ဧရာဝတီမှ သတင်းတိုများ ၀၃.၁၂.၂၀၁၀

သတင်းတိုများ

မြန်မာက ဗီယက်နမ်ကို ၇ ဂိုး ၁ ဂိုးဖြင့်ရှုံး၊ ပရိသတ်များ စိတ်ပျက်

ဆူဇူကီးဖလား ၂၀၁၀ ပြိုင်ပွဲအဖွင့်ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်အသင်းက အိမ်ရှင် ဗီယက်နမ် အသင်းအား ၇-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရ သည့် အတွက် မြန်မာပရိသတ်များ အလွန် စိတ်ပျက် နေကြကြောင်း သိရှိရသည်။ မြန်မာအသင်းမှာ ပွဲချိန် ၁၃ မိနစ်၌ အဖွင့်ဂိုး ပေးလိုက်ရပြီး နောက်ထပ် ၂ မိနစ်အကြာတွင် ရန်ပိုင်၏ ပံ့ပိုးမှုမှတဆင့် အောင်ကျော်မိုးက အပြင်းကန်သွင်းကာ ချေပဂိုးပြန်လည် သွင်းယူနိုင်လိုက်သော်လည်း ကျန် ပွဲချိန်များတွင် မြန်မာအသင်းမှာ အသင်းလိုက်ကစားပုံ ညံ့ဖျင်းလွန်းသည့်အတွက် ဂိုးများ ဆက် တိုက်ပေးလိုက်ရကာ ယခုကဲ့သို့ ၇-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်ဟု ဘောလုံးအားကစား လေ့လာသူများက ပြောသည်။ Read more Add comment (0) Hits: 434
သတင်းတိုများ

နေပြည်တော် သတင်းစာ ထွက်မည်

စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်၌ လာမည့် ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် “နေပြည်တော်” အမည်ရှိ သတင်းစာတစောင် ထုတ်ဝေရန် စီစဉ်နေကြောင်း သိရသည်။ ယင်း သတင်းစာသည် ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြ၀တီ စာပေနှင့် ပုံနှိပ်ထုတ်ဝေရေး က ထုတ်ဝေမည် ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးတို့တွင်လည်း တိုက်ခွဲများထားရှိသွားမည်ဖြစ်ကြောင်း စာနယ်ဇင်း အသိုင်း အ၀ိုင်းက ပြောသည်။ Read more Add comment (0) Hits: 168
သတင်းတိုများ

တရုတ် ကုန်ပစ္စည်းများ ဈေးတက်နေ

ပြည်တွင်း ဈေးကွက်သို့ တရုတ်နိုင်ငံမှ တင်သွင်းသော အချိုမှုန့်၊ အချိုရည်ဘူး၊ အ၀တ်အထည် စသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လျက်ရှိပြီး တမျိုးလျှင် ကျပ် ၃၀၀ မှ ၅၀၀ ၀န်းကျင် အထိ ဈေးတက်သွားကြောင်း၊ ထို သို့ဈေးတက်ရခြင်းမှာ မြန်မာပြည်တွင်းသို့ တရုတ်ကုန်ပစ္စည်းများနှင့်အပြိုင် တင်သွင်း နေသည့် ထိုင်း ကုန်ပစ္စည်းများ ရှားပါး မှုကြောင့်ဖြစ်ကြောင်း ကုန်သည်များက ပြောသည်။ ထိုင်း-မြန်မာ နယ်စပ် အဓိက ကုန်စည် စီးဆင်းသည့် မဲဆောက်-မြ၀တီ ဂိတ်ကို စစ်အစိုးရက ဇူလိုင် ၁၈ ရက်နေ့က စတင် ပိတ်ထားသည်မှာ ၄ လ ကျော် ပြီဖြစ်သည်။ပြီးခဲ့သည့် ရက်ပိုင်းကလည်း တရုတ်-မြန်မာ နယ်စပ် ကုန်စည်စီးဆင်းမှုကို တင်းကျပ်ပိတ်ပင် ထားသည်။ Read more Add comment (0) Hits: 356

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: