ဧရာဝတီမှ သတင်းတိုများ ၂၂.၁၁.၂၀၁၀

သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ပြည်ဝင်ခွင့်ဗီဇာ ရရှိ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (Kim Aris) သည် မြန်မာနိုင်ငံ ပြည်ဝင်ခွင့် ဗီဇာ ရရှိသွားပြီ ဖြစ်ကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုံးကြိုင်က အတည်ပြုပြောဆိုလိုက်သည်။ ကိုထိန်လင်း အနေဖြင့် မည်သည့် နေ့တွင် ရန်ကုန်ရောက်ရှိမည်ကို မသိရသေးကြောင်း၊ လေယာဉ်လက်မှတ် ရရှိမှုအပေါ် မူတည်၍ အမြန်ဆုံး လာရောက်လိမ့်မည် ဟု မျှော်လင့်ကြောင်းလည်း ဦးအုံးကြိုင်က ဆက်လက် ပြောဆိုသည်။ Read more Add comment (0) Hits: 218
သတင်းတိုများ

မြန်မာ – တရုတ် မြန်နှုန်းမြင့်ရထားလမ်း ဖောက်မည်

တနာရီလျှင် ကီလိုမီတာ ၁၇၀ မှ ၂၀၀ အထိ မောင်းနှင်နိုင်သော မြန်နှုန်းမြင့် ရထားလမ်းကို မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ချိတ်ဆက် တည်ဆောက်ရန် စတင် ဆွေးနွေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ရန်ကုန်နှင့် တရုတ်နိုင်ငံ ယူနန်ဒေသရှိ ကူမင်းမြို့တော်ကို ချိတ်ဆက် တည်ဆောက်မည့် အဆိုပါ ရထားလမ်းမှာ အရှည် ၁၂၉၀ ကီလိုမီတာရှိမည်ဖြစ်ပြီး ၉ နာရီကျော် မောင်းနှင်ရုံဖြင့် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ Read more Add comment (0) Hits: 193
သတင်းတိုများ

နာရေးကူညီမှုအသင်းက NLD စောင့်ရှောက်ထားသည့် HIV ဝေဒနာသည်များကို သွားရောက်လှူဒါန်း

NLD လူမှုအထောက်အကူပြုအဖွဲ့မှ ပြုစု စောင့်ရှောက်ထားသည့် HIV/ AIDS ဝေဒနာရှင်များကို နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဦးကျော်သူနှင့် Hip Hop အဆိုတော် အနဂ္ဂတို့က ယနေ့ နံနက်ပိုင်းတွင် ဒံပေါက်ထမင်းနှင့် အဝတ်အထည်များ သွားရောက် လှူဒါန်းခဲ့ကြပြီး ဝေဒနာရှင်များကို နှုတ်ဆက် အားပေးကြကြောင်း သတင်းရရှိသည်။ Read more Add comment (0) Hits: 223
သတင်းတိုများ

NLD လူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့မည်

NLD လူငယ်အဖွဲ့ကို ခိုင်မာစွာ ပြန်လည်ဖွဲ့စည်းရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းနှင့်ပြည်နယ် အသီးသီးမှ NLD လူငယ်များ ရွှေဂုံတိုင် ရုံးချုပ်၌ ယနေ့ တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။ Read more Add comment (1) Hits: 107
သတင်းတိုများ

ဂျာနယ် ၉ စောင် ထုတ်ဝေခွင့် ခေတ္တပိတ်

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် သတင်းဖော်ပြမှုကြောင့် ဂျာနယ် ၉ စောင်ကို ထုတ်ဝေခွင့် ခေတ္တ ရပ်ဆိုင်း လိုက်ကြောင်း သတင်းရရှိသည်။ The Voice၊ 7 Day News၊ Venus၊ ပြည်သူ့ခေတ်၊ မြန်မာ့ပို့စ်၊ လျှပ်တပြက်၊ Myanmar Newsweek ဂျာနယ် တို့ကို ထုတ်ဝေခွင့် ၁ ပတ်စီ ပိတ်လိုက်ပြီး First Eleven အားကစားဂျာနယ်၊ Hot News ဂျာနယ်တို့ကို ထုတ်ဝေခွင့် ၂ ပတ် ပိတ်လိုက် ကြောင်း စာပေစိစစ်ရေးရုံးတွင် ကြေညာထားသည်။ Read more Add comment (0) Hits: 142
သတင်းတိုများ

ပြည်သူများ တော်လှန်ရေးစိတ်ဓာတ် ရှိရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

နိုဝင်ဘာလ ၂၀ ရက်နေ့က ၀ါရင့်နိုင်ငံရေး သမားကြီးများ သက်ကြီးပူဇော်ပွဲ တက်ရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ၂၁ ရာစု ဒုတိယ ပင်လုံညီလာခံ အောင်မြင်ရေးအတွက် ပြည်သူများ အနေနှင့် တော်လှန်ရေး စိတ်ဓာတ်မွေးမြူပြီး အဆုံးတိုင်အောင် နိုင်ငံရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောသွားသည်။ Read more Add comment (0) Hits: 135
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: