ဧရာဝတီမှ သတင်းတိုများ ၀၁.၁၂.၂၀၁၀


သတင်းတိုများ

မြန်မာပြည်တွင် HIV ဝေဒနာရှင် ၅ ဦးလျှင် ၁ ဦးသာ ဆေးဝါးကုသမှု ရရှိ

မြန်မာနိုင်ငံ၌ HIV/ AIDS ဝေဒနာရှင် ၂ သိန်း ၄ သောင်းကျော်ရှိပြီး ၅ ဦးလျှင် ၁ ဦးသာ ဆေးဝါကုသမှု ခံယူ ရရှိကြောင်း၊ ထို ၁ ဦးသည်လည်း အပြည့်အဝ ဆေးဝါးကုသခွင့် မရရှိကြောင်း UN မှ ထုတ်ပြန်သည့် ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ AIDS အစီရင် ခံစာတွင် ဖော်ပြထားသည်။ ယနေ့သည် ကမ္ဘာ့ AIDS နေ့ဖြစ်သည်။ မြန်မာပြည်တွင် အဆိုပါ ရောဂါနှင့် ပတ်သက်၍ ပညာပေးမှု အားနည်းနေသည့်အပြင် ဝေဒနာရှင်များမှာ အာဏာပိုင်များ၏ ခြိမ်းခြောက်မှုကိုပါ ခံစားနေရသည်ဟု သိရသည်။ Read more Add comment (0) Hits: 112
သတင်းတိုများ

AIDS တိုက်ဖျက်ရေးနေ့ မဲဆောက်မြို့တွင် ချီတက်

ယနေ့ကျရောက်သည့် ကမ္ဘာ့ AIDS ရောဂါ တိုက်ဖျက်ရေးနေ့တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၊ မြန်မာ ရွှေ့ပြောင်းကျောင်းများမှ ကျောင်းသားများ၊ မယ်တော်ဆေးခန်း၊မဲဆောက်ဆေးရုံကြီးနှင့် အစိုးရမဟုတ်သည့် ကျန်းမာရေးအဖွဲ့များ ပူးပေါင်း၍ မဲဆောက်ဆေးရုံကြီးမှ မယ်တော်ဆေးခန်းသို့ လမ်းလျှောက် ချီတက်ခဲ့ကြကြောင်း သိရသည်။ ချီတက်ရာတွင် AIDS ရောဂါ ပညာပေး ဆိုင်းဘုတ်များ ကိုင်ဆောင်ခဲ့ကြပြီး ကွန်ဒုံးများလည်း ဝေငှကြသည်။ Read more Add comment (0) Hits: 59
သတင်းတိုများ

ဝန်ကြီးဌာနများကို ပူးပေါင်း၍ ပြန်လည်ဖွဲ့စည်းမည်

မကြာမီ လွှတ်တော်ခေါ်ယူ၍ အစိုးရသစ် ဖွဲ့စည်းမည်ဖြစ်သောကြောင့် ရည်မှန်းချက်တူသော ၀န်ကြီး ဌာနများကို ပူးပေါင်းပြီး အစိုးရ၀န်ကြီးဌာနများကို ပူးပေါင်းကာ ပြင်ဆင်ဖွဲ့စည်းတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယခု ၀န်ကြီးဌာန စုစုပေါင်း ၃၂ ခုရှိရာမှ ပေါင်းစည်းလိုက်လျှင် ၁၅ ခုခန့်သာ ကျန်တော့မည် ဖြစ်ကြောင်း၊ မည်သို့ ပေါင်းစည်းမည်ကို အစည်းအဝေးများ ခေါ်ယူ၍ အသေးစိတ် ဆွေးနွေးနေကြောင်း နေပြည်တော် အစိုးရအရာရှိတဦးက ပြောသည်။ Read more Add comment (0) Hits: 797

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: