ဧရာဝတီမှ သတင်းတိုများ ၂၉.၁၁.၂၀၁၀

သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်နှင့် ပါကစ္စတန် သံအမတ်ကြီး တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီးတို့ ယနေ့နံနက် ၁၀ နာရီ က ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်တွင် တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။ မည်သည့် အကြောင်းအရာများ ဆွေးနွေးသည်ကိုမူ မသိရှိရပေ။ သံအမတ်ကြီး သည် နေ့လယ်ပိုင်းတွင် ပြည်တွင်းပြည်ပ သတင်းထောက်များနှင့် NLD ရုံးချုပ်တွင် တွေ့ဆုံသည်ဟု NLD က ပြောသည်။ Read more Add comment (0) Hits: 58
သတင်းတိုများ

မြောက်ဦး စေတီများကို မထိခိုက်စေရန် ရထားလမ်း လွှဲပြောင်း ဖောက်လုပ်မည်

စစ်တွေ – အမ်း ရထားလမ်းကို မြောက်ဦး ရှေးဟောင်း အမွေအနှစ်များ ဖြစ်သည့် ကိုးသောင်း ဘုရားပုထိုးများနှင့် ကိုက် ၅၀၀ ၀န်းကျင်မှ ဖြတ်ကာ ဖောက်လုပ်မည့် လမ်းအူကြောင်း အစား တခြား လမ်းအူကြောင်းတခုမှ လွှဲပြောင်း ဖောက်လုပ်ရန် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ညွှန်ကြား လိုက်ကြောင်း၊ ထို့အပြင် ပြိုပျက်နေသည့် သဇင်တံ ဘုရား ၂ ဆူကိုလည်း ပြန်လည် ပြုပြင်ပေးမည်ဟု ကတိပြုထားကြောင်း မြောက်ဦး ဒေသခံတဦးက ပြောသည်။ Read more Add comment (1) Hits: 66
သတင်းတိုများ

လူထုဒေါ်အမာ နှစ်ပတ်လည် မွေးနေ့ ကျင်းပ

စာရေးဆရာမကြီး လူထုဒေါ်အမာ၏ ၉၅ နှစ်မြောက် မွေးနေ့ နှစ်ပတ်လည်အဖြစ် ယနေ့နံနက် ၉ နာရီခန့်က စစ်ကိုင်းတောင်ရိုးရှိ မြစင်္ကြာ ကျောင်းတိုက်တွင် သံဃာတော် အပါး ၂၇၀ ကျော်ကို ဆွမ်းကပ်လှူကြောင်း သိရသည်။ မုံရွာ အံ့မောင်၊ ကြည်နိုင်၊ ထက်မြက်၊ ဆူးငှက်၊ ကျော်ရင်မြင့်၊ သင့်နော်၊ ညီစေမင်း၊ မောင်သင်းပန်နှင့် ကဗျာဆရာများ၊ ပန်းချီယဉ်မင်းပိုက်၊ ပန်တျာ ဌေးဌေးမြင့်စသည့် အနုပညာရှင်များ တက်ရောက်ကြောင်းသိရသည်။ လူထုဒေါ်အမာသည် ၂၀၀၈ ခုနှစ် ဧပြီလ ၇ ၇က်နေ့၊ အသက် ၉၃ နှစ်တွင် ကွယ်လွန်ခဲ့သည်။ Read more Add comment (0) Hits: 59
သတင်းတိုများ

စစ်အစိုးရစစ်တပ်နှင့် DKBA တိုက်ပွဲကြောင့် ဒုက္ခသည်များ ထိုင်းနိုင်ငံသို့ တိမ်းရှောင်

ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက် ၅ မိုင်အကွာတွင် ပြီးခဲ့သည့် သောကြာနေ့က စတင်၍ စစ်အစိုးရတပ်များနှင့် DKBA တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံ တဘက်ကမ်း မဲဆောက် မြို့နယ် အတွင်းရှိ ဘုန်းကြီးကျောင်း တကျောင်းသို့ စစ်ပြေးဒုက္ခသည် ၁၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်လာရကြောင်း သတင်းရရှိသည်။ ထွက်ပြေးတိမ်းရှောင် လာသူများသည် မြ၀တီမြို့နယ်ရှိ ဖလူးကျေးရွာ ဒေသခံများ ဖြစ်ကြောင်း သိရသည်။ Read more Add comment (0) Hits: 61
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုများနှင့် တွေ့

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအကျဉ်းသား၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏ မိခင် ဒေါ်မိမိလေး ကွယ်လွန်ခြင်း သုံးနှစ်ပြည့် အခမ်းအနားသို့ ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် သွားရောက်ကြောင်း၊ နိုင်ငံရေး အကျဉ်းသား မိသားစုများနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ ကိုဌေးကြွယ်သည် ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက်ဆန္ဒပြခဲ့သည့်အတွက် ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်တွင် ထောင်ဒဏ် ၆၅ နှစ်ကျခံနေရသည်။ Read more Add comment (1) Hits: 58
သတင်းတိုများ

ကုလသမဂ္ဂကိုယ်စားလှယ်၏ သတင်းစာရှင်းလင်းပွဲ ပြည်တွင်း သတင်းထောက်များ တက်ခွင့်မရ

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယား မြန်မာနိုင်ငံမှ မထွက်ခွာမီ ယမန်နေ့ ညနေ ၅ နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကျင်းပခဲ့သော၏ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း ပုဂ္ဂလိကသတင်း မီဒီယာများအား တက်ရောက်ခွင့်ပိတ်ပင်ခဲ့ကြောင်း၊ နိုင်ငံခြား သတင်း ထောက်များ အသင်းဝင် မြန်မာ သတင်းထောက် များကိုသာ လေဆိပ်ဝန်ထမ်းများက သတင်းယူခွင့်ပေးခဲ့ကြောင်း သိရသည်။ Read more Add comment (0) Hits: 68

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: