၂၈.၁၁.၂၀၁၀ ၊ ၂၉.၁၁.၂၀၁၀ အတွက် RFA Burmese သတင်းများ

ကချင်ပြည်နယ်မှာ စစ်အစိုးရရော KIO ပါ လုံခြုံရေးတိုးမြှင့်

2010-11-29

ရွေးကောက်ပွဲအနိုင်ရထားတဲ့ စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ ဝန်ကြီး ဦးအောင်သောင်းတို့အဖွဲ့က ကချင်ပြည်နယ် ခရီးစဉ် ရှိတဲ့အတွက် မြစ်ကြီးနားမြို့မှာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

စစ်တွေ-အမ်း ရထားလမ်း ရှေးဟောင်းအမွေအနှစ်ဒေသကို ရှောင်ကွင်း

2010-11-29

စစ်တွေ အမ်း ရထားလမ်းကို မြောက်ဦးမြို့ ကိုးသောင်းဘုရားပုထိုးနဲ့ ကိုက် ၅၀၀ အကွာက ဖောက်လုပ်မဲ့ လမ်းကြောင်းအစား တခြားလမ်းက လမ်းလွှဲဖောက်လုပ်ဖို့ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ညွှန်ကြားချက် ထုတ်ပြန် လိုက်ကြောင်းသိရပါတယ်။

ဒီကေဘီအေနှင့် စစ်အစိုးရတပ်များ တိုက်ပွဲဆက်လက်ဖြစ်ပွား

2010-11-29

ထိုင်း-မြန်မာနယ်စပ်နဲ့နီးတဲ့ ကရင်ပြည်နယ် ဖလူးဒေသမှာ ဒီကေဘီအေ တပ်မဟာ ၅ တပ်တွေ နဲ့ စစ်အစိုးရတပ်တွေအကြား နှစ်ဖက် တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာ ၃ ရက်မြောက် ရှိသွားပြီလို့ ဒီကေဘီအေ တပ်မှူးတွေက RFA ကို ပြောပါတယ်။

HIV-AIDS ဝေဒနာသည်များအတွက် မြန်မာ-အမေရိကန် လူငယ်များ ရန်ပုံငွေရှာဖွေ

2010-11-29

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် လူစည်ကားတဲ့ မြိုလယ်ခေါင်မှာ နိုဝင်ဘာ ၂၈ ရက် မနေ့က မြန်မာ-အမေရိကန် ကလေးလူငယ်တွေ စုပေါင်းပြီး ပြည်တွင်းက HIV-AIDS ဝေဒနာသည်တွေအတွက် ရန်ပုံငွေရှာဖွေပွဲ စတင် ကျင်းပခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသား မိသားစုများကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ကတိပြု

2010-11-29

နိုင်ငံရေးအကျဉ်းသမားတွေရဲ့ မိသားစု ဝင်တွေကို ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၂၉ ရက် ဒီိကနေ့ တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေသာ မကပဲ အကျဉ်းသား မိသားစုတွေရဲ့ သာရေးနာရေး ကိစ္စတွေကိုပါ ကူညီ ဆောင်ရွက်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ကတိပေး ပြောဆိုသွားတယ်လို့ သိရပါတယ်။

မန္တလေး NLD ကထိန်ပွဲ သက်ဆိုင်ရာက ကူညီ

2010-11-28

မန္တလေး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေက ၄ ကြိမ်မြောက် ကထိန်ပွဲကို စစ်ကိုင်း ဘုန်းကြီးကျောင်း တကျောင်းမှာ ဒီကနေ့ ကျင်းပကြပါတယ်။

ရွေးကောက်ပွဲမသမာမှု ဖြေရှင်းဖို့နဲ့ အကျဉ်းသားတွေလွတ်ဖို့ ကုလအကြံပေးအရာရှိ တောင်းဆို

2010-11-28

မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယားဟာ ရွေးကောက်ပွဲ မသမာမှုနဲ့ ပတ်သက်လို့ ဝေဖန် စွပ်စွဲတာတွေကို ဖြေရှင်းဖို့၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုးတက် ကောင်းမွန်လာရေးအတွက် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ မြန်မာ အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: