ဧရာဝတီမှ သတင်းတိုများ ၁၉.၁၁.၂၀၁၀

သတင်းတိုများ

မြ၀တီ၌ တိုက်ပွဲ စိုးရိမ်၍ ကျောင်းနှင့်ရုံးများပိတ်

DKBA နှင့် အစိုးရတပ်များ တိုက်ပွဲ ပြန်လည် ဖြစ်လာနိုင်သည့် အတွက် ကရင်ပြည်နယ် မြ၀တီမြို့တွင် စာသင် ကျောင်းများ၊ အစိုးရ ရုံးများကို ယနေ့ နေ့လယ် ၂ နာရီခန့်က စတင် ပိတ်ထားလိုက်ကြောင်း မြို့ခံတဦးကပြောသည်။ ထို့အပြင် သင်္ကန်း ညီနောင်မြို့အနီး နယ်မြေများတွင်လည်း တိုက်ပွဲများဖြစ်နေသည်ဟု သတင်းရသည်။ Read more Add comment (0) Hits: 252
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် တသီးပုဂ္ဂလ လွှတ်တော်အမတ်များနှင့်တွေ့

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်က ရွေးကောက်ပွဲ ဝင်ခဲ့သည့် တသီးပုဂ္ဂလ လွှတ်တော်အမတ်လောင်း ၁၁ ဦးနှင့် တွေ့ဆုံခဲ့ပြီး နေ့လယ်တွင် ၎င်းလွတ်မြောက်ပြီး ပထမဆုံးအကြိမ် NLD အလုပ်အမှုဆောင် အစည်းအဝေး ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ Read more Add comment (0) Hits: 196
သတင်းတိုများ

ထိုင်း – မြန်မာနယ်စပ် အတွက် ငှက်ဖျားဆေး မလုံလောက်ဟု WHO အတည်ပြု

ထိုင်း – မြန်မာနယ်စပ်တွင် ကူးစက်ပျံ့နှံ့ နေသည့် ငှက်ဖျားရောဂါ ကာကွယ်ရန် စွမ်းအားပြည့်ဆေး လုံလောက်မှု မရှိသည့် ပြဿနာနှင့် ရင်ဆိုင်ရနိုင်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က အတည်ပြု သတင်း ထုတ်ပြန်လိုက်သည်။ WHO တွင် တာဝန်ယူနေသော ဒေါက်တာ ပတ်စကယ် ရင်းဝက်ဒ်က ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်တွင် အဆိုပါ ပြဿနာနှင့် ရင်ဆိုင် နေရသောကြောင့် ထိုင်း – မြန်မာနယ်စပ်တွင်ပါ ဆေးမလုံရောက်မှု ဖြစ်နိုင်သည်ဟု သတိပေးပြီးဖြစ်ကြောင်း ပြောသည်။ Read more Add comment (0) Hits: 65
သတင်းတိုများ

စစ်အစိုးရ ဥပဒေနှင့် မညီဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဒေါ်အောင်ဆန်းစုကြည်က မိမိအား ၇ နှစ်ခွဲ အကြာ ဖမ်းဆီးထိန်းသိမ်းထားခြင်းမှာ တရားဥပဒေနှင့် မညီကြောင်း၊ ထို့အတူ ပြန် လည် လွှတ်ပေးလိုက်ခြင်းမှာလည်း စစ်အစိုးရ၏ သဘောထား ပျော့ပြောင်းလာပြီဟု မယူဆကြောင်း အေပီ သတင်းဌာနသို့ ပြောဆိုလိုက်သည်။ Read more Add comment (0) Hits: 288
သတင်းတိုများ

မင်းလှ ကျေးရွာ ရယကများ ကတိမတည်

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်းရှိ တောင်သူများကို ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီကို မဲထည့်လျှင် မိုးစပါးစိုက်ပျိုးပြီး ဆောင်း သီးနှံ အဖြစ် ဈေးကွက်ဝင် မတ်ပဲ စိုက်ပျိုးခွင့်ပြုမည်ဟု ကျေးရွာ ရယကများက မဲဆွယ်စည်းရုံးခဲ့သော်လည်း ယခုအခါ အာဏာပိုင်များ က နွေစပါးကိုသာ စိုက်ပျိုးရမည်ဟု ပြောဆိုကြောင်း တောင်သူများက ပြောသည်။ Read more Add comment (0) Hits: 102
သတင်းတိုများ

မစ္စတာ ဘန်ကီမွန်းနှင့် ဒေါ်အောင်ဆန်းစုကြည် ဖုန်းဖြင့်စကားပြော

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာဒီမိုကရေစီ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ယမန်နေ့က တယ်လီဖုန်းဖြင့် ၁၅ မိ နစ်ကြာ နှုတ်ခွန်းဆက် စကားပြောဆိုခဲ့သည်ဟု ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ ထို့အပြင် နိုင်ငံရေး အကျဉ်းသားများကို ပတ်သက်၍ စစ်အစိုးရမှ အမြန်ဆုံး ပြန်လွှတ်ပေးရန်လိုကြောင်းလည်း မစ္စတာဘန်ကီမွန်း နှင့် ဒေါ်အောင်ဆန်း စုကြည် တို့ ပြောဆိုခဲ့ကြောင်း သိရသည်။ Read more Add comment (0) Hits: 231
သတင်းတိုများ

ကုလသမဂ္ဂ ၌ မြန်မာ့ ရွေးကောက်ပွဲ ရှုတ်ချ

မြန်မာ့ ရွေးကောက်ပွဲ ရလဒ်ကို ရှုတ်ချ ကန့်ကွက်သည့် အဆိုတင်သွင်းမှုတခုကို  ယမန်နေ့က ပြုလုပ်သည့် ကုလသမဂ္ဂ အထွေ ထွေညီ လာခံတွင် မဲခွဲ ဆုံးဖြတ်လိုက် ကြောင်းသိရသည်။ ယင်းဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၉၆ ၊ ကန့်ကွက်မဲ၂၈ ၊ ကြားနေမဲ ၆၀ ဖြင့် အတည်ပြုလိုက်ခြင်း ဖြစ်သည်။ Read more Add comment (0) Hits: 238

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: