တရားမ၀င် တရုတ်အလုပ်သမားများ ကချင်ပြည်နယ်တွင်းမှ ပြန်လာရန် ညွန်ကြား

တရုတ် – မြန်မာနယ်စပ် ကချင်ပြည်နယ်အတွင်း တရားမ၀င်အလုပ်လုပ်ကိုင်နေသော တရုတ်များကို ယခုလ ၁၅ ရက်နေ့ နောက်ဆုံးထား နေရပ်ပြန်ရန် တရုတ်နိုင်ငံမှ ယခုလ ၁၁ ရက်နေ့က ညွန်ကြားချက်ထုတ်ထားကြောင်း သိရသည်။

ယခုလအတွင်း ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်အတွင်းရှိ ငှက်ပျောခြံစိုက်ပျိုးရေး အလုပ်သမား တရုတ်များနှင့် မြန်မာ အလုပ်သမားများ ခိုက်ရန်ဖြစ်ပွားပြီးနောက် ယခုလို ညွန်ကြားချက်ထုတ်ခြင်း ဖြစ်ကြောင်း သိရသည်။

၁၁ ရက်နေ့က လက်မှတ်မရှိဘာမရှိ တရားမ၀င်အလုပ်သွားလုပ်တဲ့ တရုတ်တွေကို ၁၅ ရက်နေ့နောက်ဆုံး နေရပ်ပြန်လာ ဖို့ ဒီနောက်ပိုင်းပြန်မလာရင် တာဝန်မယူဘူးပေါ့ ” ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ကချင်ပြည်နယ်အတွင်း၌ နာဂစ်ဆိုင်ကလုံးမုန်တိုင်းတိုက်ခိုက်ပြီး နောက်ပိုင်း ဧရာဝတီတိုင်းဘက်မှ မြန်မာများနှင့် တရုတ် အလုပ်သမာစး ထောင်နှင့်ချီအလုပ်လုပ်ကိုင်လျှက်ရှိကြောင်း သိရသည်။

နအဖဘက်က အဲလိုညွန်ကြားချက် အရင်ထုတ်တယ်လို့ သိရတယ် အဲဒီနောက်မှ တရုတ်ကထုတ်တာပါ နအဖဘက်က ညွန်ကြားချက်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးဘူး ” ဟု စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

ဧရာဝတီမြစ်အထက်ပိုင်း ဆင်ဘိုနယ်တစ်ဝိုက်တွင် နအဖစစ်တပ်အင်အား တိုးချဲ့ချထားကြောင်း ဒေသခံသတင်းရပ်ကွက် အဆိုအရ သိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: