ဧရာဝတီမှ သတင်းတိုများ ၂၀.၁၁.၂၀၁၀

သတင်းတိုများ

HIV/AIDS ဝေဒနာရှင်များ နေရာပြောင်းရမည်

NLD လူမှု အထောက်အကူပြု အဖွဲ့မှ စောင့်ရှောက်ထားသည့် HIV/ AIDS ဝေဒနာရှင်များကို အာဏာပိုင်များမှ ဖွင့်လှစ် ထားသော သာကေတ အဝိုင်းထိပ်မှ ဂေဟာသို့ လွှဲပြောင်းပေးရန် ရန်ကုန်မြို့မှ သက်ဆိုင်ရာ ဆရာဝန်ကြီးများက NLD လူငယ်တဦးဖြစ်သူ ကိုရာဇာကို ယနေ့ ခေါ်ယူပြောဆိုကြောင်း သတင်းရရှိသည်။ နိုဝင်ဘာ ၁၇ ရက်က ယင်း ဝေဒနာရှင် များကို ဒေါ်အောင်ဆန်းစုကြည် လာရောက်ကြည့်ရှု အားပေးပြီးနောက်ပိုင်း ယခုကဲ့သို့ ပြောင်းရွှေ့ ခိုင်းဖြစ်သည်။ Read more Add comment (0) Hits: 159
သတင်းတိုများ

ချင်းမိုင်မှာ ကမ္ဘာ့ ကလေးများနေ့ ကျင်းပ

နိုဝင်ဘာ ၂၀ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ ကလေးများနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ်ရှိ အနုပညာ ခန်းမတွင် မြန်မာရွှေ့ပြောင်းကလေးများက “သံဆူးကြိုးများ နောက်မှ ပျံသန်းခြင်း”ဟု အမည်ရသည့် ပွဲတော် တခု ကျင်းပခဲ့ပြီး “ကြွေလွင့်ပန်းကလေးများ” ပြဇာတ်ကို ဖျော်ဖြေတင်ဆက်ခဲ့သည်။ ယင်း အစီအစဉ်ကို United ACT , HREIB , TRAFFCORD အဖွဲ့များက တင်ဆက်ခြင်းဖြစ်ပြီး ကလေးများအား လူကုန်ကူးခြင်းကို ကာကွယ် တားဆီးရန် တိုက်တွန်းခဲ့ကြသည်။ Read more Add comment (0) Hits: 36
သတင်းတိုများ

မန္တလေး ဗုံးကွဲ ၂ ဦး ဒဏ်ရာရ

ယနေ့ နံနက် ၇ နာရီဝန်းကျင်က မန္တလေးတိုင်း ချမ်းအေးသာစံ မြို့နယ် အိမ်တော်ရာ ဘုရားဝင်း အတွင်း ဗုံးတလုံးပေါက်ကွဲ သောကြောင့် ဂေါပကအဖွဲ့ဝင်တဦးနှင့် တခြား အမျိုးသားတဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။“ဘုရား ဝေယျာဝစ္စ လုပ်နေရင်းဖြစ်သွားတာဆိုတော့ လက်ကိုထိသွား တယ်၊ နောက်အမျိုးသား တဦးလည်း နည်းနည်း ပါးပါးတော့ ထိသွားတယ်၊ ကျန်တာတော့ ဘာမှမဖြစ်ပါဘူး”ဟု ဂေါပကအဖွဲ့ဝင်လူကြီးတဦး က ဆိုသည်။ ဗုံးပေါက်ကွဲ ပြီးနောက် အိမ်တော်ရာ ဘုရားဝင်း အား ပိတ်ထားလိုက်ကြောင်း သိရှိရသည်။ Read more Add comment (0) Hits: 183
သတင်းတိုများ

အင်တာနက်ဆိုင်များတွင် CCTV ကင်မရာ တပ်ရမည်

ရန်ကုန် မြို့တော်ခန်းမ အနီးရှိ အင်တာနက်ဆိုင်တခု၌ ဗုံးတွေ့ရှိပြီးနောက် အင်တာနက်ဆိုင်များတွင် CCTV ကင်မရာများ တပ်ဆင် ရန် အာဏာပိုင်များက ညွန်ကြားထားကြောင်း သတင်းရသည်။ တပ်ဆင်ထားခြင်း ရှိမရှိ လာရောက် စစ် ဆေးမည်ဟု သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်များက လာပြောဆိုထားကြောင်း ရန်ကုန်မြို့တွင်းနှင့် အလုံမြို့နယ်ရှိ အင်တာနက် ဆိုင်ပိုင်ရှင်များကပြောကြား သည်။“ဗုံးတွေ့လို့ဆိုပြီးတော့ CCTV တပ်ဖို့လာပြောထားတယ်။ လာစစ်မယ်လို့ ပြောထားတော့ တပ်ရ မှာပေါ့။ အခုထိတော့ မတပ် သေးဘူး”ဟု ရန်ကုန် ပန်းဆိုးတန်းလမ်းရှိ အင်တာနက်ဆိုင် တာဝန်ခံ တဦးက ပြောသည်။ Read more Add comment (1) Hits: 158
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှ စီးပွားရေး ဦးမော့မည်

ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားအဖွဲ့များနှင့် စစ်အစိုးရတို့အကြား တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးပြဿနာများ အဖြေ ရှာ မှသာ မြန်မာ့စီးပွားရေးတိုးတက်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။ မြန်မာ နိုင်ငံ ရွှေ လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ငါး လုပ်ငန်း အဖွဲ့ချုပ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ် အသင်းများမှ စီးပွားရေး လုပ်ငန်းရှင်များက လက်ရှိ မြန်မာ့စီးပွားရေးမှာ ထွက်ပေါက် မရှိသော အခြေအနေမျိုးတွင် ဆိုက်ရောက်နေကြောင်း ပြောဆိုကြသည်။ Read more Add comment (0) Hits: 223

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: