွက်ပါ သာလွန်မည်ဖြစ်ကြောင်း ပြောပါသည်။

“ဒီလို ပြည်သူ့စစ်တွေ မူးယစ်ဆေးဝါးထုတ်လုပ်တာ ဝ ထက်သာနေတာဟာ ဝ နယ်က သူဌေးတွေ ချက်ပြုတ်သူတွေ ဝ နဲ့နအဖဆက်ဆံရေးတင်းမာလာတဲ့အချိန်ကစပြီး ပြည်သူ့စစ်ဘက် ပြောင်းလာကုန်လို့ဘဲ။ ယာဘချက်သူတွေ အားလုံးမပြောင်းလာကြသေးတော့ ယာဘရဲ့အရည် အသွေးဟာ ဝ နယ်မြေကထွက်တဲ့ဟာကို မမှီနိုင်သေးဘူး” ဟု ၎င်းကဆက်လက်ပြောပါသည်။

ပြည်သူ့စစ်များ မူးယစ်ဆေးဝါးထုတ်လုပ်ရာ၌ ဝ ထက်သာလွန်နေသည်မှာ နအဖက လုံခြုံရေးတာဝန်ယူပေးခြင်း၊ ဘိန်းစိုက်ပျိုးသော နယ်မြေအများစုသည် နအဖနှင့်ပြည်သူ့စစ်တို့ လက်အောက်၌ရှိခြင်းတို့ကြောင့်လည်း ဖြစ်သည်ဟု ဆို၏။

သျှမ်းပြည်၌ မြို့နယ် ၅၅ ခု ရှိသည့်အနက် အပစ်ရပ်ထိန်းချုပ်နယ်မြေဖြစ်သော ဝ နယ် ၄ မြို့နယ်(၂၀၀၅)၊ ကိုးကန့် ၂ မြို့နယ်(၂၀၀၃)၊ မိုင်းလား ၁ မြို့နယ်(၁၉၉၇)နှင့် နအဖထိန်းချုပ်နယ်မြေဖြစ်သော ဓနု ၂ မြို့နယ်တို့၌သာ ဘိန်းစိုက်ပျိုး မှုမရှိကြောင်း၊ နအဖနှင့်ပြည်သူ့စစ်လက်အောက်၌ရှိသော ကျန် ၄၆ မြို့နယ်မှာ ဘိန်းစိုက်ပျိုးမှုများရှိနေကြောင်း သိရှိရ ပါသည်။

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် နမ့်ဇန်မြို့နယ်ရှိ နားရိုင်းနှင့်မကျိုင်းပြည်သူ့စစ်အဖွဲ့မှ ထုတ်လုပ်သော ဘိန်းဖြူ သည်အကောင်းဆုံးဖြစ်ကြောင်း၊ မကျိုင်းမှထုတ်လုပ်ထားသော လေးထောင့်ပုံစံဘိန်းဖြူ ခေါ် ဖိနပ်သည် ၇၀၀ ဂရမ်အ လေးချိန်ရှိပြီး မြေကြီးပေါ်ပစ်ပေါက်သော်လည်း ကြေမွခြင်းမရှိကြောင်း အောက်တိုဘာလထုတ် သျှမ်းပြည်မူးယစ်ဆေး ဝါးလေ့လာစောင့်ကြည့်ရေးသတင်းလွှာမှ ဖော်ပြထားသည်။

“အရင်တုန်းက ပြည်သူ့စစ်တွေကို ဝ ဘက်က တင်းမာခဲ့တယ်။ အခု ဝ နယ်ကထွက်တဲ့ မူးယစ်ဆေးဝါးတွေကို တခြား ကိုသယ်ဖို့ ပြည်သူ့စစ်နယ်ကိုကျော်ဖြတ်ရတော့ ဝ ကအလျှော့ပေးပေါင်းနေရတယ်” ဟု အဆိုပါသူက ပြောပါသည်။

၂၀၀၅ ခုနှစ်မတိုင်မီအထိ ဝ တပ်ဖွဲ့က နအဖ ဆန္ဒအတိုင်း လိုက်လျောပေးသည့်အတွက် လွတ်လပ်စွာ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချခွင့်ရသည့်အပြင် နအဖစစ်ကြောင်းကိုယ်တိုင်လုံခြုံရေးပါတာဝန်ယူပေးခဲ့သည်ဟုဆို၏။ ၂၀၀၅နှစ်မှ စ၍ ဝ တပ်ဖွဲ့က သျှမ်းတပ်အား ကူမတိုက်ပေးသည့်အပြင် ယမန်နှစ်တွင်မူ နအဖတို့ဖိအားပေးသော နယ်ခြားစောင့် တပ်အသွင်ပြောင်းရေးသော်လည်းကောင်း၊ လက်နက်ချရေးသော်လည်းကောင်း ငြင်းဆန်ခဲ့သဖြင့် နအဖက ၎င်းတို့ အမိန့်နာခံသော ပြည်သူ့စစ်အဖွဲ့များကိုသာ လွတ်လပ်စွာ မူးယစ်ဆေးဝါးလုပ်ပိုင်ခွင့်ပေးထားကြောင်း သတင်းရပ် ကွက်များကဆိုသည်။

မြန်မာနိုင်ငံအ၀ှမ်း ဘိန်းစိုက်ပျိုးမှုကင်းစင်ရေး ၁၅ နှစ်စီမံကိန်းကို နအဖစစ်အုပ်စုက ၁၉၉၉-၂၀၁၄ အထိ လျာထားပြီး ၎င်း ၁၅ နှစ်စီမံကိန်းကို ၅ နှစ်စီမံကိန်းများအဖြစ် ထပ်မံခွဲထားသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: