လွှတ်တော်၌ လူ့အရင်းအမြစ်ပျိုးထောင်ရေး ဥပဒေ ကြမ်းတင်ပြရန် ကျားဖြူစဉ်းစား

ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါလီမန်လွှတ်တော်၌ လူ့အရင်းအမြစ်ဆိုင်ရာဥပဒေကြမ်းကို သျှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူ ပါတီကတင်ပြရန် စဉ်းစားနေကြောင်း ပါတီခေါင်းဆောင်တစ်ဦးက ဆိုပါသည်။

“ပညာရေးနဲ့ကျန်းမာရေးဘက်မှာ ပြည့်စုံမှုမရှိတဲ့အတွက်ကြောင့် လူ့အရင်းအမြစ်က အရမ်းပြတ်တောက်နေပြီ။ ဒါ ကြောင့် လူ့အရင်းအမြစ်ပျိုးထောင်ဖို့ ဥပဒေကြမ်းနဲ့ စာပေ ယဉ်ကျေးမှု ဓလေ့ရိုးရာနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းတွေကို လွှတ်တော်မှာ တင်ပြဖို့ စဉ်းစားထားပါတယ်” ဟု ပါတီဗဟိုကော်မတီဝင်တစ်ဦးက ပြောပါသည်။

ကျားဖြူပါတီက ပါတီမျက်နှာစုံညီအစည်းအဝေးကြီးကို သျှမ်းပြည်မြို့တော် တောင်ကြီး ၌ ယခုလ ၁၁ ရက်မှ ၁၅ ရက် အထိ ကျင်းပပြုလုပ်မည်ဟုဆို၏။

“အနာဂတ်မှာ ဘာတွေဆက်လုပ်မယ်ဆိုတာနဲ့ပတ်သက်ပြီး အစည်းအဝေးပြုလုပ်မှာ ဖြစ်ပါတယ်။ ၁၁-၁၂ ကတော့ EC (ဗဟိုအလုပ်အမှုဆောင်)ကော်မတီဝင်တွေ အစည်းအဝေးလုပ်မှာဖြစ်ပြီး ၁၃-၁၄-၁၅ ကတော့ ပါတီဝင်အားလုံး မျက်နှာစုံညီအစည်းအဝေးပြုလုပ်မှာ ဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောပါသည်။

အစည်းအဝေး၌ ကျားဖြူပါတီ၏ ကြေငြာပြီး ရည်ရွယ်ချက်များဖြစ်သော ၁. ဒီမိုကရေစီနိုင်ငံကို ငြိမ်းချမ်းသော လမ်းစဉ် ဖြင့်တည်ဆောက်ခြင်း၊ ၂. ပြည်ထောင်စုတည်တံ့ခိုင်မြဲရန်၊ တိုင်းရင်းသားအချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိရန် ဆောင် ရွက်ခြင်း၊ ၃. တိုင်းရင်းသားအားလုံး လူမှုအခြေခံအခွင့်အရေးများအပြည့်အ၀ရရှိရန် ဆောင်ရွက်ခြင်း၊ ၄. စာပေ ယဉ်ကျေးမှုနှင့် ဓလေ့ရိုးရာများ မပျောက်ပျက်စေရန် ဆောင်ရွက်ခြင်း၊ ၅. စိတ်ကူးယဉ်မျှော်မှန်ခြင်းထက် အကျိုး ဖြစ်ထွန်းရေးကို ဦးစားပေးဖော်ဆောင်ခြင်း၊ ၆. ဆန့်ကျင်ရေးကို ဦးစားမပေးဘဲ ရရှိသည့်အခွင့်အရေးများအားလုံးကို ရယူအကောင်အထည်ဖော်ခြင်း၊ ၇. အတွေ့အကြုံရင့်ကျက်မှုများဖြင့် ပါတီ၏ဆောင်ရွက်ချက်၊ ဦးတည်ချက်နှင့် ၀ါဒများကို ပြောင်းလဲပြင်ဆင်သတ်မှတ်ခြင်းတို့ကို အခြေခံကာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိပါသည်။

“၂၁ ရာစု ဒုတိယပင်လုံညီလာခံအကြောင်းကို ဆွေးနွေးဖို့လဲ ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံရေးမှာ အာဏာပိုင်တွေကို ဆန့်ကျင်ပြီး လုပ်မှာမဟုတ်သလို အောက်ကျို့ခံပြီး လုပ်မှာလဲမဟုတ်ပါဘူး။ အပြန်အလှန် ရင်းနှီးမှု တန်းတူမှုတွေ အပေါ် အခြေခံပြီး လုပ်သွားမှာပါ” ဟု ဆက်ပြောပါသည်။

ကျားဖြူပါတီခေါင်းဆောင်များနှင့် ကြံ့ဖွံ့ပါတီခေါင်းဆောင်များ တွေ့ဆုံခဲ့သည်ကို အသေးစိတ်မသိရသေးကြောင်း၊ သို့သော် အပြန်အလှန် ရင်းနှီးမှု တန်းတူမှုအပေါ် အခြေခံပြီး ဆွေးနွေးလိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းကပြောပါ သည်။

“ကျနော်တို့ဘက်က သွားတွေ့တာမဟုတ်ပါဘူး။ ကြံ့ဖွံ့ဘက်က လာတွေ့တာပါ။ ရင်းနှီးသိကျွမ်းထားဘို့ တွေ့ ဆုံခဲ့တာဖြစ်ပါတယ်။ သိကျွမ်းထားတော့ လွှတ်တော်ထဲရောက်လို့ အလုပ်အတူတူလုပ်ရင် ပိုလွယ်အောင်လို့ပါ။ ထွေထွေထူးထူး ဆွေးနွေးပြောဆိုတာ မရှိပါဘူး” ဟု ဒုဥက္ကဋ္ဌဖြစ်သူ ဦးဆောင်ဆီ ကလည်း ရှင်းလင်းပြောဆိုပါသည်။

ကျားဖြူပါတီသည် သျှမ်းပြည်၌ လွှတ်တော်သုံးရပ်အတွက် နေရာ ၅၀ ၊ ကချင်ပြည်၌ လွှတ်တော်လေးရပ်အတွက် ၆ နေရာ၊ မန္တလေးတိုင်း၌ သျှမ်းလူနည်းစုလွှတ်တော်အမတ် ၁ နေရာ စုစုပေါင်းလွှတ်တော်အမတ်နေရာ ၅၇ ရရှိထားသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: