မြန်မာကျပ်ငွေအကြွေရှား၍ တရုတ်ငွေပြန်အမ်း

တရုတ်နယ်စပ် မူစယ်မြို့အ၀င် အေးရှားဝေါဂိတ်၌ ယာဉ်များထံမှ လမ်းခွန်ကောက်ပြီး ငွေပြန်အမ်းရာတွင်ကျပ် ငွေ အကြွေရှားပါးမှုကြောင့် တရုတ်ယွမ်ငွေဖြင့်သာ ပြန်အမ်းလေ့ရှိကြောင်း ဒေသခံခရီးသွားများထံမှသိရသည်။
ဂိတ်ဖြတ်ခအဖြစ် ဆိုင်ကယ်တစ်စီး ကျပ် ၁၀၀ သတ်မှတ်ထားရာ ဂိတ်သို့ ကျပ် ၂၀၀ တန်ပေးပါက ပြန်အမ်းရန် ရှိသည့် ကျပ် ၁၀၀ အတွက် တရုတ်ယွမ်ငွေ ၅ ဂျောင် (ဒဿမ ၅)ယွမ်တန်ကို ပြန်အမ်းကြောင်း သိရသည်။

“အေးရှားဝေါဂိတ်မှာ အကြွေအမ်းဖို့ တရုတ်ငွေ ၅ ဂျော့တန်တွေ အများကြီးပဲ ဆိုင်ကယ်တစ်စီးကို ၁၀၀ ကောက် တယ် မြို့အ၀င်ကို ကောက်တာ အထွက်မကောက်ဘူး (ကျပ်) ၂၀၀တန်ပေးရင် ၅ ဂျော့ပြန်အမ်းတယ် ၁၀၀ တန် အကြွေက သိပ်မရှိဘူးလေ ဟောင်းနွမ်းစုတ်ပြတ်နေတာ တချို့တလေပဲ တွေ့ဖူးတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ တရုတ်နှင့်မြန်မာငွေလဲလှယ်နှုန်းမှာ မြန်မာကျပ်ငွေ ၁၀၀ တရုတ်ယွမ်ငွေ ဒဿမ ၇၃ ယွမ်ဈေးပေါက် နေရာ ပြန်အမ်း ငွေကျပ် ၁၀၀ အတွက် ဒဿမ ၅ ယွမ်သာရရှိသဖြင့် ယာဉ်မောင်းသူများဘက်မှ နစ်နာကြောင်း သိရသည်။

တစ်ရက်လျှင်အေးရှားဝေါဂိတ် ဖြတ်သန်းသည့် ဆိုင်ကယ်အစီးရေ ခန့်မှန်း ၃၀၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

မူစယ်မြို့သည် တရုတ်နယ်စပ် ကျယ်ဂေါင်မြို့နှင့်ကပ်လျှက်ရှိပြီး မူစယ်နှင့် ကျယ်ဂေါင်မြို့များတွင် တရုတ်ငွေ ရော မြန်မာငွေပါသုံးစွဲကြသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: