ထောက်ခံမဲ ဆန္ဒရှင်များအား ကျေးဇူးတင်အခမ်းအနား ကျားဖြူပါတီကျင်းပမည်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ကျားဖြူပါတီအား ထောက်ခံမဲပေးခဲ့သော ပြည်သူလူထုကို ကျေးဇူးတင်သည့် အနေဖြင့် အခမ်းအနားတစ်ခုကျင်းပမည်ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

“ကျားဖြူပါတီကို ထောက်ခံမဲပေးခဲ့တဲ့ ပြည်သူတွေကို ကျေးဇူးတင်တဲ့အနေနဲ့ ပြုလုပ်မှာဖြစ်ပါတယ်။ အခမ်းအနား မှာ ရဟန်းသံဃာတော်တွေကို ဆွမ်းနဲ့လှူဖွယ်ပစ္စည်းတွေ ဆက်ကပ်လှူဒါန်းဖို့လဲရှိပါတယ်” ဟု မိုင်းတုံမြို့နယ် မဲဆန္ဒ နယ်အမှတ် ၂ (ပုံပါကျင်) ရှိ ကျားဖြူပါတီဝင်တစ်ဦးကပြောပါသည်။

အခမ်းအနားကို နိုဝင်ဘာ ၂၂ ရက်၌ ကျင်းပမည်ဖြစ်ပြီး ပုံပါကျင်တစ်နေရာတည်း၌သာ ပြုလုပ်မည်မဟုတ်ကြောင်း၊ ကျားဖြူပါတီအနိုင်မရသော်လည်း ပြည်သူအများစုထောက်ခံခဲ့ကြသော မိုင်းတုံ၊ ဖိုင်ချယ်နှင့် မယ့်ကဲန်းကျေးရွာသို့ ပါတီဝင် ၂၀ ယောက်ခန့် ဗုံမောင်းများတီးခတ်ပြီး သွားရောက်ဂါရ၀ပြု ကျေးဇူးတင်စကားပြောကြားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောပါသည်။

မိုင်းတုံမြို့နယ်၌ ကျားဖြူပါတီမှ စိုင်းကော်တိုင်းက ပြည်သူ့လွှတ်တော်အဆင့်၊ စိုင်းပန်ဖက မဲဆန္ဒနယ်အမှတ် (၁) နှင့် စိုင်းဝင်းမြတ်ဦးက အမှတ် (၂) ၌ ပြည်နယ်လွှတ်တော်အဆင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အမှတ် ၂ သာ အနိုင်ရပြီး ကြံ့ဖွံ့က အမှတ် ၁ တွင် အနိုင်ရရှိသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: