၂၄.၁၁.၂၀၁၀ အတွက် RFA Burmese သတင်းများ

ရွေးကောက်ပွဲအနိုင်ရ ရခိုင် တိုင်းရင်းသား ပါတီကို စစ်အစိုးရ ၀န်ကြီးတွေ လာရောက်တွေ့

2010-11-24

ရခိုင် တိုင်းရင်းသားများ ဖွံ့ ဖြိုးတိုးတက်ရေးပါတီ RNDP က ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်တွေ စစ်အစိုးရ၀န်ကြီးတွေနဲ့ ဒီနေ့ တွေ့ ဆုံတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲ မဲလိမ်မှု ကိုယ်စားလှယ်လောင်း တရားစွဲ

2010-11-24

အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် အရွေးခံခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီက ကိုယ်စားလှယ်လောင်း တဦးဟာ သူကိုယ်တိုင် ကြုံတွေ့ ခဲ့ရတဲ့ မဲလိမ်မှု၊ ပယ်ဖျက်မဲ လုပ်တာတွေ နဲ့  မဲရုံစောင့်သူတွေက မဖွယ်မရာ ပြုတဲ့ ပုဒ်မတွေနဲ့  တရားစွဲလိုက်တယ်လို့  သိရပါတယ်။

HIV/AIDS ဂေဟာနဲ့ ပတ်သက်လို့ စစ်အစိုးရ ရေးသားချက် ရန်တိုက်သလို ဖြစ်နေ

2010-11-24

နိုဝင်ဘာ ၁၇ ရက်က ဒေါ်အောင်ဆန်းစုကြည် လာရောက် ကြည့်ရှုခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ရန်ကုန်တိုင်း တောင်ဒဂုံမှာ ဖွင့်လစ်ထားတဲ့ HIV-AIDS လူနာတွေထားတဲ့ ဂေဟာဟာ ပတ်ဝန်းကျင် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အတွက် ဖယ်ရှားပေးဖို့ အမိန့်ပေးထားကြောင်း စစ်အစိုးရ သတင်းစာတွေမှာ ဒီကနေ့ ရေးသား ဖေါ်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သားနဲ့အတူ ရွှေတိဂုံ ဘုရားဖူး

2010-11-24

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းက သားငယ် ကိုထိန်လင်း (Kim Aris) နဲ့အတူ ရွှေတိဂုံ ဘုရားကို သွားရောက် ဖူးမျှော်ခဲ့ပြီး အပြန်မှာ ရန်ကင်း တိုက်သစ်မှာ နေထိုင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကို ဦးအောင်သန်း ကွယ်လွန်ခဲ့တာ ၁၉ နှစ်ပြည့် ဆွမ်းကြွေးကို သွားခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယရဲ့ မြန်မာနဲ့ဆက်ဆံရေးအပေါ် ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

2010-11-24

အိန္ဒိယနိုင်ငံဟာ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေအပေါ် အားပေးထောက်ခံ တာမျိုး မရှိတဲ့အတွက် စိတ်မကောင်း ဖြစ်ရတယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ မှာ ထုတ်ဝေတဲ့  India Express သတင်းစာနဲ့ တွေ့ဆုံမေးမြန်း ရာမှာ အခုလို ဖြေကြားတာဖြစ်တယ်လို့ သတင်းစာက ဒီကနေ့မှာ ရေးသားပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: