တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ စစ်ရေး၊ နိုင်ငံရေး မဟာမိတ်ဖွဲ့စည်းရာတွင် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ပါဝင်ခြင်း မရှိခြင်း အပေါ် ပါတီ ဒု ဥက္ကဌ ၂ ဗိုလ်မှူး ခိုင်မျိုးမင်းနှင့် ဆက်သွယ် မေးမြန်းခန်း

မေး။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ပူးပေါင်းပြီး ရွေးကောက်ပွဲ အလွန် စစ်ရေး၊ နိုင်ငံရေး မဟာမိတ် အဖွဲ့တစ်ခုကို ထိုင်းမြန်မာ နယ်စပ် တစ်နေရာမှာ နိုဝင်္ဘာလ ၄ ရက်နေ့က စတင် ဖွဲ့စည်း ခဲ့ပါတယ်။ အဲဒီကော်မတီမှာ အပစ်အခတ် ရပ် ထားပြီးတော့ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ငြင်းဆန်ထားကြတဲ့ KIO ကချင် လွတ်မြောက် ရေး အဖွဲ့၊ မွန်ပြည်သစ်ပါတီ NMSP ၊ ရှမ်းပြည် မြောက်ပိုင်းတပ်မတော် SSA တို့ ပါဝင် သလို စစ်အစိုးရနဲ့ လက်နက်ကိုင် တိုက်နေဆဲ ဖြစ်ကြတဲ့ ကရင် အမျိုးသားအစည်း အရုံး KNU ၊ ကရင်နီတိုးတက်ရေးပါတီ KNPP နဲ့ ချင်းအမျိုးသား တပ်ဦး CNF တို့ ပါဝင်တာကို တွေ့ပါတယ်။ အဲဒီကော်မတီမှာ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် ပါဝင်တာကို မတွေ့ရပါ။ ဘာကြောင့် ALP အနေနဲ့ မပါဝင်တာပါလဲ။ သူတို့က မဖိတ် ခေါ်တဲ့ အတွက်လား။ ALP အနေနဲ့ မပါဝင်တာ ချင်တဲ့ အတွက်လား ဆိုတာ သိပါရ စေ။

ဖြေ။ နံပါတ် ၁ အချက်ပြောရမယ်ဆိုရင် သူတို့ကိုယ်တိုင်က ကျွန်တော်တို့ကို မဖိတ် တာ ဖြစ်ပါတယ်။ မဖိတ်တဲ့အကြောင်းရင်းတွေက ကျွန်တော်တို့သိရသလောက် ပထမ တချက်က ရခိုင်ပြည်မှာ အဖွဲ့အစည်းတွေများတယ်၊ ဥပမာ၊ ANC သက်သက် ပထမ ANC ၊ ဒုတိယ ANC စသည်အားဖြင့် နှစ်ဖွဲ့ရှိနေတယ်။ နောက်တခါ NUPA ဆိုတာ ရှိတယ်။ DPA ဆိုတာရှိတယ်၊ ALD တို့ ALP ရှိတယ်။ အဲဒီလို အဖွဲ့ အစည်း များနေ တာကတကြောင်း တချက်ပေါ့။ နောက်တချက်က ALP က ENC မှာအဖွဲ့ဝင် မဟုတ် ဘူး။ အမှန်ကတော့ ENC ဟာ အဖွဲ့အစည်းတွေပုံစံနဲ့ လုပ်ထားတာမဟုတ်။ State Basis နဲ့လုပ်ထားတဲ့ အဖွဲ့အစည်းဆိုတော့ အဲဒီ State ရဲ့ ကိုယ်စားလှယ် ထဲမှာ ALP က မပါတာဖြစ်တယ်။ ALP အနေနဲ့မပါတာလို့ ပြောလိုတာမဟုတ်။ အဲဒီကို သူတို့ က သဘောမပေါက်လို့လည်း ဖြစ်နိုင်တယ်။ ပြောရဖို့ဆိုရင် ကျွန်တော်တို့က သူတို့နဲ့ တိုက်ရိုက်ထိတွေ့ပြီး အပြန်အလှန် ပြောဆိုဆွေးနွေးလို့ ရတာမျိုးမဟုတ်ဘူး။ သူတို့ ဖွဲ့တဲ့အထဲမှာ ကျွန်တော်တို့ကို ဖိတ်လည်း မဖိတ်ဘူး။ မဖိတ်တဲ့အကြောင်း အဲဒီ အချက် နှစ်ချက်ရှိတယ်။ လိုရင်းပြောရမယ်ဆိုရင် သူတို့က အကြောင်းလည်းမကြား၊ ဖိတ်လည်းမဖိတ်၊ ဒါကြောင့် ကျွန်တော်တို့က ပါချင်လို့လည်း မရ။ ဖိတ်ယင်တော့ ပါကောင်းပါနိုင်တာပေါ့။

မေး။ တကယ်လို့ အဲဒီ စစ်ရေး၊ နိုင်ငံရေးမဟာမိတ်ကော်မတီက ဖိတ်ခေါ်ခဲ့ရယင် ALP အနေနဲ့ ပါဝင်ဖို့ အခြေအနေရှိပါသလား။

ဖြေ။ ဖိတ်ရင် ဘယ်လို လုပ်ငန်းတွေကို လုပ်မှာလဲ။ ဘယ်လို ပုံစံမျိုးနဲ့ ဖွဲ့စည်းမလဲ ဆိုတဲ့ ဆွေးနွေးချက်တွေ အပေါ်မှာပဲ မူတည်တယ် ။ အဲဒီ အဖွဲ့အစည်းမှာ ပါဖို့ မပါဖို့ ဆိုတာကို ကြိုပီး ပြောလို့မရပါ။ ဖိတ်တဲ့အခါမှ ပါသင့် မပါသင့်ဆိုတဲ့ ဆွေးနွေးချက်တွေ အပေါ်မှာ မူတည်ပြီးတော့ ဆုံးဖြတ်ရမယ့် ကိစ္စပါ။ အဲဒီလို အနေအထားရှိပါတယ်။

မေး။ အခုလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ မဟာမိတ်ဖွဲ့ပြီးတော့ သူတို့ရဲ့ ဒေသတွေမှာ စစ်မျက်နှာတွေ ဖွင့်ပြီး နအဖ တပ်တွေကို ခုခံကာကွယ်ဖို့ အစီအစဉ်တွေ လုပ်နေကြပြီလို့ ကြားရပါတယ်။ ကျွန်တော်တို့ အနောက်ဖက်ဒေသ မှာလဲ နအဖ ကို ခုခံတိုက်ခိုက်ဖို့ ALP အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားလို့ ရှိပါလား။

ဖြေ။ ကျွန်တော်တို့ ALP ကတော့ခါ စစ်ရေး မဟာမိတ် ၆ နဲ့ဖွဲ့ထားတဲ့ NDF အဖွဲ့ ၀င်ဖြစ်တယ်။ စစ်ရေးနဲ့ လှုပ်ရှားတဲ့ နေရာမှာပေါ့။ နောက်တချက်က NDF က စစ်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို သူတို့ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ကျွန်တော်တို့ ALP ကို ပေးထားတာရှိပါတယ်။ နောက်တချက် စစ်ရေး မဟာမိတ် အဖွဲ့ကလဲဘဲ ဒီလ ၂၂ ရက် နေ့မှာ အစည်းအဝေးတခုရှိတယ်။ အဲဒီမှာလည်း စစ်ရေးနဲ့ပတ်သက်တဲ့ လုပ်ငန်း စဉ်တွေ ဆွေးနွေးဖို့ရှိတယ်။ ဒါဆိုရင် ဘာဘဲပြောပြော စစ်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်း စဉ်တွေကတော့ ကျွန်တော်တို့ ALP မှာ ရှိပီးသားပါ။ အဲဒါကတချက်။ နောက်တချက် ကလဲ သူတို့နဲ့ ညှိနိုင်းမှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျွန်တော်တို့ ALP အနေနဲ့က တော့ အနောက်ဖက်က ကိုယ်ရဲ့အားအပေါ်မှာ အခြေခံပြီးတော့ တိုက်နိုင်သလောက် တော့ တိုက်နေတာပါ။ ဒီလ ၅ ရက်နေ့ကလဲဘဲ တိုက်ပွဲတခု သွားပြီးတော့ တိုက်တယ်။ အဲဒါက ရွေးကောက်ပွဲကို လက်မခံ၊ အသိအမှတ်မပြု၊ ဆန့်ကျင်တဲ့အနေနဲ့ ပြိုင်စိုရှေ့ တန်း စခန်းကို သွားပြီးတော့ တိုက်တာ ဖြစ်ပါတယ်။

မေး။ နအဖ စစ်အစိုးရက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲလည်း ပြီးသွားပြီ။ တချို့ရွေး ကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီတွေ၊ အထူးသဖြင့် ရခိုင်ပြည်မှာဆိုရင် ရခိုင်တိုင်းရင်း သားများတိုးတက်ရေးပါတီက အမတ်နေရာ ၃၅ နေရာ အနိုင်ရခဲ့ပါတယ်။ အဲဒီအနိုင်ရ ခဲ့တဲ့ပါတီက ရခိုင်ပြည်သူတွေ လိုအပ်နေတဲ့ လိုအပ်ချက်တွေကို ပါလီမန်မှာ ဥပဒေအရ တောင်းဆိုတိုက်ပွဲဝင်သွားဖို့လို့ ပြောပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ALP ပါတီအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ အဲဒါကတော့ သူတို့ပါတီရဲ့လုပ်ငန်းကိုတော့ ကျွန်တော်တို့က ဝေလည်း မဝေဖန် ဘူး။ ကန့်လည်း မကန့်ကွက်လိုပါဘူး။ သူတို့ပါတီရဲ့ လုပ်ငန်းစဉ်နဲ့ သူတို့လုပ်တာ ကိုတော့ ကျွန်တော်တို့ ပါတီအနေနဲ့ ထောက်ခံမှု ပေးရမှာပါ။ ဒါပေမယ့် ကျွန်တော် တို့က နအဖ ရဲ့ ဖွဲ့စည်းပုံ ကိုလည်းလက်မခံ၊ အသိအမှတ်လည်း မပြု၊ ရွေးကောက် ပွဲကိုလည်း အသိအမှတ် မပြုဆိုတော့ခါ နအဖလုပ်တဲ့ ပါလီမန်ထဲမှာ ၃၀ မက ၃၀၀ ရရင်လည်း ကိုယ်တို့က လုပ်ပိုင်ခွင့် တခုလည်း ရမှာမဟုတ်ဘူး။ ကျွန်တော်တို့က အဲဒီ လိုဘဲ နားလည်တယ်။ လက်ခံတယ်။ ၃၀ မက ၃၀၀ ဘဲရရ၊ အဲဒါဟာ အခုတက်လာဖို့ ကြံ့ဖွတ်ပါတီရဲ့ ညွန်ကြားချက်အောက်မှာဘဲ ရှိမှာပါ။ အဲဒါကြောင့် ကိုယ့်လုပ်ငန်း၊ ကိုယ့် ရည်ရွယ်ချက်ကို အထမြောက်အောင် လုပ်နိုင်ဖို့ အနေအထား မရှိလို့ ကျွန်တော်တို့ က ယုံကြည်တယ်။ ဘာဘဲပြောပြော သူများက လုပ်ခိုင်းလို့လုပ်ရဖို့အစား ကိုယ်ပိုင် ရပ်တည်ချက်နဲ့ ကျွန်တော်တို့က ကိုယ်ပိုင်အ လုပ်လုပ်တာပဲဖြစ်တယ်။ ကျွန်တော်တို့ လိုလားတာ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ နံပါတ် ၁ အချက် ပြောရမယ်ဆိုလို့ ရှိရင် နအဖ အခုပြုလုပ်သွားတဲ့ ရွေးကောက်ပွဲ အခြေခံ ဥပဒေ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေကိုလည်း လက်မခံ၊ အသိအမှတ် မပြု၊ နောက်တခုက အဲဒီဥပဒေတွေကို အခြေခံပြီး လုပ်သွားတဲ့ ရွေးကောက်ပွဲကိုလည်း လက်မခံ၊ အသိအမှတ်မပြု။ အဲဒါဟာ ကျွန်တော်တို့အနေနဲ့ လုံးဝ အသေချာ ချထားတဲ့ မူဖြစ်ပါတယ်။

မေး။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီအနေနဲ့ ကိုယ်တို့ ရည်ရွယ်ထားတဲ့ လွတ်လပ် ရေးဘဲဖြစ်ဖြစ်၊ ဖယ်ဒရယ် ဘဲဖြစ်ဖြစ် အဲဒါတွေကို အကောင်အထည် ဖေါ်လုပ်ဆောင် သွားဖို့ ဘယ်လိုအစီအစဉ်တွေ ရှိပါသလဲ။

ဖြေ။ ကျွန်တော်တို့က ကိုယ့်လွတ်လပ်ရေးလမ်းကြောင်းကို သွားတယ်ဆိုပေမယ့် မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက် လုပ်ဆောင်မှုတွေ ရှိပါတယ်။ အခု တပ်ပေါင်းစု တွေမှာ ပါဝင်ထားတာ တွေရှိတယ်။ ဥပမာ ကျွန်တော် ခုနက ပြောခဲ့တဲ့အတိုင်း NDF မှာ ပါဝင်ထားတာရှိတယ်။ NDF တပ်ပေါင်းစုဟာ တော်လှန်ရေး လှုပ်ရှားမှုမှာ သက်တမ်းအရင့်ဆုံး တပ်ပေါင်းစုဖြစ်တယ်။ ၁၉၇၆ ခုနှစ်ကတည်းက စဖွဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။ အဲဒီလို တပ်ပေါင်းစုတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေရှိနေတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဖယ်ဒရယ်ဆိုတာ ဒီနေ့ ဘာဘဲပြောပြော ကြားကာလ တခုရဲ့အခြေခံ စခန်းထောက်အနေအထားမှာဘဲ ကျွန်တော်တို့က သဘောထားတယ်။ အခု ဖယ် ဒရယ်သို့သွားနေတာဟာ အဲဒီတပ်ပေါင်းစုတွေက ဖယ်ဒရယ်သို့ သွားနေ တာကြောင့်ဖြစ်ပါတယ်။ ကိုယ်ရဲ့ လွတ်လပ်ရေးကိုရဖို့သွားနေတဲ့အချိန်မှာ ဖယ်ဒရယ် မှာ ရပ်နေမှာတော့ မဟုတ်ဘူး။ ကျွန်တော်တို့က ကိုယ့်လွတ်လပ်ရေးကို ရအောင် သွားဖို့ပါ။

မေး။ ဥက္ကဌတို့ ALP အနေနဲ့ ရခိုင်ပြည်သူတွေကို ဘာများ မှားကြားချင်ပါသလဲ။

ဖြေ။ ကျွန်တော်တို့ ရခိုင်ပြည်သူ တရပ်လုံးကို မှာကြားချင်တာက ကျွန်တော်တို့ ရခိုင်တွေဟာ အစဉ်အလာ အားဖြင့် ဂုဏ်ရောင်လဲ ပြောင်ခဲ့တယ်။ သတ္တိလဲရှိခဲ့တယ်။ တကယ်လဲဘဲ ရှေးခေတ် ယဉ်ကျေးမှုတွေ၊ စီးပွားရေး တွေကအစ မြင့်မြင့်မားမား ရှိခဲ့တယ်။ ဒါပေမယ့် ဒီနေ့လက်ရှိ မျက်မှောက် အခြေအနေမှာ ကျွန်တော်တို့ ရခိုင်ပြည်သူတရပ်လုံးဟာ ကုန်းကောက်စရာ မရအောင် ဆင်းရဲနေတယ်။ ဘက်ပေါင်းစုံ အခြေအနေမှာ ပျက်စီးယိုယွင်းနေတယ်။ အဲဒီလိုဖြစ်ရတဲ့ အခြေခံ အကြောင်းရင်းက ကျွန်တော်တို့ရခိုင်ပြည်သူတရပ်လုံးရဲ့ စည်းလုံးညီညွတ်မှု ပြိုကွဲနေလို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ အချုပ်အချာ အာဏာပိုင်ခဲ့တဲ့ ဘုရင့်နိုင်ငံတော်ဟာ ကိုလိုနီကျွန်၊ သူတပါးလက် အောက်ခံဖြစ်သွားတဲ့ အဓိကအကြောင်းရင်းက အမျိုးသားစည်းလုံး ညီညွတ်ရေး၊ ပြည်သူ့ စည်းလုံး ညီညွတ်ရေး ပြိုကွဲလို့ဖြစ်ပါတယ်။ ဆုံးရှုံးတဲ့ အချုပ် အချာအာဏာကို ပြန်လည်ရရှိဖို့အတွက် အကြောင်းရင်းတွေ အများကြီး၊ အချက် အလက်တွေအများကြီး လိုအပ်ပေမယ့် အဓိကကျပြီး အခြေခံအကျဆုံး အကြောင်းရင်း ကတော့ ပြိုကွဲပျက်စီးနေတဲ့ ပြည်သူ့ စည်းလုံး ညီညွတ်ရေးကို ပြန်လည် တည်ဆောက်နိုင်အောင် ကြိုးပမ်းကြဖို့ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီနေ့ ရခိုင်ပြည်သူ တိုင်းဟာ ကိုယ်ရဲ့ လွတ်လပ်ရေးကို လိုချင်လို့ ရှိခဲ့ရင် လွတ်လပ်ရေး အတွက် အလုပ်လုပ်ဖို့ လိုပါတယ်။ အပြောသက်သက်နဲ့ မရပါ။ ကိုယ် ဘယ်အခန်းကဏ္ဍက တတ်နိုင်လဲ၊ ကိုယ်ဘယ် အခန်းကဏ္ဍမှာ ရှိနေလဲ၊ လယ်သမားတယောက်ရဲ့ အခန်းကဏ္ဍနဲ့ ကျောင်းဆရာ တယောက်ရဲ့ အခန်း ကဏ္ဍ တူမှာတော့ မဟုတ်ပါဘူး။ ကျောင်းဆရာ တယောက်ရဲ့ အခန်းကဏ္ဍဟာ ကုန်သည် တယောက်ရဲ့ အခန်းကဏ္ဍနဲ့ တူမှာ မဟုတ်။ ကျောင်းသား တယောက်ရဲ့ အခန်းကဏ္ဍဟာလည်း ကုန်သည် တယောက်ရဲ့ အခန်းကဏ္ဍနဲ့ တူမှာမဟုတ်။ ကိုယ် ဘယ်အခန်းကဏ္ဍက ရှိနေလဲ။ ကိုယ်ရှိ နေတဲ့ အခန်းကဏ္ဍကနေ တိုင်းပြည် လူမျိုးအတွက် လုပ်ကြရမှာပါ။ ကိုယ့်အမျိုးသားအတွက်၊ ကိုယ့်တိုင်း ပြည်အတွက် နတ်ပြည်မှာဘဲ နေနေ၊ ငရဲပြည်ဘဲ ရောက်ရောက်၊ ဘယ်နေရာ မှာဘဲ ရောက်နေရောက်နေ၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး အတွက် လုပ်ကြရမှာ ဖြစ်ပါတယ် ။ အပြောသက်သက်နဲ့ မရပါ။ ခုလို ပြောနေတာ နှစ်ပေါင်း ၂၀၀ကျော် သွားခဲ့ပါပြီ။ အဲဒါကြောင့် အလုပ်လုပ်ကြပါ။ အလုပ်လုပ်ဖို့လို တယ်၊ အပြုသဘောနဲ့ ညီညွတ်ရေးကို ဦးစားပေးကြပါလို့ ကျွန်တော်က ဒီလောက်ပဲ တိုက်တွန်းလိုပါတယ်။

( မောင်ရမ္မာ တွေ့ဆုံ မေးမြန်းသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: