ဧရာဝတီမှ သတင်းတိုများ ၂၄.၁၁.၂၀၁၀

သတင်းတိုများ

Yangon Airways ခေတ္တ နားမည်

အစိုးရနှင့်ပုဂ္ဂလိက ဖက်စပ် ပြည်တွင်း လေကြောင်းလိုင်းတခုဖြစ်သော Yangon Airways(YA)၏ ခရီးစဉ်များကို လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားချက်အရ ဒီဇင်ဘာလ ၃ ရပ်နေ့ မှ စတင်၍ ယာယီ ရပ်နား ထားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ ကြိုတင်လက်မှတ် ဝယ်ယူထားသူများအတွက်လည်း တခြားလေကြောင်းလိုင်း ဖြင့် ခရီးသွားနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း၊ မမျှော်လင့်ဘဲ ဖြစ်ပေါ်လာသည့် အခက်အခဲ ကြောင့် ခရီးသွားများကို အထူး ပင်တောင်းပန်ကြောင်း YA မှ ထုတ်ပြန်ချက်တွင် ပါရှိသည်။ Yangon Airways ကို ၁၉၉၆ အောက်တိုဘာလ က နိုင်ငံပိုင် မြန်မာ့လေကြောင်းလိုင်းနှင့် ထိုင်း Krong-Sombat Co. တို့ ဖက်စပ် စတင် တည်ထောင်ခဲ့ကာ ၁၉၉၇ ခု အောက်တိုဘာ တွင် မေဖလားဝါး ကုမ္ပဏီ အုပ်စုလည်းပါဝင်ခဲ့ကြောင်း Yangon Airways အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။ ၎င်းလေကြောင်းလိုင်း ပိုင်ဆိုင်မှုတွင် စစ်အစိုးရနှင့် နီးစပ်သည့် ဘိန်းဘုရင် လော်စစ်ဟန် ၏ သား Asia World ကုမ္ပဏီ ပိုင်ရှင် စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင် ကဲ့သို့သော စီးပွားရေးသမားများလည်း ပါဝင်ကြောင်း သိရသည်။ Yangon Airways သည် စီးပွားရေး အားပြိုင်မှုများ ရှိနေကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းအတွင်း ပြောဆိုမှု များလည်း ရှိနေသည်။ Read more Add comment (0) Hits: 57
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရနိုင်ဟု ယက်ထောပြော

ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ ၂၀၀၉ ခုနှစ်တွင် ရေကူးပြီး ခိုးဝင်ခဲ့သည့် မစ္စတာ ဂျွန် ဝီလျံ ယက်ထောက ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရလိမ့်မည်ဟု ဟောကိန်းထုတ်လိုက်သည်။ အာရှတိုင်းမ်ပါ သတင်းဆောင်းပါးတခုတွင် မစ္စတာ ယက်ထောက ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက လုပ်ကြံမည်ဟု မဆိုလိုကြောင်း၊ သို့သော် စစ်အစိုးရအပေါ် လူထု၏ဒေါသ ဦးလှည့်သွားပြီး  စစ်အစိုးရ ပြုတ်ကျသွားစေရန် ခုတုံးလုပ်သည့်အနေဖြင့် လုပ်ကြံမည်ဟု ဆိုလိုကြောင်း ပြောထားသည်။ Read more Add comment (0) Hits: 80
သတင်းတိုများ

အိန္ဒိယ-မြန်မာ ဆက်ဆံရေးကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

အိန္ဒိယ၏ မြန်မာစစ်အစိုးရအပေါ် ဆက်ဆံရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောဆိုလိုက်သည်။ အိန္ဒိယသည် ဒီမိုကရေစီ အင်အားစုများကို ထောက်ခံအားပေးလိမ့်မည်ဟု တွေးထင်ကြည့်လိုကြောင်းနှင့် ယင်းသို့ ထောက်ခံအားပေးခြင်းသည် မဟတ္တမ ဂန္ဓီနှင့် ဂျဝါလဟာနေရူးတို့၏ အစဉ်အလာကို ထိမ်းသိမ်းခြင်း ဖြစ်လာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အင်ဒီယန်းပရက်စ် သတင်းစာသို့ ပြောသည်။ Read more Add comment (0) Hits: 64
သတင်းတိုများ

ဂီရိ ဒုက္ခသည်များကို အမေရိကန်က ဒေါ်လာ ၃ သိန်း ကူမည်

ရခိုင်ပြည်နယ်အတွင်း ဂီရိဆိုင်ကလုန်းဒုက္ခသည်များအား ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဒေါ်လာ ၃ သိန်း (ကျပ် သိန်း ၃၀၀၀ ခန့်) ကူညီရန် နိုဝင်ဘာလ ၂၃ ရက်နေ့ သဘောတူခဲ့ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ၏ အတွင်းရေးမှူး၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။ အလားတူ ဂျာမနီနှင့် သြစတြေးလျှ နိုင်ငံများကလည်း အကူအညီပေးရန် သဘောတူ ထားကြောင်း သိရသည်။ Read more Add comment (0) Hits: 83
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် ကထိန်သင်္ကန်း ကပ်လှူမည်

ဒီဇင်ဘာ ၆ ရက် တန်ဆောင်မုန်း လကွယ်နေ့တွင် ဆရာတော်၊ သံဃာတော်များအား ဒေါ်အောင်ဆန်းစုကြည်က သင်္ကန်းများ ကပ်လှူ သွားမည်ဖြစ်ကြောင်း၊ ၎င်း ပြန်လည်လွတ်မြောက်ပြီး နောက်ပိုင်းတွင် ပြည်သူများ၊ NLD အဖွဲ့ဝင်များ၊ နိုင်ငံခြား သံတမန်များနှင့် တွေ့ဆုံပြီးဖြစ်သော်လည်း သံဃာတော်များနှင့် မတွေ့ဆုံရသေး၍ ယခုကဲ့သို့ သင်္ကန်းများ ကပ်လှူရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။ Read more Add comment (0) Hits: 118
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ရွှေတိဂုံစေတီတော်ကို သွားရောက်ဖူးမြော်

ယနေ့နံနက် ၇ နာ၇ီ ခန့်က ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ် အဲရစ္စသည် ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်မှ စေတီတော်ပေါ်သို့ NLD လူငယ်များနှင့် တက်ရောက် ဖူးမြော်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့အင်္ဂါထောင့်နှင့် သားဖြစ်သူ၏ မွေးနေ့ စနေထောင့်တို့တွင် ရေသပ္ပာယ်ခြင်း၊ ပန်းဆီမီးလှူဒါန်းခြင်းများ ပြုလုပ်ပြီး ဘုရားဖူးများကို နှုတ်ဆက်ကာ ၈နာရီတွင် ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်မှ ပြန်ဆင်း၍ နေအိမ်သို့ ပြန်သွားသည်။ Read more Add comment (0) Hits: 159

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: