ဧရာဝတီမှ သတင်းတိုများ ၁၈.၁၁.၂၀၁၀

သတင်းတိုများ

ဖားကန့် မြေပြို လူ ၅၀ ခန့်သေ၊ အာဏာပိုင်များ ကူညီမှုမရှိ

ကချင်ပြည်နယ် ဖားကန့်မြေအတွင်း မြေပြိုပြီး လူ ၅၀ ခန့်သေဆုံးခဲ့သည့်အပေါ်တွင် သက်ဆိုင်ရာ အာဏာပိုင်များက တစုံ တရာ ကူညီမှုမရှိခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုသည်။ ယင်းမြေပြိုမှုသည် ဖားကန့်မြို့နယ် မော်ရှန် ခခူး ကျေးရွာတွင် ပြီးခဲ့သည့် စနေနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြေပြိုကျမှုတွင် မြေသယ်ကားတစီး ပါပြီး မြေပြိုကျ သည့်နေရာ ကို ကျောက်တူးဖော်ရေး ကုမ္ပဏီက ပိတ်ပင်လိုက်ကာ လူသေ အလောင်းများကိုလည်း ထုတ်ယူခြင်း မရှိကြောင်း သိရသည်။ Read more Add comment (0) Hits: 407
သတင်းတိုများ

မန္တလေးမှာ ပေါက်ကွဲမှုဖြစ်၊ နှစ်ဦး ဒဏ်ရာရ

မန္တလေးမြို့တွင် ယမန်နေ့ ညနေ ၃ နာရီခန့်က မဟာအောင်မြေမြို့နယ် ၃၅လမ်းနှင့်၃၆လမ်းအကြားရှိ ဒေါ်မြ ပစ္စည်းအဟောင်း ရောင်းဝယ်ရေးဆိုင်အတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သံတိုသံစ လာရောက်ရောင်းချသော သိန်းသန်း ဆိုင်ကယ် ပြင်ဆိုင်မှ အောင်ရဲ ကို ၁၉ နှစ်၏ ခြေထောက် ထိမှန်ခဲ့ပြီး ပြေငြိမ်းဦး ၂၁ နှစ်၏ ခန္ဓာကိုယ်လည်း ထိမှန်ခဲ့ကြောင်း ဒေသခံ တဦးက ပြောသည်။“၀ုန်းခနဲ ပေါက်ကွဲသံကြားရပြီး တဆိုင်လုံး မီးခိုးလုံးတွေနဲ့ ပြည့်သွားတယ်။ ပစ္စည်းအဟောင်းတွေထဲက ထ ကွဲတာ။ ဘာမှန်း မသိရဘူး။ ဆိုင်ရှင်တွေကိုတော့ ရဲ စခန်း ခေါ်သွားတယ်”ဟု၎င်းကဆိုသည်။ သက်ဆိုင်ရာ ရဲစခန်းကို ဆက်သွယ်မေးမြန်းရာတွင် တိတိကျကျ ပြန်လည်ဖြေကြားခြင်းမရှိချေ။ Read more Add comment (0) Hits: 1154
သတင်းတိုများ

မြန်မာတွင် ဘာသာရေး လွတ်လပ်ခွင့်မရှိဟု အမေရိကန် ထုတ်ပြန်

မြန်မာ၊ တရုတ်၊ မြောက်ကိုရီးယား၊ အီရန်၊ ဆော်ဒီ အာရေးဗီးယား၊ ဆူဒန်၊ ဥဇဘက် ကစ္စတန်၊ အီရစ္စထရီးယား နိုင်ငံ များသည် ဘာသာရေး လွတ်လပ်ခွင့် မရှိသည့် နိုင်ငံများ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြား ရေး ဌာန က ယမန်နေ့ တွင် ထုတ်ပြန် လိုက် သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က “ မြန်မာပြည်ထဲမှာ ဗုဒ္ဓဘာသာ လှုပ်ရှားမှုတွေကို ဖိနှိပ်တာ အပြင် တခြားသော ဘာသာဝင်တွေနဲ့ သူတို့ရဲ့ဘာသာရေးလှုပ်ရှားမှုတွေကို ဖိနှိပ်တာတွေ၊ ခွဲခြားဆက်ဆံတာတွေကို စစ်အစိုးရက ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်”ဟုလည်း ယင်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။ Read more Add comment (0) Hits: 508
သတင်းတိုများ

ကြံ့ဖွံ့ပါတီ လူမှုရေးလုပ်ငန်းများ ရပ်ဆိုင်း

ကြံ့ဖွံ့ပါတီက ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော် နေရာအများစု အနိုင် ရရှိသွားပြီးနောက် လမ်းခင်းခြင်း၊ ရေတွင်းတူးခြင်း၊ ငွေချေးခြင်း  မျက်စိဝေဒနာရှင်များအား ဆေးကုသပေးပြီး မျက်မှန်များ အလကားပေးဝေခြင်း အပါအ၀င် လူမှုရေး လုပ်ငန်းများ အားလုံး ဆက်မလုပ်တော့ဘဲ ရပ်ဆိုင်း လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ Read more Add comment (0) Hits: 426
သတင်းတိုများ

စစ်တပ်နှင့် ဝန်ထမ်းမိသားစုများ ဒေါ်အောင်ဆန်းစုကြည် သတင်း စိတ်ဝင်စား

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့် သတင်းသည် စစ်သားများနှင့် အစိုးရ ၀န်ထမ်းများ အကြားတွင် အပြော အများဆုံး သတင်းဖြစ်နေပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက် မှုအတွက် အလွန် ၀မ်းသာနေကြကြောင်း သတင်းရရှိသည်။ စစ်တပ် မိသားစုများအတွင်း ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံပါ ဂျာနယ်များ ၀ယ်ယူစုဆောင်းနေပြီး အစိုးရ၀န်ထမ်း အများစုကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင် ကိုယ်ကျ မြင်တွေ့ချင်သည်ဟု ပြောဆို နေကြသည်။ Read more Add comment (0) Hits: 1221
သတင်းတိုများ

ကြံ့ဖွံ့ ၇၆.၅ ရာခိုင်နှုန်းဖြင့်နိုင်ဟု ရွေးကောက်ပွဲကော်မရှင် ကြေညာ

ရွေးကောက်ပွဲတွင် လွှတ်တော် သုံးရပ်ရှိ နေရာပေါင်း ၁၁၅၄ နေရာတွင် ကြံ့ဖွံ့ပါတီက ၈၈၃ နေရာ အနိုင်ရပြီး ရာခိုင်နှုန်း အားဖြင့် ၇၆.၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ တစည ပါတီက ၆၃ နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၅၇ နေရာ၊ ရခိုင် တိုင်းရင်း သား များ တိုးတက်ရေး ပါတီက ၃၅ နေရာ၊ NDF နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့က ၁၆ နေရာစီ အနိုင်ရရှိ ကြောင်း တရုတ် People Daily အင်တာနက် စာမျက်နှာတွင် ယနေ့ ရေးသားထားသည်။ Read more Add comment (0) Hits: 582
သတင်းတိုများ

ရန်ကုန်တွင် ဖျက်အားပြင်းဗုံးများတွေ့

ရန်ကုန်မြို့တော်ခန်းမ အနီးရှိ Sky Net အင်တာနက်ဆိုင်တွင် ယမန်နေ့ ညနေက ဖျက်အားပြင်း ဗုံးများ တွေ့ရှိကြောင်း သတင်းရရှိသည်။ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဗုံးတွေ့ရှိမှု သတင်းမှာ မှန်ကန်သော်လည်း အသေးစိတ်ကို စုံစမ်းဆဲ ဖြစ်သည့် အတွက် ထုတ်ဖော် မပြောနိုင်သေးဟု ဆိုသည်။  ရန်ကုန် တမြို့လုံးရှိ အင်တာနက် ဆိုင်များ လုံခြုံရေး သတိရှိကြရန်နှင့် ထူးခြားဖြစ်စဉ်များ ရှိလျှင် အာဏာပိုင်များအား အကြောင်းကြားရန် ခေါ်ယူ ညွှန်ကြား ထားကြောင်းလည်း သိရသည်။ Read more Add comment (0) Hits: 1002
သတင်းတိုများ

မဲမသမာမှု မီဒီယာများကို ပြောလျှင် ဥပဒေနှင့်ငြိ

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲလိမ်၊ မဲခိုး၊ မဲမသမာမှုများနှင့် ပတ်သက်လျှင် ရွေးကောက်ပွဲ ကော်မရှင်ကိုသာ တိုင်ကြားရန် ၊ ပြည်တွင်း၊ ပြည်ပ မီဒီယာများတွင် ပြောဆိုနေခြင်းသည် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ ပုဒ်မ ၆၄ ပါ ပြဋ္ဌာန်းချက်များ နှင့် ငြိစွန်းနေကြောင်း ယမန်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ Read more Add comment (0) Hits: 285
သတင်းတိုများ

NLD ဆက်လက် ရပ်တည်ခွင့် ကြားနာမည်

NLDပါတီ ဆက်လက်ရပ်တည်ခွင့်နှင့် ပတ်သက်၍ ယနေ့ နေပြည်တော်ရှိ တရားရုံးချုပ်တွင် ကြားနာမည်ဖြစ်ရာ NLDပါတီ ရှေ့နေ များဖြစ်သော ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဦးကျော်ဟိုးတို့ သွားရောက်ကြောင်း သတင်းရသည်။ Read more Add comment (0) Hits: 91

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: