ဧရာဝတီမှ သတင်းတိုများ ၂၇.၁၁.၂၀၁၀
November 28, 2010 Leave a comment
သတင်းတိုများ
လွှတ်တော်တွင် ဝေဖန်ပါက ထောင် ၂ နှစ်ကျနိုင်
ပေါ်ပေါက်လာမည့် လွှတ်တော်အတွင်း လွတ်လပ်စွာပြောဆိုခွင့် ပြုမည်ဟု ဆိုသော်လည်း နိုင်ငံတော်လုံခြုံရေးနှင့် ဒို့တာဝန် အရေး (၃)ပါးကို ထိခိုက်ပါက ထောင်ဒဏ် ၂ နှစ်၊ လွှတ်တော်အတွင်း ဆန္ဒပြပါကလည်း ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် ချမှတ်မည်ဟု ယမန်နေ့တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်မှတ်ထိုး ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ Read more Add comment (1) Hits: 46
သတင်းတိုများ
စစ်အစိုးရနှင့် DKBA တိုက်ပွဲ ထပ်ဖြစ်
ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက် ၅ မိုင်အကွာ ဒေသတွင် စစ်အစိုးရတပ်များနှင့် DKBA တို့ ယနေ့ တိုက်ပွဲ ဖြစ်ပွားကြောင်း သတင်းရရှိသည်။ ဒေသခံတချို့ ထိုင်းဘက်သို့ ထွက်ပြေးကြကြောင်းလည်း သိရှိရသည်။ Read more Add comment (0) Hits: 44
သတင်းတိုများ
ဆောက်လုပ်ဆဲ အဆောက်အဦးပြိုကျ၊ ၇ ဦး ဒဏ်ရာရ
ထိုင်းနိုင်ငံ မဲဆောက်မြို့ မဲထော်သလေး ကျေးရွာတွင် ယနေ့ နံနက်၌ ဆောက်လုပ်ဆဲ ဂိုထောင်တခု၏ နံရံ ပြိုကျသဖြင့် မြန်မာအလုပ်သမား ၇ ယောက် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရသွားသည်။ ဒဏ်ရာရရှိသူ အလုပ်သမားများကို မဲဆောက်ဆေးရုံတွင် တင်ထားကြောင်း၊ ဒဏ်ရာ မပြင်းသူများကို မယ်တော် ဆေးခန်းတွင် ကုသပေးနေကြောင်း သိရသည်။ ပြိုကျသည့် အဆောက်အဦးနေရာတွင် မြန်မာအလုပ်သမား ၇၀ ခန့် အလုပ်လုပ်နေခဲ့သည်။ Read more Add comment (0) Hits: 38
သတင်းတိုများ
မစ္စတာ နမ်ဘီယာ ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ တွေ့မည်
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ၏ ရုံးအဖွဲ့မှူး မစ္စတာ ဗီဂျေ နမ်ဘီယာသည် ၃ ရက်ကြာခရီးစဉ်အဖြစ် ယနေ့ ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။ မစ္စတာ နမ်ဘီယာသည် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ခေါင်းဆောင်များနှင့် ယနေ့တွေ့ဆုံမည်ဟု သိရသည်။ Read more Add comment (0) Hits: 36
သတင်းတိုများ
ဦးခင်ညွန့်နှင့် ရဲချုပ် ခင်ရီ တွေ့ဆုံသည့် ဗီဒီယို အင်တာနက်တွင် ပြန့်
ရဲချုပ် ခင်ရီက နေအိမ်အကျယ်ချုပ် ကျခံနေရသော ဦးခင်ညွန့်ကို သွားရောက်တွေ့ဆုံသည့် ဗီဒီယိုဖိုင်သည် ယမန်နေ့ညမှစ၍ ဖေ့စ်ဘုတ် လှုမှုကွန်ရက် စာမျက်နှာမှ စတင်၍ ပြန့်နေသည်။ ရုပ်သာမြင်ရပြီး အသံမပါသည့် အဆိုပါဖိုင်သည် မည်သည့် အချိန်ကာလတွင် ရိုက်ယူထားကြောင်း၊ မည်သည့်အကြောင်းအရာကို ဆွေးနွေးပြီး ဦးခင်ညွန့်ကို မည်သည့် နေရာသို့ ခေါ်သွားကြောင်းနှင့် ဤ ဗီဒီယိုဖိုင်သည် မည့်သည့်နေရာမှ ပေါက်ကြားလာကြောင်းကို အသေးစိတ် မသိရသေးပေ။ Read more Add comment (1) Hits: 73
Advertisements