ဧရာဝတီမှ သတင်းတိုများ ၂၆.၁၁.၂၀၁၀

သတင်းတိုများ

တီးတိန်မြို့အနီး ယာဉ်တိမ်းမှောက်၊ ၁၄ ဦး သေဆုံး

ချင်းပြည်နယ် တီးတိန်မြို့နှင့် ၈ မိုင်အကွာတွင် ယနေ့ နံနက်က ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် ၁၄ ဦး ပွဲချင်းပြီး သေဆုံး သွားကြောင်း သတင်းရရှိသည်။ ခရီးသည်များသည် တီးတိန်မြို့ရှိ ခရစ်ယာန် သာသနာပြု ရာပြည့် အခမ်းအနားသို့ တွန်းဇံ မှ လာရောက်ကြခြင်းဖြစ်ကြောင်း၊ မော်တော်ယာဉ်လိုင်းမှာ ချင်းတောင်တန်း မော်တော်ယာဉ်လိုင်းဖြစ်ကြောင်း၊ အဆိုပါ ယာဉ်ပေါ် တွင် ခရီးသည် ၁၀၀ ခန့် ပါရှိကြောင်း၊ ဒဏ်ရာရရှိသူများမှာ တီးတိန် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြရကြောင်း သိရ သည်။ Read more Add comment (0) Hits: 47
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ရဟန်းခံမည်

နိုဝင်ဘာ ၂၃ ရက်နေ့က မြန်မာပြည်သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (ခ) ကင်မ် အဲရစ္စ သည် မနက်ဖြန် ညနေတွင် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာ ကျောင်းတိုက်တွင် ဒုလ္လဘ ရဟန်းခံမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ကိုထိန်လင်းသည် ဒေါ်အောင်ဆန်း စုကြည်၏ မိခင် ဒေါ်ခင်ကြည် မကွယ်လွန်မီ အချိန်က ဖခင်၊ အစ်ကို ဖြစ်သူတို့နှင့်အတူ သင်္ကန်း ဆီးခဲ့ဖူးသေးသည်။ Read more Add comment (0) Hits: 58
သတင်းတိုများ

သာကေတတွင် မီးလောင်၊ အိမ် ၁၅ လုံး ပျက်စီး

ရန်ကုန်တိုင်း သာကေတမြို့နယ် အတွင်းရှိ တိုင်းရင်းသား ကျေးရွာအနီး သာလ္လာဝတီလမ်းတွင် ညနေ ၃နာရီခွဲခန့်မှ မီးစတင်လောင်ကျွမ်းခဲ့ရာ ၄ နာရီခန့်မှ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက ပြောသည်။ မီးလောင်ကျွမ်းမှုကြောင့် အိမ် ၁၅ လုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ လောင်ကျွမ်းမှုဖြစ်စဉ်နှင့် ဆုံးရှုံးမှု ပမာဏကို စစ်ဆေးနေဆဲ ဖြစ်ကြောင်း မီးသတ်အရာရှိတဦးက ဆိုသည်။ Read more Add comment (0) Hits: 38
သတင်းတိုများ

လိုင်ဇာဘက်မှ ၀င်သည့် တရုတ် ကုန်များ ပိတ်

ကချင်လွတ်လပ်ရေးအဖွဲ(KIO) ဋ္ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့မှ တဆင့်ဝင်ရောက်နေသည့် တရုတ် ကုန်ပစ္စည်းများကို မြစ်ကြီး နား၊ ဗန်းမော် စသည့် မြို့ကြီးများသို့ တင်ပို့ခွင့် မပြုတော့ကြောင်း သတင်းရသည်။ ယခုအခါ အဆိုပါ မြို့ကြီးများသို့ ပြေးဆွဲ နေ သည့် ကားများသည် ခရီးသည်သာ တင်ဆောင်ခွင့်ရှိပြီး ကုန်ပစ္စည်း တင်ဆောင်ခွင့် မရှိတော့ကြောင်း မြစ်ကြီးနားမြို့ခံ တဦးက ပြောသည်။ Read more Add comment (0) Hits: 34
သတင်းတိုများ

ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး မြန်မာပြည် သွားမည်

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ၏ ရုံးအဖွဲ့မှူး မစ္စတာ ဗီဂျေ နမ်ဘီယာသည် ဒေါ်အောင် ဆန်းစုကြည် အပါအဝင် နိုင်ငံရေး သမားများနှင့် အစိုးရအရာရှိများကို တွေ့ဆုံရန် မြန်မာနိုင်ငံသို့ ၂ ရက်ကြာ ခရီး သွား ရောက်မည် ဖြစ်ကြောင်း၊ ၎င်းသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ တဆင့် ရန်ကုန်မြို့သို့ မနက်ဖြန်တွင် ရောက်ရှိမည် ဖြစ် ကြောင်း သိရသည်။ Read more Add comment (0) Hits: 50
သတင်းတိုများ

ဒုက္ခသည်များအတွက် ဆန်များကို ရယကအဖွဲ့ ကိုယ်ကျိုးအတွက်သုံး

ရခိုင်ပြည်နယ် လေဘေးသင့်လူထုအတွက် စစ်တွေမြို့နယ် ခရစ်ယာန် သာသနာပြု အသင်းမှ ဆန်အိတ် ၅၀ ကို နိုဝင်ဘာ ၂၂ ရက်နေ့က လှူဒါန်းခဲ့ရာ ပေါက်တောမြို့နယ် မြေငူကျွန်းရှိ ပြိုင်းတောင် ကျေးရွာအုပ်စုမှ ရယက ဥက္ကဌ ဦးဝေလူနှင့် အဖွဲ့ဝင် ဦးကျော်မောင်တို့က တဦးလျှင် ဆန် ၁၀ အိတ်စီ ယူခဲ့ပြီး ဒုက္ခသည်များကို အိတ် ၃၀ သာ ဝေငှပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။ Read more Add comment (0) Hits: 39
သတင်းတိုများ

နာမည်ကြီး ကိုရီးယား သရုပ်ဆောင်၂ ဦး ရန်ကုန်ရောက်

မြန်မာပရိသတ်က နှစ်ခြိုက်အားပေးသော နာမည်ကြီး ကိုးရီးယား မင်းသားဂျူမုံ( ဆောင်အီလ်ဂွတ်)သည် ကိုးရီးယား-မြန်မာ ချစ်ကြည်ရေး ရုပ်ရှင်ပွဲတော် တက်ရောက်ရန် ယမန်နေ့က ရန်ကုန်မြို့ သို့ရောက်ရှိနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကိုးရီးယား သံရုံး ပြောပြချက်အရ သိရှိရသည်။ ဂျူမုံဧ။် “ရာဇ၀င်တွင်မည့် သူရဲကောင်း” ဇာတ်လမ်းတွဲသည် မြန်မာပရိသတ်များ အကြား အောင်မြင်ခဲ့သော ဇာတ်လမ်းတွဲတခု ဖြစ်သည်။ ဂျူမုံနှင့်အတူ ကိုးရီးယားမင်းသမီး လီဟားနားလည်း အတူပါဝင်ပြီး သရုပ် ဆောင် နှစ်ဦးသည် ယနေ့ တွင် ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်၌ မီဒီယာများနှင့် တွေ့ဆုံမည်ဖြစ်သည်။ Read more Add comment (0) Hits: 69
သတင်းတိုများ

ဂီရိ မုန်တိုင်းသင့် ဒေသရှိ ကလေးများ အာဟာရ ပြတ်လပ်မှုဖြစ်နေ

ရခိုင်ပြည်နယ်ရှိ ဂီရိ မုန်တိုင်းဒဏ်သင့်ဒေသများ၌ ၅ နှစ်အောက် ကလေးငယ် ၆၀၀ ခန့် လတ်တလော အာဟာရ ပြတ်လပ်မှု နှင့် ရင်ဆိုင်နေရကြောင်း၊ ယင်းဒေသရှိ ကလေး စုစုပေါင်း ၁၈၀၀၀ ခန့်မှာ အာဟာရ ချို့တဲ့မှု ဖြစ်နေကြောင်း၊ ထိုကလေးများ အား UNOCHA နှင့် ယူနီဆက် တို့ ပူးပေါင်း၍ အဟာရ ပြည့်ဝရေးကို လုပ်ဆောင်နေသော်လည်း လုံလောက်မှု လုံးဝ မရှိသေး ကြောင်း သိရသည်။ Read more Add comment (0) Hits: 28
သတင်းတိုများ

တောင်ဒဂုံမှ HIV/AIDS ဝေဒနာရှင်များ ဆက်လက် နေထိုင်ခွင့်ရ

NLD လူမှု အထောက်အကူပြုအဖွဲ့မှ စောင့်ရှောက်ထားသည့် ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်ရှိ HIV/AIDS ဝေဒနာရှင်များ ကို သက်ဆိုင်ရာက ဆက်လက် နေထိုင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ NLD ဗဟိုကော်မတီဝင် မဖြူဖြူသင်း က ဝေဒနာရှင်များ ယင်းသို့ နေထိုင်ခွင့်ရခြင်းသည် အနုပညာရှင်များ၊ ပြည်တွင်း ပြည်ပ မီဒီယာများက ၎င်းတို့ဘက်မှ ရပ်တည် ပေးခဲ့ကြသောကြောင့် ဖြစ်သည်ဟု ပြောဆိုသည်။ Read more Add comment (0) Hits: 53
သတင်းတိုများ

လိုင်ဇာဘက်မှ ၀င်သည့် တရုတ် ကုန်များ ပိတ်

ကချင်လွတ်လပ်ရေးအဖွဲ(KIO) ဋ္ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့မှ တဆင့်ဝင်ရောက်နေသည့် တရုတ် ကုန်ပစ္စည်းများကို မြစ်ကြီး နား၊ ဗန်းမော် စသည့် မြို့ကြီးများသို့ တင်ပို့ခွင့် မပြုတော့ကြောင်း သတင်းရသည်။ ယခုအခါ အဆိုပါ မြို့ကြီးများသို့ ပြေးဆွဲ နေ သည့် ကားများသည် ခရီးသည်သာ တင်ဆောင်ခွင့်ရှိပြီး ကုန်ပစ္စည်း တင်ဆောင်ခွင့် မရှိတော့ကြောင်း မြစ်ကြီးနားမြို့ခံ တဦးက ပြောသည်။ Read more Add comment (0) Hits: 25

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: