ဧရာဝတီမှ သတင်းတိုများ ၂၅.၁၁.၂၀၁၀


သတင်းတိုများ

စွမ်းအင်ဝန်ကြီး လောင်စာဆီ ကုန်သည်ကြီးများနှင့်တွေ့

User Rating: / 1
PoorBest 
စွမ်းအင်ဝန်ကြီး ဦးလွန်းသီက ရန်ကုန်နှင့် ပြည်နယ်၊ တိုင်းတချို့မှ လောင်စာဆီကုန်သည်ကြီးများကို ယနေ့ နေပြည်တော်သို့ ဆင့်ခေါ်ထားကြောင်း သိရသည်။ ပြင်ပလောင်စာဆီ ဈေးနှုန်းထက် ပုဂ္ဂလိကပိုင် လောင်စာဆီ ဆိုင်ကြီးများမှ ဈေးနှုန်းက ပိုမို ကြီးမြင့်နေသောကြောင့် ယင်းကိစ္စကို ညှိနှိုင်းရန် ဖြစ်ကြောင်း ဆီကုန်သည်နှင့် နီးစပ်သူတဦးက ပြောသည်။ Read more Add comment (0) Hits: 48
သတင်းတိုများ

ဗီယက်နမ်-မြန်မာ ဗီဇာကြေးကင်းလွတ်ခွင့် တောင်းဆို

User Rating: / 1
PoorBest 
ဗီယက်နမ် နိုင်ငံနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံစလုံး ဗီဇာကြေးကင်းလွတ်ခွင့်အတွက် အမြန်ဆုံး ဆောင်ရွက်သွားရန် လိုအပ်ဟု ဗီယက်နမ် နိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လက်ထောက်ဝန်ကြီး နုယမ်သီ ဇန်သူ က တောင်းဆို လိုက် ကြောင်း သိရသည်။ ထိုကဲ့သို့ တောင်းဆိုရခြင်းမှာ မြန်မာနှင့် ဗီယက်နမ် စီးပွားရေးလုပ်ငန်းများ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် နိုဝင်ဘာလ ၂၃ ရက်နေ့က သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သောကြောင့် နှစ်နိုင်ငံ ဆက်သွယ်ရေး အဆင်ပြေစေရန် ဖြစ်ကြောင်း သိရသည်။ Read more Add comment (0) Hits: 51
သတင်းတိုများ

မြန်မာ တနိုင်ငံတည်း မြေမြှုပ်မိုင်း သုံးနေ

ကမ္ဘာပေါ်တွင် လူကို အသက် အန္တရာယ် ဖြစ်စေသည့် မြေမြှုပ်မိုင်း အသုံးပြုနေသည်မှာ မြန်မာ တနိုင်ငံတည်းသာ ရှိတော့ကြောင်း ယမန်နေ့က ထုတ်ပြန်သည့် နိုင်ငံတကာ မြေမြှုပ်မိုင်း တားဆီးရေး လှုပ်ရှားမှု အဖွဲ့ (International Campaign to Ban Landmines – ICBL)၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ပြည်ပ နိုင်ငံ ၃ နိုင်ငံ က ထုတ်လုပ်သည့် လူသတ် မြေမြှပ်မိုင်း အသစ်များကို သုံးနေခြင်းဖြစ်ပြီး ယင်း မြေမြှုပ်မိုင်းများကို မည်သည့် နိုင်ငံများက ထုတ်လုပ်သည်ဟူသော မှတ်တမ်း များ မတွေ့ရှိရကြောင်း အစီရင်ခံစာ၌ ပါရှိသည်။ Read more Add comment (0) Hits: 50
သတင်းတိုများ

မိုင်းလားမြို့သို့ စားသောက်ကုန်တင်ပို့ခွင့် ပိတ်ပင်ထား

ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမှ မိုင်းလားသို့ စားသောက်ကုန်ပစ္စည်းများ တင်ပို့ခွင့်ကို စစ်အစိုးရဘက်က ပိတ်ထားကြောင်း သတင်းရရှိသည်။ တရုတ်နိုင်ငံနှင့် နယ်မြေချင်းထိစပ်လျက်ရှိသည့် မိုင်းလားမြို့သည် အပစ်ရပ်အဖွဲ့တဖွဲ့ဖြစ်သော မိုင်းလား တပ်ဖွဲ့ (NDAA) အခြေစိုက်ရာမြို့ဖြစ်ပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန်ထားသည့် အဖွဲ့ဖြစ်သည်။ ကုန်ပစ္စည်း တင်ပို့ခွင့် ပိတ်ထားခြင်းသည် မိုင်းလားအဖွဲ့ကို စစ်ရေးအရ ဖိအားပေးရန် စစ်အစိုးရဘက်က အစပျိုးလိုက်ခြင်း ဖြစ်သည်ဟု စစ်ရေးလေ့လာသူများက ပြောသည်။ Read more Add comment (0) Hits: 49
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရက်တစ်ပါတီ(မြန်မာ) တွေ့ဆုံ

User Rating: / 1
PoorBest 
ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဦးသုဝေ၊ ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဗဆွေတို့ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ရုံးချုပ်တွင် ယနေ့ နံနက် ၁၀ နာရီ ခွဲ ခန့်က ဒီမိုကရေစီအရေးနှင့် လူမှုရေး ကိစ္စများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးကြောင်း သတင်းရရှိသည်။ Read more Add comment (0) Hits: 56
သတင်းတိုများ

SSA-S နှင့် စစ်အစိုးရတပ် တိုက်ပွဲဖြစ်

User Rating: / 1
PoorBest 
နအဖ စစ်တပ်နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့ဝင်များ အင်္ဂါနေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၂ ဦး ကျဆုံး၍ ၂ ဦး ဒဏ်ရာရရှိပြီး SSA-S ဘက်က ၁ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ၎င်းတို့ တပ်ဖွဲ့နှင့် နအဖ ခြေလျင် တပ်ရင်း (ခလရ) ၆၅ တပ်ဖွဲ့ဝင်များ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ ဒေသတ၀ိုက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ် သည်ဟု SSA-S ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းဆိုင်မိဏ်းက ပြောသည်။ Read more Add comment (1) Hits: 52
သတင်းတိုများ

ကြံ့ဖွံ့ပါတီနှင့် ပူးပေါင်းရန် တိုင်းရင်းသားပါတီများကို စည်းရုံး

စစ်အစိုးရ၏ ၀န်ကြီးတချို့က ရွေးကောက်ပွဲ၌ အနိုင်ရထားသော တိုင်းရင်းသား ပါတီ ကိုယ်စားလှယ်များအား ကြံ့ဖွံ့ပါတီနှင့် ပူးပေါင်းရန် နှင့် လိုက်လံ စည်းရုံးနေသော်လည်း တိုင်းရင်းသား ခေါင်းဆောင်များက လက်မခံကြောင်း သိရသည်။ ကြံ့ဖွံ့ပါတီသည် နိုင်ငံရေးအရ အမြတ်ထုတ်ရန်နှင့် တိုင်းရင်းသား အချင်းချင်း သွေးခွဲရန် လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။ Read more Add comment (0) Hits: 49

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: