ဧရာဝတီမှ သတင်းတိုများ ၁၅.၁၁.၂၀၁၀

သတင်းတိုများ

NDF က ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် ကြေညာချက် ထုတ်ပြန်

ယနေ့ NDF ပါတီက ထုတ်ပြန်သည့် ကြေညာချက်တွင် NDF ပါတီက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့်အတွက် ဝမ်းသာကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဒီမိုကစီ အင်အားစုများနှင့် လက်တွဲ ဆောင်ရွက်သွားမည့် အရေးကို ကြိုဆိုကြောင်းနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် ဒေါ်အောင်ဆန်း စုကြည် ကြိုးပမ်းရာတွင် NDF ကလည်း ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ပါရှိသည်ဟု သိရသည်။ Read more Add comment (0) Hits: 1395
သတင်းတိုများ

ဘုရားသုံးဆူသို့ နအဖ စစ်ကူ တပ်များပို့နေ

ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူ ၌ DKBA နှင့် ဖြစ်ပွားနေ သော တိုက်ပွဲသို့ နအဖ ဘက်မှ စစ်ကူပေးရန် ခမရ ၄၀၅ စစ် ကြောင်း ၂ နှင့် ခမရ ၄၁၀ စစ်ကြောင်း ၁ စသည့် စစ်ကြောင်း ၂ ကြောင်း ယမန်နေ့က ရောက်ရှိလာကြောင်း၊ ယခင်က ဘုရားသုံး ဆူတွင် နအဖ စစ်သား ၁၂၀ ခန့်ရှိပြီး ယခု စစ်ကူများရောက်လာ သောအခါ အင်အား ၃၀၀ ၀န်းကျင်ရှိနိုင်ကြောင်း သိရသည်။ DKBA တပ်ဖွဲ့ဝင်များမှာ ဘုရားသုံးဆူမြို့နယ် မက်ကသာရွာ တွင် ခြေကုပ်ယူထားကြောင်း၊ အပြန်အလှန် ပစ်ခတ်မှုမရှိသေး ကြောင်း လည်း ထိုင်း ထောက်လှမ်းရေး တဦးက ပြောသည်။ Read more Add comment (0) Hits: 913
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပြည်နယ်နှင့် တိုင်း ကိုယ်စားလှယ်များ ယနေ့တွေ့

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပြည်နယ်နှင့် တိုင်း ကိုယ်စားလှယ်များ ယနေ့ တွေ့ဆုံရာ အဆိုပါ ကိုယ်စားလှယ်များက ရွေးကောက်ပွဲ တရားမမျှတမှု၊ မဲလိမ်၊ မဲခိုးမှုများ ရှိခဲ့သည့် အကြောင်းကို တင်ပြခဲ့သည်ဟု သိရသည်။ ဒေါ်အောင်ဆန်း စုကြည်ကလည်း NLD သည် ယခုအထိ ဥပဒေကြောင်း အရ တရားဝင်ပါတီ ဖြစ်ကြောင်း၊ NDF ကို ဒီမိုကရေစီ လိုလားသည့် ပါတီများထဲက တခုဟု ယူဆ၍ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည် ပြောကြားသည်ဟု သတင်းရရှိသည်။ Read more Add comment (0) Hits: 600
သတင်းတိုများ

ဝေါ်လေ တွင် စစ်အစိုးရနှင့် DKBA တိုက်ပွဲဖြစ်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေ ဒေသတွင် ယမန်နေ့က စစ်အစိုးရနှင့် DKBA တိုက်ပွဲကြောင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ် တဖက်ကမ်းသို့ ဒုက္ခသည် ၃၀၀ ခန့် ထွက်ပြေး တိမ်းရှောင်လာကြောင်း ထိုင်း ဒေသဆိုင်ရာ အုပ်ချုပ် ရေး အဖွဲ့နှင့် နီးစပ်သူ တဦးက ပြောသည်။ ထိုင်းအာဏာ ပိုင်များ အနေဖြင့် တိုက်ပွဲအခြေအနေကို စောင့်ကြည့် နေပြီး ဒုက္ခသည် များကို ယာယီ ခိုလှုံခွင့်ပေးထား ကြောင်း၊ ယမန်နေ့ည တိုက်ပွဲသည် မြ၀တီနှင့် ဘုရားသုံးဆူ ဒေသများတွင် ဖြစ်ခဲ့သော တိုက်ပွဲများ၏ နောက် ဆက်တွဲ ဖြစ်သည်။ Read more Add comment (0) Hits: 864
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်သတင်း စိစစ်ရေးက ကန့်သတ်

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့် နေ့၊ အချိန်၊ အကြောင်းအရာ၊ ဓာတ်ပုံ စသည်တို့ကို ပြည်တွင်း မီဒီယာများတွင် လွတ်လပ်စွာ ဖော်ပြခွင့်မရှိဘဲ ကန့်သတ်ထားကြောင်း ဂျာနယ် အသိုင်းအဝန်းမှ စုံစမ်းသိရှိရသည်။ ထို့အပြင် ဒေါ်အောင်ဆန်း စုကြည်၏ မိန့်ခွန်းထဲမှလည်း အကောင်းမြင်သော ပြောကြားချက် အနည်းငယ် ကိုသာ ခွင့်ပြုပြီး ပြည်သူလူထု အနေဖြင့် နိုင်ငံရေးနိုးကြားရန် အစရှိသည့် အချက်များကို ခွင့်မပြုကြောင်း သတင်း ရရှိသည်။ Read more Add comment (0) Hits: 1015
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် NLD ဥပဒေပြုအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် NLD ရုံးချုပ်သို့ ရောက်ရှိနေပြီး  NLD ဥပဒေပြု အဖွဲ့နှင့် တွေ့ဆုံ၍ ဥပဒေရေးရာများကို ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရသည်။ ထို့နောက် ပြည်နယ်နှင့် တိုင်း အသီးသီးမှ NLD ခေါင်းဆောင်များ နှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း NLD ခေါင်းဆောင် တဦးဖြစ်သည့် ဦးအုံးကြိုင်က ပြောသည်။ Read more Add comment (0) Hits: 622

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: