၂၆.၁၁.၂၀၁၀ အတွက် RFA Burmese သတင်းများ

ရွေးကောက်ပွဲ မဲမသမာမှုများကို သမိုင်းမှတ်တမ်းတင်

2010-11-26

နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲမှာ စစ်အစိုးရ မတရား ပြုလုပ်ခဲ့တာတွေကို မှတ်တမ်းတင်တဲ့ အဖွဲ့တဖွဲ့က ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့ပါတယ်။

“လူထု နဲ့ ဒေါ်အောင်ဆန်းစုကြည်” အပတ်စဉ်အမေးအဖြေ အစီအစဉ်

2010-11-26

“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်ကို အာအက်ဖ်အေက အပတ်စဉ် သောကြာနေ့ ညတိုင်း တင်ဆက်နေပါပြီ။ ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။ မေးမြန်းလိုသူတွေ အနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီ ရုံးချုပ်ကို တိုက်ရိုက် ပေးပို့နိုင်သလို၊ အာအက်ဖ်အေကိုလည်း အင်တာနက်ကနေ ပေးပို့ နိုင်ပါတယ်။ အာအက်ဖ်အေ အီးမေးလ် လိပ်စာကတော့ burmese@rfa.org ဖြစ်ပါတယ်။

စစ်အစိုးရကိုဖိအားပေးဖို့ ဥရောပပါလီမန် တောင်းဆို

2010-11-26

မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ဘက် နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ အာစီယံနိုင်ငံတွေ အနေနဲ့ မြန်မာစစ်အစိုးရကို ထောက်ခံမှုပေးနေ တာကို ရပ်တန့်ပြီး မြန်မာနိုင်ငံမှာ အပြုသဘော ဆောင်တဲ့ အပြောင်းအလဲတွေ ဖြစ်ထွန်းလာအောင် ဖိအားပေးကြဖို့ ဥရောပ ပါလီမန် အမတ်တွေက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ ခုံရုံးတင်ရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည် ငြင်းဆိုခြင်းမရှိ

2010-11-26

စစ်အစိုးရ ခေါင်းဆောင်တွေကို နိုင်ငံတကာ တရားရုံးတင်ဖို့ ကြိုးစားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံကြောင်း New York Times သတင်းစာရဲ့ ဖော်ပြချက်ကို အာအက်ဖ်အေက ထုတ်လွှင့်ခဲ့တာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မိမိ အဲဒီလို ပြောဆိုခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: