ဧရာဝတီမှ သတင်းတိုများ ၁၇.၁၁.၂၀၁၀

သတင်းတိုများ

DKBA တပ်ဖွဲ့တဖွဲ့ KNLA နှင့် ပူးပေါင်း

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ၉၀၉ တပ်ဖွဲ့သည် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ယနေ့ လာရောက် ပူးပေါင်းကြောင်း သတင်းရရှိသည်။ အင်အား ၁၀၀ ခန့်ရှိသည့် DKBA တပ်ရင်း ၉၀၉ ၏ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စတီးက ဦးဆောင်၍ လာရောက် ပူးပေါင်းခြင်းဖြစ်ပြီး ၎င်းတပ်ဖွဲ့သည် ကရင်ပြည်နယ် ကော့ ကရိတ် ဒေသ တ၀ိုက်တွင် အခြေချသည့် တပ်ဖွဲ့ဖြစ်ကြောင်း၊ နိုဝင်ဘာ ၇ ရက်နေ့က မြ၀တီမြို့တွင် စစ်အစိုးရ တပ်နှင့် တိုက်ပွဲဖြစ်ခဲ့သည့် ဗိုလ်မှူးကြီး စောလားပွယ် ၏ DKBA တပ်မဟာ ၅ မှ တပ်ဖွဲ့တဖွဲ့ဖြစ်ကြောင်း သိရသည်။ Read more Add comment (0) Hits: 1041
သတင်းတိုများ

ဖိလစ်ပိုင်ရောက် မြန်မာများ ဆန္ဒပြ

ဖိလစ်ပိုင်နိုင်ငံရှိ မြန်မာသံရုံးရှေ့တွင် ဖိလစ်ပိုင်ရောက်မြန်မာ ၅၀ ကျော်တို့က ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာဖုံးများ ဝတ်ဆင်ကာ ယနေ့ ဆန္ဒပြပွဲတရပ် ကျင်းပကြသည်။ ဆန္ဒပြသူများသည် မြန်မာနိုင်ငံကို စစ်မှန်သော ဒီမိုကရေစီပေးရေး၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ မဲမသမာမှုများ ရှိခဲ့သောကြောင့် ရွေးကောက်ပွဲကို ပယ်ဖျက်ပေးရေးနှင့် UN၊ အာဆီယံတို့က အထက်ပါကိစ္စများအတွက် ဝင်ရောက် စေ့စပ်ပေးရေးတို့ကို တောင်းဆိုခဲ့သည်။ Read more Add comment (0) Hits: 183
သတင်းတိုများ

မြန်မာ စစ်ပြေးဒုက္ခသည် ၆၀၀ ခန့် ယနေ့ပြန်ပို့

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ် တဖက်ကမ်းတွင် နိုဝင်ဘာ ၁၄ ရက်နေ့က ထွက်ပြေး တိမ်းရှောင်လာသော ရွာသား ၆၀၀ ခန့်ကို တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခြင်း မရှိသည့် အတွက် မြန်မာပြည်သို့ ထိုင်းအာဏာပိုင်များ၏ အစီအစဉ်ဖြင့် ယနေ့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။ ယင်း ရွာသားများသည် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သော တပ်ဖွဲ့နှင့် စစ်အစိုးရ တပ်များ တိုက်ပွဲ ဖြစ်ပွား သော ကြောင့် ထွက်ပြေးလာသူများ ဖြစ်သည်။ Read more Add comment (0) Hits: 177
သတင်းတိုများ

ဂီရိလေဘေး ဒုက္ခသည်များကို အဓမ္မလုပ်အားပေးခိုင်းစေနေ

ရခိုင်ပြည်နယ်အတွင်းမှ လေဘေးဒဏ် အများဆုံး ခံခဲ့ရသော မြေပုံနယ် အတွင်းမှ ကျေးရွာများမှ ပြည်သူများအား ၎င်းဒေသ၌ အခြေစိုက်သည့် ခလရ – ၂၇၀ နှင့် အမြောက်တပ် ၃၇၆ တပ်ရင်းတို့က အဓမ္မ လုပ်အားပေး ခိုင်းစေမှုများ ရှိနေကြောင်း၊ ထိုသို့ ခိုင်းစေရာ တွင် လုပ်အားခ မပေးသည့်အပြင် မခြေမငံ ဆက်ဆံခြင်း၊ နိုင့်ထက်စီးနင်း ပြောဆိုခြင်းများ ရှိခြင်းကြောင့် ဒေသခံ များမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေကြကြောင်း သိရသည်။ Read more Add comment (0) Hits: 164
သတင်းတိုများ

မြောက်ဦး ရှေးဟောင်းစေတီပုထိုးများကို ဖျက်၍ မီးရထားလမ်းဖောက်ရန် ပြင်ဆင်နေ

ရခိုင်ပြည်နယ်မှ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ရှေ့ဟောင်းဘုရား၊ စေတီ ပုထိုးများ စုပေါင်းတည်ရှိသည့် မြောက် ဦးမြို့ရှိ ဘုရားစေတီများကို ဖျက်စီး၍ စစ်အစိုးရ အာဏာပိုင်များသည် မီးရထားလမ်းဖောက်လုပ်ရန် လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကိစ္စကို ဒေသခံပြည်သူများက ကန့်ကွက်နေပြီး၊ ဆရာတော်၊ သံဃာတော်များကလည်း အစည်းအဝေး ပြုလုပ်၍ ကန့်ကွက်သွားရန် ပြင်ဆင်နေကြ ကြောင်းသိရသည်။ Read more Add comment (0) Hits: 606
သတင်းတိုများ

HIV ဝေဒနာရှင်များကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်အားပေးမည်

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နေ့လယ်တွင် မဖြူဖြူသင်း စောင့်ရှောက်လျက် ရှိသော HIV/ AIDS ဝေဒနာရှင်များထံ သွားရောက် အားပေးကြည့်ရှုမည်ဖြစ်ကြောင်း သတင်းရရှိသည်။ Read more Add comment (0) Hits: 325

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: