ဧရာဝတီမှ သတင်းတိုများ ၁၆.၁၁.၂၀၁၀

သတင်းတိုများ

ငြိမ်းချမ်းသည့် တော်လှန်ရေးကို လိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

ဒေါ်အောင်ဆန်းစုကြည်ကို BBC ကမ္ဘာ့သတင်းထောက် ဂျွန်ဆင်မ်ဆမ်က တွေ့ဆုံမေးမြန်းခဲ့ရာ ငြိမ်းချမ်းပြီး သွေးထွက် သံယို ကင်းသည့် တော်လှန်ရေးကိုသာ လိုလားကြောင်း၊ ၎င်းပြင် မြန်မာ့ တပ်မတော် ကျဆုံးသည်ကို မလိုလားကြောင်း၊ အရည် အချင်း ပြည့်ဝပြီး စစ်တပ်၏ တာဝန်ကို အပြည့်အဝ နားလည် ထမ်းဆောင်၍ ဒီမိုကရေစီကို ဆောင်ကျဉ်းရာတွင် တတပ် တအား ပါဝင်သည့် မျိုးချစ်ပြည်ချစ် တပ်မတော်အဖြစ်သာ မြင်ချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ Read more Add comment (0) Hits: 974
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ တရုတ် နှုတ်ပိတ်နေ

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုနှင့် ပတ်သက်၍ မည်သို့မျှ မပြောဆို လိုကြောင်း၊ နအဖ စစ်အစိုးရ အနေနှင့် ၎င်း ချမှတ်ထားသည့် လမ်းပြမြေပုံ ၇ ချက်ကို အကောင်အထည် ဖော်သွားလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောသည်။ Read more Add comment (0) Hits: 700
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ယနေ့ တွေ့မည်

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် မွန်ဒီမိုကရေစီ အဖွဲ့ချုပ် (MNLD) ဥက္ကဋ္ဌ နိုင်ငွေသိန်း အပါအဝင် ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ကြသည့် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငွေသိန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး ကိစ္စများ အပါအဝင် တိုင်းရင်းသား ကိစ္စများ ဆွေးနွေးမည်ဟု ပြောသည်။ Read more Add comment (0) Hits: 1228
သတင်းတိုများ

အင်္ဂလန် ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်၏ ဇွဲနှင့် သတ္တိကို ချီးကျူး

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့်အတွက် ဝမ်းမြောက်ကြောင်းနှင့် ၎င်း၏ ဇွဲနှင့် သတ္တိ ခံနိုင်ရည်အားကို ချီးကျူးကြောင်း အင်္ဂလန် ပြည်သူလူထု တရပ်လုံးကို ကိုယ်စားပြု၍ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က ယမန်နေ့ ပါလီမန်တွင် ပြောကြားလိုက်ကြောင်း သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း ဗြိတိန် အစိုးရအနေနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးတွင် စိုက်လိုက်မတ်တပ် အားပေးကူညီခဲ့သောကြောင့် ကျေးဇူးတင်ကြောင်း ပြန်လည် ပြောကြားသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။ Read more Add comment (0) Hits: 1199

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: