၀၁.၁၂.၂၀၁၀ အတွက် RFA Burmese သတင်းများ

2010-12-01


အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ပေးဖို့ NLD တောင်းဆို

2010-12-01
အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် သင့်တင့် လျောက်ပတ်တဲ့ နိုင်ငံရေး အခြေအနေကောင်းတွေကို အခုချိန်က စပြီး ဆောင်ရွက်ပေးဖို့ စစ်အစိုးရကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆို လိုက်ပါတယ်။ ဒီဇင်ဘာ ၁ ရက် ဒီကနေ့ မနက်ပိုင်းက NLD ပါတီက ပြုလုပ်တဲ့ အနှစ် ၉၀ မြောက် အမျိုးသားအောင်ပွဲနေ့- အမျိုးသားနေ့ အခမ်းအနားမှာ ထုတ်ပြန်တဲ့ NLD ပါတီရဲ့ ကြေညာချက်မှာ ခုလို ဖော်ပြထားတာပါ။

2010-12-01

ရွေးကောက်ပွဲပြီးသော်လည်း မြန်မာများ ထိုင်းနယ်စပ်မှာ ခိုလှုံရာရှာနေရဆဲ

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲပြီးခဲ့ပေမဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး မရတဲ့အပြင် မြန်မာပြည်သူတွေဟာ မကြာခင်က ဖြစ်ခဲ့တဲ့ နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးရင်း ခိုလှုံစရာ အမိုးအကာ ရှာဖွေနေရဆဲ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ ဗန်ကောက်မြို့အခြေစိုက် နယ်စပ်ဒုက္ခသည် ကူညီရေး TBBC အဖွဲ့က ဒီဇင်ဘာ ၁ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ် ။

2010-12-01

မြန်မာ့ဒီမိုကရေစီရေး ကူညီဖို့ ဂျပန်နှင့် ထိုင်းကို ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

မြန်မာနဲ့ပတ်သက်လို့ ဂျပန်အစိုးရအနေနဲ့ မြန်မာ့ ဒီမိုကရေစီရေးကို ကူညီနေတဲ့ နိုင်ငံတကာ အစိုးရတွေနဲ့ ပူးပေါင်း ဆောင်ရွက်စေချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ဂျပန်နိုင်ငံ အခြေစိုက် ကျိုဒိုသတင်းဌာနနဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ပြောလိုက်တာပါ။

2010-12-01

၁၉၉၀ နှင့် ၂၀၁၀ ကိုယ်စားလှယ်များ ဆွေးနွေးဖို့ ဝါရင့် နိုင်ငံရေးသမားများ တိုက်တွန်း

မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရှိဖို့အတွက် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ၂၀၁၀ ရွေးကောက်ပွဲက ဖြစ်ပေါ်လာမဲ့ အစိုးရသစ်တို့ တွေ့ဆုံ ဆွေးနွေးရေးလုပ်ဖို့ ဒီကနေ့ ဒီဇင်ဘာ ၁ ရက် အမျိုးသားနေ့ အခါသမယမှာ ဝါရင့် နိုင်ငံရေးသမားကြီးတွေက တိုက်တွန်းလိုက်ပါတယ်။

2010-12-01

ဂီရိမုန်တိုင်းဒုက္ခသည်များကို ကနေဒါအစိုးရက ဒေါ်လာ ၅ သိန်းလှူမည်

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီအရ ရခိုင်ပြည်နယ်က ဂီရိ မုန်တိုင်းဒုက္ခသည်တွေအတွက် ကနေဒါနိုင်ငံအနေနဲ့ အမေရိကန်ဒေါ်လာ ၅ သိန်းလှူဒါန်းဖို့ ရှိတယ်လို့ ကနေဒါ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၃၀ ရက် မနေ့က ကြေညာပါတယ်။

2010-12-01

ထိုင်းနိုင်ငံရောက် မြန်မာများအရေး ဒေါ်အောင်ဆန်းစုကြည် အားပေးပြောကြား

မြန်မာဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်း နေထိုင်သူတွေအပေါ် ကြင်နာမှု ရှေ့ထားပြီး ကူညီကြဖို့ ထိုင်းပြည်သူတွေကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလိုက်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: